အခန်း265

164 24 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၆၅ အရှင်သခင် လေးပါး

ကြင်နာတတ်တဲ့ လူတစ်ယောက် ဖြစ်တဲ့သူက ဒီသားရဲကို လျှပ်စီးတွေ နာကျင်မှုတွေကနေ သက်သာအောင် သူက လုပ်ပေးရမှာပေါ့။ ထိုနေရာရှိ ဖွတ်ကြီးက ဖုန်မှုန့်တွေအဖြစ်ပြောင်းလဲသွားခဲ့ကာ အနီရောင်အလင်းလုံးခြောက်လုံး၊ ခရမ်းရောင် အလင်းလုံးသုံးလုံးနဲ့ မီးခိုးရောင်နတ်စွမ်းအင် အလင်းလုံး တစ္လုံးကို ချန်ရစ်ပေသည်။ သို့သော် နတ်သိုင်းအပိုင်းအစကိုတော့ ချန်ရစ်ခြင်း မပြုခဲ့ပေ။
လုဇြီ မျက်မှောင်ကြုတ်လိုက်၏။ ဘာလို့ ဒီခေါင်းဆောင်တွေက နတ်သိုင်းတွေ မချန်ပေးတာလဲ။
မည်သို့ဖြင့်ဆိုစေ လုဇြီ က်ားနက္ကို သတ်ခဲ့တုန်းက ပထမအဆင့် အကာအကွယ် နတ်သိုင်း အပိုင်းအစကို ရခဲ့ပေသည်။ ထို့ကြောင့် သားရဲ ခေါင်းဆောင်တိုင်းက ထိုကဲ့သို့ နတ်သိုင်းမျိုးကို ထုတ်လုပ်ပေးနိုင်တယ်လို့ သူ ထင်မိခဲ့ခြင်း ဖြစ်ပေ၏။ ဒါက ကံကောင်းမှုနဲ့ ဆိုင်တာလား။
လုဇြီ အလင်းလုံးတွေကို ကောက်ကိုက်သည်။ ထို့နောက် နတ်သိုင်း မရတာတောင်မှ သူက ကျေနပ်သွားလေ၏။
လုဇြီက ပတ်ဝန်းကျင်ကို တစ်ချက် ထပ်ကြည့်လိုက်သည်။ ဒီထက်ပိုပြီး ထပ်ရှိနေနိုင်သေးတယ်။
လုဇြီက ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ဂရုမစိုက်တော့ပေ။ သူ အကျိုးကျေးဇူး ရနေသမျှ အဆင်ပြေတယ်လို့ ခံစားနေရသည်။ ထို့နောက် လျင်မြင်စွာ ဖြတ်သန်းသွားခဲ့ကာ ပတ်ဝန်းကျင်ကို လိုက်ရှာတော့သည်။
သိပ်မကြာခင်အချိန်တွင်ပင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေသည့် မီးခိုးရောင် ကျားသစ်တစ်ကောင်ကို တွေ့လိုက်ရသည်။ ပျော်ရွှင်စွာနဲ့ သူက ပို့ဆောင်ပေးလိုက်ကာ အနီရောင် အလင်းလုံး ငါးလုံး၊ ခရမ်းရောင် အလင်းလုံး သုံးလုံးနဲ့ ပြန်လည်ကုစားခြင်း နတ်စွမ်းအင် အလင်းလုံး တစ္လုံးကို ရရှိပေသည်။
သားရဲခေါင်းဆောင်တိုင်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေကြကာ လျှပ်စီး နတ်စွမ်းအင်ကြောင့် ဖြစ်ထားပုံရ၏။ လုဇြီ ခန့်မှန်းကြည့်လိုက်သည်။
