အပိုင်း ၂၉၂ ငါတို့ အတူဆိုရင်ရော ဘယ္လိုလဲ
မာဂရက္က သူ ပြောတာကို ကြားတော့ လုဇြီကို လှည့်ကြည့်လာခဲ့ပေမယ့် ဘာမွေတာ့ မပြောလာပါပေ။အတန်ငယ် တိတ်ဆိတ်ပြီးနောက် လုဇြီ ပြောလိုက်သည်။
စီနီယာ အကို ကျွန်တော်တို့ ဒီအကြောင်းကိုပဲ ကျောင်းကို ပြန်သတင်းပို့မှာ မဟုတ္လား။ ဓားပြတွေအကြောင်းနဲ့ ထူးဆန်းတဲ့သူအကြောင်း ထည့်ပြောရမယ်ထင်တယ်
လီချင်းယွန်က ခေါင်းငြိမ့်ပြလာသည်။
လုဇြီ ပြောတာ မှန်တယ်၊ အခုအခြေအနေအရ သွေးည ဓားမြအဖွဲ့က ထိန်းချုပ်ခံနေရတာ။ ငါတို့တွေတောင် အဲ့ဒိ ထိန်းချုပ်သွားတဲ့သူတွေက ဘာမျိုးစိတ်မှန်း မသိဘူးအယ်ဒွန်ကလည်း ၀င်ပြောသည်။
ဒါကို အရင်သတင်းပို့ရအောင်၊ သူတို့က ခပ်စောစာ အစားခံလိုက်ရတော့ ဘာသတင်း အချက်အလက်မှ ငါတို့ မရလိုက္ဘူး။ ဒါပေမယ့် အဲ့ဒိကောင်တွေက သိပ်ရင်းနှီးတဲ့ မျိုးစိတ်တွေတော့ မဟုတ်လောက်ဘူးထိုမျှ စွမ်းအားကြီးတဲ့ရန်သူတွေတောင် မျက်တောင် တစ်ခတ်အချိန်အတွင်း အစားခံလိုက်ရပေသည်။ အယ်ဒွန်တောင်မှ ထိတ်လန့်မိ၏။
မာဂ၇က္က ခေါင်းငြိမ့်လာသည်။အင်း ငါ ဗိုက်ချုပ်နင်းကို အရင် ဆက်သွယ်လိုက်မယ်၊ သူတို့ဆီက လူပျောက်မပျောက် ကြည့်ရမယ်
မာဂ၇က္က သုံးဖက်မြင် ဆက်သွယ်ရေး ပစ္စည်းကို သုံးလိုက်သည်။ နင်းတလီရဲ့ စိုးရိမ်နေတဲ့ မျက်နှာက ကောင်းကင်တွင် ပေါ်လာ၏။
မာဂရက္က အဲ့ဒိမွန်းစတားသုံးကောင် ဘယ်ရောက်သွားတာလဲ
မာဂရက်လည်း မင်သက်သွားရ၏။ သူမက မေးလိုက်သည်။
ရှင်တို့ မမြင်လိုက်ကြဘူးလားနင်းတလီက ခေါင်းခါသည်။
ဘာကြောင့်မှန်းတော့ မသိဘူး၊ ဖန်သားပြင်က ရပ်သွားသေးတယ်လုဇွီနဲ့ လင်းလင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် အံ့အားတကြီး ကြည့်လိုက်ကြလေသည်။ ဆည်းဆာချိန်စနစ်ကနေ သည်နေရာဟာ အလင်းနှစ် တစ်သောင်းနီးပါး ဝေးပေသည်။ ယင်ယင်က ဆည်းဆာချိန် စနစ်မှာသာ ရှိသည်က သေချာနေပေ၏။ ဒါကို ဘယ္လိုမ်ား ဒီကို ရောက်လာပြီး ၀တ်စုံနက် မွန်းစတားတွေကို စားသြားခဲ့တာလဲ။