အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၂၉ နန်ကုန်းကျင်းကတော့ တကယ့်လူပဲ
အစည်းအဝေးခန်း တစ္ခုလုံး တိတ်ဆိတ်နေခဲ့သည်။ လူအုပ္က မွေးရာပါ ပါရမီရှင်တွေကိုသာ ကြည့်နေကြသည်။ အချို့သူတွေက စိတ်ရှုပ်ထွေးစွာ ကြည့်သည်။အချို့သူတွေက ကံမကောင်းခဲ့တဲ့ အတွက် ညည်းညူနေကြသည်။ သူတို့က လုဇွီတို့နဲ့ တဖွဲ့ထဲ မဟုတ်ခဲ့တာက တကယ့် ကံဆိုးမှုကြီးဖြစ်ပေသည်။
အနာဂတ်တွင် သူတို့က တစ်ခန်းထဲဖြစ်လို့ ထိတွေ့ဆက်ဆံမှု ပိုမ်ားလာဖို့ မျှော်လင့်သည်။ ထိုအခါ သူတို့ချင်း ရင်းနှီးလာပြီး ကံကောင်းမှုတွေ ရောက်၇ှိလာဖို့ မျှော်လင့်နေကြသည်။
နန်ကုန်းကျင်း:"စစ်ဆေးတာကို မအောင်မြင်တဲ့ သူတွေက သာမန်အတန်းကို အဆင့်ချ ခံရမယ်
လေးရက်နေရင် ဗဟိုအစိုးရ တက္ကသိုလ်ကို ငါတို့ရောက်မယ်။ မင်းတို့တွေ ဒီအတောအတွင်း လုပ်ချင်တာ လုပ်နေလို့ရတယ်။ အချင်းချင်း ရင်းနှီးအောင် လုပ္ထားတာက ပိုကောင်းမယ်။ ကောင်းပြီ အစည်းအဝေးပြီးပြီ
နန်ကုန်းကျင်းရဲ့ စကားဆုံးတဲ့အခါ အားလုံးက လုဇြီကို တောက်ပစွာ ကြည့်လာကြသည်။ ဒီတစ်သုတ်တွင် လုဇြီက အစွမ်းထက်ဆုံး ဖြစ်သည်။ ဒုတိယနှစ်တွေတောင်မှ သူ့လောက် အစွမ်းမထက်ဘူးလို့ ခံစားနေကြရ၏။ အနာဂတ်တွင် လူတိုင်းက တစ်တန်းထဲ တက်ကြရမှာဖြစ်ကာ သူ့အကြောင်းလည်း ပိုသိလာကြရတော့မည်ဖြစ်သည်။
နန်ကုန်းကျင်းနဲ့ လျှိုပင်းချင်းတို့ ထြက္သြားမွ အခန်းထဲရှိ လေထုက ပေါ့ပါးသွားခဲ့သည်။ အဆင့်ချခံလိုက်ရတဲ့ နှစ်ယောက်ကို မရေမတွက်နိုင်တဲ့ လူတွေက ဝိုင်းနှစ်သိမ့်ပေးနေကြသည်။တစ်ခါလေး မှားသွားတာလောက်က အားလုံးရဲ့ စည်းလုံးမှုကို မပျက်ဆီးစေနိုင်ပါပေ။ လူသစ်တွေထဲတွင်လည်း အဆင့်ချ ခံရသူ ၁၂ယောက်၇ှိသည်။ လေထုက မငြိမ်မသက်တော့ ဖြစ်နေသည်ပေ။ ထို့နောက် သူတို့က ချက်ချင်း ထကာ ထွက်ခွာသွားကြသည်။
အားလုံးလည်း ထရပ္ကာ အဆောင်ပြန်ကြသည်။ လမ်းတစ်လျှောက်တွင် လူသစ်တွေက လုဇွီတို့အဖွဲ့ကို မိတ်ဆတ်နေကြပေသည်။ လုဇြီက သူ့ကို နှုတ်ဆတ်လာသမျှကို ပြုံးကာ ပြန်နှုတ်ဆတ်သည်။