လျှပ်စီး စစ်မြင်းက လွဲပြီး ကျန်တဲ့သူတွေ အားလုံးက မဟာ ယုန်ဖြူကြီးရဲ့ နတ်စွမ်းအင်ကြောင့် ဒဏ်ရာရနေတာ ဖြစ်လောက်ပေသည်။ စစ်မြင်းကိုတော့ ဘာကြောင့်ဖြစ်မှန်း သူမသိပါပေ။ ထို့ကြောင့် မဟာယုန်ဖြူခေါင်းဆောင်ကပဲ သူ့ကို လုပ်ခဲ့ကြောင်း သူ ခန့်မှန်းလိုက်တော့သည်။
လုဇြီ စိတ်ရှုပ်သွား၏။ ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ။ သိပ်မကြာခင်အချိန်တွင်ပင် လုဇြီ တွေးတောတာကို လက်လျှော့လိုက်သည်။ သူ့အတွက် အကျိုးအမြတ် ရနေသမျှ အဆင်ပြေနေပါ၏။ ထို့နောက် လုဇြီက ပျော်ရွှင်စွာနဲ့ ဒဏ်ရာရနေတဲ့ သားရဲ ခေါင်းဆောင်တွေကို လိုက္သတ္ကာ အကျိုးအမြတ်တွေ စုဆောင်းနေတော့သည်။
နာရီဝက်ကြာပြီးနောက် လုဇြီက ပျော်ရွှင်စွာနဲ့ နောက်ထပ်ဒဏ်ရာရနေတဲ့ လျှပ်စီးစစ်မြင်း ခေါင်းဆာင်ကို တွေ့လိုက်သည်။ ဒါ့အပြင် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရနေတဲ့ ကျားနက် ခေါင်းဆောင်ကိုလည်း တွေ့ခဲ့ရ၏။ လုဇြီက အရူးလို  ရယ်နေတော့သည်။ အာ သူ ဘယ္လို လုပ်ရမလဲ။ သူ့ ကံက အရမ်းကို ကောင်းနေတော့တာပဲ။
ဖြစ်နိုင်တာက သူမ်ား အရမ်း ချောနေလို့များလား။ လုဇြီ သူ့မျက်နှာသူ ထိကာ တွေးတောနေခဲ့သည်။ ထို့နောက် နောက်ထပ် နယ်မြေတစ်ခုကို သွားလိုက်၏။ အခွင့်အရေးက အမြဲတမ်း လာနေတာမဟုတ်တော့ သူ သေချာပေါက် ဖမ်းဆုပ်နိုင်အောင် လုပ်ရမှာပေါ့။
ခြိမ်း။
ဝေါင်း။
ရီး။
အန်း။
အား။
လုဇြီက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ သားရဲတွေအားလုံးကို ကောင်းကင်ဘုံ ရောက်အောင် ပို့ဆောင်ပေးလိုက်သည်။ ထိုအခိုက် ပြင်းထန်တဲ့ အော်ဟစ်သံတွေကို အဝေးတစ်နေရာမှ ကြားလိုက်ရ၏။ အသံက လေးသံပါပေ။
ဒါ့အပြင် ကြောက်မက်ဖွယ် ကောင်းလွန်းတဲ့ ချီးစွမ်းအင်တွေက လေထုထဲ ထိုးတက်လာတာကိုလည်း လုဇြီ ခံစားနေလိုက်ရ၏။ သူ ဒါကို ခံစားမိတာနဲ့ ထိုဘက္သို့ ကြည့်လိုက်တော့သည်။ သလင်းရောင် ကြည်လင်နေတဲ့ကောင်းကင်က ချက်ချင်းပင် တိမ်မဲတွေနဲ့ ပြည့်နှက်သွား၏။
