အနာဂတ်ခရီးသည်
ဘာသာပြန်သူ-Palace of novels
အပိုင်း ၂၀၅ နောက်ဆုံးရ သတင်း
လုဇြီ ထရပ္ကာ အခန်းပြင်ထွက်လိုက်သည်။
ယဲ့မူတို့တွေက လျှောက်လမ်းတွင် ရပ်စောင့်နေတာကို သူတွေ့လိုက်ရသည်။ သူတို့တွေလည်း သတင်းရပြီးပုံရသည်။
သူတို့တွေ ကြည့်ရသည်မှာ တစ်စုံတစ်ရာကို ဆွေးနွေးနေပုံရပါ၏။ လုဇြီ ထွက်လာတာကိုမြင်တော့ ယဲ့မူက ပြုံးသည်။
ဇြီ သူတို့တွေ ငါတို့ကို ဘာဆုချမယ်လို့ထင်လဲ
လုဇြီ မင်သက်သွားသည်။နန်ကုန်းကျင်းက သူတို့ကို ရွေးချယ်စရာ သုံးခုပေးခဲ့သည်။ သူတို့တွေကတတိယတစ်ခုကို ရွေးခဲ့ကြသည်။ ထို့ကြောင့် ဆုက ပိုမြင့်သွားမှာ သေချာပေသည်။
လုဇွီရဲ့ဖျော်ဖြေခဲ့မှုကလည်း မေးခွန်းထုတ်စရာပင် မလိုခဲ့ချေ။ယဲ့မူတို့တွေလည်း ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပေသည်။ ထို့ကြောင့် သူတို့ရဲ့ဆုလာဘ်ကလည်း သေချာပေါက် များပြားရပေမည်။
ထိုသုံးယောက်က ဒီအတွက် အတော်ကို စိတ်လှုပ်၇ှားနေပုံရသည်။
ဆုလာဘ်တွေအပြင် သိုင်းဆိုက်တွင် သဘောကျနှစ်သက်သည်တို့ကို ရွေးချယ်၀ယ်ယူနိုင်မည့် အခွင့်အရေးတွေလည်း ရလောက်ပေသည်။
ထိုသို့၀ယ္ဖို့ကေတာ့ ဗဟိုအစိုးရတက္ကသိုလ်ရဲ့ ကာကွယ်ရေးအမှတ်တွေ လိုအပ်သည်။
လုဇွီတောင်မှ အတော်မျှော်လင့်နေသည်။ သူသိုင်းဆိုက်တွင် နောက်တစ်ကြိမ် ၀င်ကြည့်ချင်နေပြီ။
သူ တစ်ကြိမ်၀င်ရောက်ဖူးခဲ့ကာ ဝိဉာဉ်စွမ်းအင်ထိန်းချုပ်ခြင်း အတွေ့အကြုံစာအုပ်ကို ၀ယ်ခဲ့ပေသည်။ထိုအရာက သေမျိုးဆင့်ကဲပြောင်းလဲခြင်းအဆင့်ရှိသည်။ သူ ကာကွယ်ရေးအမှတ် တစ်သောင်းပေးခဲ့ရ၏။
ထိုအချိန်ကတည်းက ထို၀က္ဆိုက္က သူ့ခေါင်းထဲ နေရာယူထားခဲ့ခြင်းဖြစ်သည်။
သူက အရမ်းဆင်းရဲနေတယ်။
သိပ်မကြာခင်အချိန်က ကာကွယ်ရေးအမှတ် ၈သောင်းရထားပေမယ့် ဒီတစ်ကြိမ်နဲ့ပါဆိုရင် လုဇြီ သူဌေးဖြစ်လောက်ပေပြီ။
![](https://img.wattpad.com/cover/251847730-288-k595524.jpg)
YOU ARE READING
အနာဂတ်ခရီးသည် ဒုတိယတြဲ
Pertualanganလုဇွီဒုတိယတွဲဖြစ်ပါတယ်။ အခန်း201ကစတင်ထားပါတယ်ခင်ဗျ