ဒါ့အပြင် မိုးကုတ်စက်ဝိုင်း တည့်တည့်မှ လျှပ်စီးတွေ တလက်လက် ပစ်ချခံလိုက်ရတာကို မြင်နေရသည်။ တစ်ချိန်တည်းတွင်ပင် လေပြင်းတွေ တိုက္ခိုက္လာသလို အနက်ရောင်နဲ့ မီးခိုးရောင် အလင်းတွေကလည်း တဖျတ်ဖျတ် လက်လာခဲ့သည်။ လုဇြီ မယုံနိုင်သလိုဖြစ်သွား၏။ ဘာတွေ ဖြစ်ကုန်တာလဲ။
ငှက်ပြာခေါင်းဆောင်နဲ့ အျခား ခေါင်းဆောင်တွေလား။ မ ဖြစ်နိုင်လိုက်တာ။ ဒီစွမ်းအားက ဒီလောက် ကြောက်မက်ဖွယ် ကောင်းမနေသင့်ဘူးလေ။
အနည်းဆုံး ကီလိုမီတာ ရာကျော် ဝေးကွာနေမှာပဲ။ ငှက်ပြာကြီးမှာ ဒီလောက် စွမ်းအားတွေ ရှိမနေသင့်ဘူး မဟုတ္လား။ ဒါက သေမျိုးဆင့်ကဲ ပြောင်းလဲခြင်း အဆင့်တောင် မဟုတ္လား။
အျခား ခေါင်းဆောင်တွေထက်တောင်မှ အပြတ်အသတ်သာနေပြီလေ။ သူတို့ ဘာလို့ တိုက်ခိုက်နေကြတာလဲ။
လုဇြီ မျက်မှောင် ကြုတ်လိုက်သည်။
သိပ်မကြာခင် အချိန်တွင်ပင် သူ့ဆံပင်မွှေးတွေပါ ထောင်ထသွားကာ ချက်ချင်းပင် ထွက်ပြေးတော့သည်။ တိုက်ပွဲနယ်မြေက သူ့ဆီကို ရွေ့လာနေတယ်။
လုဇြီ ကြောက်အားလန့်အားနဲ့ တိုက်ပွဲနယ်မြေကို ရှောင်ရှားဖို့အတွက် တတ်နိုင်သမျှ ထွက်ပြေးလေတော့သည်။ သူ ထွက်ပြေး လွတ်မြောက်ဖို့သာ မျှော်လင့်နေ၏။ လုဇြီ ပြန်လှည့် ကြည့်လိုက်တဲ့အခါ မျက်နှာက ရှုံ့မဲ့သွားရသည်။ မြန်လိုက်တာ။
သူ့ရဲ့အရှိန်နဲ့တောင်မှ ရှောင်နိုင်ရုံမျှသာ ဖြစ်ခဲ့သည်။ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ သားရဲတွေကို ကောက်ချင်ရုံပဲလေ။ ဘာလို့ သူနဲ့ လာရှုပ်ရတာလဲ။
လုဇြီ အံကြိတ်ကာ ခွန်အား ခုနစ္ဆ တိုးလိုက်သည်။ သို့သော် တိုက်ပွဲနယ်မြေက ရောက်ရှိလာတဲ့အခါ လုဇြီရဲ့ မျက်နှာက ဆိုးရွားသွားသလို ရှုံ့မဲ့သွားရ၏။
တိုက်ပွဲနယ်မြေက ကီလိုမီတာ တစ်ရာအတွင်း သိမ်းပိုက်သွားနေခဲ့သည်။
ရုတ်တရက် လုဇွီရဲ့မျက်လုံးတွေ တောက်ပလာ၏။ သူက နောက်ထပ် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ သားရဲခေါင်းဆောင် တစ်ကောင်ကို သူ့ရဲ့ရှေ့တွင် တွေ့လိုက်ရသည်။ သူ ချက်ချင်း တတ်စွမ်းသမျှ စွမ်းအား အကုန္သုံးကာ ပြေးသွားလိုက်၏။ သူ သေရမယ်ဆိုရင်တောင်မှ ဒီသားရဲခေါင်းဆောင်ကိုတော့ အရင်ဆုံး သတ်သွားချင်သေးတယ်။ ဒါမွ တန်တော့မှာပေါ့။
၅ ကီလိုမီတာ အေဝးသို့ ရောက်လာတဲ့အခါ လုဇြီက တွင်းနက်ကို တွေ့လိုက်ကာ ခုန္ခ် လိုက်တော့သည်။ ထိုနေရာတွင် မီးခိုးရောင် ဖွတ်တစ်ကောင်က လဲကျနေတာကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ လက်သီးနဲ့ ထိုးလိုက်တော့သည်။
ခြိမ်း။
ခေါင်းဆောင်က လျင်မြန်စွာဖြင့် ဖုန်မှုန့်အဖြစ် ပြောင်းသွားခဲ့သည်။ လုဇြီက အနီရောင် အလင်းလုံး ခြောက်လုံး၊ ခရမ်းရောင် အလင်းလုံး သုံးလုံးနဲ့ ပြန်လည်ကုစားခြင်း နတ်စွမ်းအင်အလင်းလုံး တစ္လုံးကို ကောက်ယူလိုက်သည်။ ထိုအခိုက် တိုက်ပွဲနယ်မြေက နီးကပ္လာခဲ့၏။
သူ ချက်ချင်းပင် တွင်းထဲကို ဝင်ပုန်းလိုက်သည်။ သူ့ရဲ့ချီခိုးယူခြင်းသိုင်းကို သုံးလိုက်သေး၏။ သားရဲခေါင်းဆောင်တွေက ဒီငချွတ်လေးကို စိတ်ထဲမရှိဖို့ပဲ သူမျှော်လင့်နေခဲ့သည်။
သူ မော့ကြည့်လိုက်တဲ့ အခိုက်အတန့် တိုက္ပြဲကို မြင်လိုက်ရသည်။ တိုက္ပြဲကို မြင်လိုက်ရတဲ့ အချိန်မှာပင် သူ့ရဲ့မျက်လုံးတွေက ပြူးကျယ်သွားရ၏။
လုဇြီက သားရဲလေးကောင်ကို ကြည့်လိုက်သည်။ သားရဲလေးကောင်က ယုန်နောက်က အသည်းအသန် လိုက်ဖမ်းနေခဲ့၏။ အလွန်ကြီးမားသည့် မီးခိုးရောင် ဖွတ်ကြီးကိုလည်း တွေ့ရသလို လျှပ်စီးစစ်မြင်းကိုလည်း မြင်ရသည်။
ဒါ့အပြင် နဂိုထက်၂ဆရှိသည့် ဌက်ပြာကြီးကိုလည်း တွေ့ရပေသည်။အတောင်က လေးဘက်ဖြစ်ကာ နှစ်ကောင်အလားထင်ရစေသည်။လောကရဲ့လေစွမ်းအင်တွေအားလုံးက ထိုငှက်ပြာကြီးကို ဝိုင်းနေခဲ့ကာ လုဇွီတောင်မှ မြေပြင်တွင် ဝပ်နေခဲ့ရသည်။
သူက မြေကြီးကို တင်းတင်းဖက်ထားရကာ တတ်စွမ်းသမျှအားသုံးကာ ခုခံနေရ၏။ မဟုတ်ပါက သူလွင့်ထွက်နိုင်ပေသည်။
ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ သားရဲအချို့ကို လေထဲမြောက်တက် ကုန္တာကို တွေ့ရသည်။ မြေကြီးတွေတောင်မှ အပိုင်းအစ ဖြစ်ကုန်၏။ လုဇွီရဲ့နှလုံးသားက ကျိုးပျက်သွားသယောင် ခံစားရသည်။ ဒါက သူ့ရဲ့ရှေ့တွင် ဖြစ်ပျက်နေခြင်း ဖြစ်၏။
ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ သားရဲဆယ့်ငါးကောင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတာကို သူ တွေ့လိုက်ရသည်။သူ့ရဲ့လေနတ်စွမ်းအင်က စွမ်းအားကြီးမနေခဲ့လို့ သူ့အနေနဲ့ပြေးလွှားပြီး အလင်းလုံးတွေရအောင် လုပ်နိုင်စွမ်း ရှိမနေခဲ့ပေ။
ကျားသဏ္႑ာန်ရှိတဲ့ အနက်ရောင် ကျားနက်ခေါင်းဆောင်ကြီးက အနက်ရောင်၊ သလင်းရောင်အလင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့သည်။ ဒါ့အပြင် သတ္တုရောင် အလင်းတွေကလည်း တလက်လက် လက်နေခဲ့သေး၏။ ထိုကျားကြီးကို မြင်လိုက်တော့ လုဇြီ ပင့်သက်ရှိုက်လိုက်သည်။ အရှင်သခင်ပဲ။ ဒီလေးကောင်လုံးက အရှင်သခင်အဆင့်တွေပဲ။
လုဇြီက နတ်စွမ်းအင်ကို ပိုင်ဆိုင်သည့် သားရဲတွေကို မြင်ဖူးပေမယ့် အခုလောက်အထိ မဟာဆန်တဲ့ သားရဲတွေကိုတော့ မတွေ့ခဲ့ဖူးပေ။ ဦးချိုပါတဲ့ ခြငေ်္သ့ထီးကြီးလိုပင် လုဇြီ ထိုသတ္တဝါတွေကို လေးစားသွားရသည်။ သူ အသက်တောင် မရှူရဲတော့ဘူး။
အကြည့်တွေနဲ့တင် ထိုမဟာခေါင်းဆောင် လေးကောင်လုံးက သေမျိုးဆင့်ကဲ ပြောင်းလဲခြင်း အဆင့် အနည်းဆုံးရှိမယ်မှန်း သူ သိလိုက်ရသည်။ လုဇြီ စိတ်ရှုပ်သွား၏။ ဘာလို့ ဒီအရှင်သခင်တွေက ယုန်နောက်ကိုလိုက်နေရတာလဲ။ အဲ့ဒီယုန္က ဒီလောက်သန်မာသေးလို့လား။
လုဇြီက ယုန္ကို ကြည့်နေလိုက်သည်။ အမွှေးဖြူတွေမှာ သွေးတွေ ထွက်နေခဲ့သည်။ သို့သော် ချီတွေကတော့ စွမ်းအားကြီးနေဆဲ ဖြစ်၏။ ဒီယုန္ကို လုဇြီ မယုံနိုင်သလိုဖြစ်နေခဲ့သည်။ သူ့ရဲ့ စိတ်ထဲတွင်တော့ ပထမမြေပုံတွင်တွေ့ခဲ့ဖူးသည့် ယုန်တွေကို ပြန်သတိရလိုက်သည်။ ဒီယုန္ကေရာ ဘာယုန်ဖြစ်လောက်လဲ။ ဒီမဟာယုန္က အရမ်းကို စွမ်းအား ကြီးလွန်းနေတယ်။
ထိုအခိုက် ထိုယုန္က လုဇြီရဲ့ ချီကို သတိထားမိသြားပုံရကာ သူ့အား ငုံ့ကြည့်လာခဲ့သည်။ ချက်ချင်းပင် သူ့ရဲ့ခေါင်းမှ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရကာ သူ့ရဲ့မြင်ကွင်းက မဲမှောင်သွားခဲ့သည်။
သူပြန်သက်သာသွားတဲ့ အချိန်တွင်တော့ အပြင်ဘက်ကို ပြန်ရောက်နေခဲ့ပြီ။ သူ သွေးတောင်မှ အန်လိုက်ရသေး၏။
သားရဲခေါင်းဆောင် လေးကောင်ဆီကတောင်မှ သူ့ကို မမြင်ဘူး၊ သူ လုံခြုံခဲ့တယ်။ ဒါကို ဒီသောက်ယုန်က သူ့ကို မြင်သွားခဲ့သေးတယ်ပေါ့။ လုဇြီ ခေါင်းကုတ်လိုက်သည်။ စိတ်စွမ်းအား နတ်စွမ်းအင် ပိုင်ဆိုင်တဲ့ ခေါင်းဆောင်များဖြစ်နေလို့လား။ လုဇြီ ဆြံ့အေနခဲ့၏။
ဒီယုန္က သူ ပထမမြင်ခဲ့ရတဲ့ ငှက်ပြာနဲ့ အဆင့်တူတူလောက်ပဲ ရွိတာပါ။ ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန် တိုးတက္သြားရတာလဲ။
လုဇြီ ယုန်အကြောင်း တွေးတောနေခဲ့သည်။ ဒီယုန္က အဓိက ဇာတ်လိုက်လိုမျိုး ဖြစ်နေမယ်ထင်တယ်။ အဆုံးမွာ ဘယ္သူ နိုင်သွားလဲဆိုတာကို သူ သိချင်လာပြီ။ ဒီယုန္ကေတာ့ လုံးဝ အခွင့်အရေး မရပါစေနဲ့။
နာကျင်မှုတွေ ပျောက်ကွယ်သွားတဲ့အခါ လုဇြီ ပြုံးလိုက်သည်။ သူ ဒီတစ်ခေါက် အကျိုးအမြတ် အတော်ရလိုက်၏။ သူက သူ့ရဲ့စိတ်ကြားခံနယ်မြေကို ဝင်ကြည့်လိုက်ကာ အလင်းလုံးတွေ အားလုံးကို တွေ့လိုက်ရသည်။
အားလုံးပေါင်း အနီရောင် အလင်းလုံး အလုံး၃၀၊ ခရမ်းရောင် အလင်းလုံး ၁၈ လုံးနဲ့ လေစွမ်းအင် အလင်းလုံး ၁ လုံး၊ ပြန်လည်ကုစားခြင်း နတ်စွမ်းအင် အလင်းလုံး ၃လုံးနဲ့ လျှပ်စီး နတ်စွမ်းအင် ၁လုံး၊ ဒါ့အပြင် ပထမနတ်စွမ်းအင် အလင်းလုံး ၁ လုံးကို လည်းရရှိခဲ့ပေသည်။ ဒါက တကယ့် အကျိုးအမြတ်ကြီးပဲ။
ခရမ်းရောင် အလင်းလုံး ၁၈လုံးဆိုတာက သူ့အနေနဲ့ လေတောင်ပံနတ်သိုင်းနဲ့ လျှပ်စီးတောင်ပံနတ်သိုင်း ဒါ့အပြင် လေနဲ့ လျှပ်စီးနတ်သိုင်းကို သင်ယူဖို့တောင် လုံလောက်နေသေးတယ်။
အနီရောင် အလင်းလုံး အလုံး၃၀ကေတာ့ သူ့ရဲ့ ဝိဉာဉ်စွမ်းအင်ကျင့်ကြံခြင်း အဆင့်ကို အလင်းဝင်ပေါက် ဖွင့်လှစ်ခြင်းအဆင့်အထိ လုပ်နိုင်စွမ်း ရှိလောက်တယ်။ အခြားနတ်စွမ်းအင် အလင်းလုံးတွေကတော့ သူ့ရဲ့နတ်စွမ်းအင်တွေ အားလုံးကို တိုးတက်အောင် လုပ်နိုင်တော့မှာပေါ့။
လုဇြီ ရယ်လိုက်သည်။ သူ ဒါတွေအားလုံးကို သုံးစွဲပြီးတဲ့အခါ သူ အရမ်းကို စွမ်းအားကြီးလာတော့မှာပဲ။ သူ နတ်စွမ်းအင်ပိုင်ဆိုင်တဲ့ ခေါင်းဆောင်တွေကိုပါ အမဲလိုက်လာနိုင်လောက်တယ်။
သူ ငှက်ပြာကြီးကို အရင်သွားရှာပြီး ကြိုးစားကြည့်ရမယ်။ သူကအကယ်ဒမီအမှတ် သန်းတစ်ရာ ရမယ္ဆိုတာကို သူ သတိရလိုက်သည်။ ဒါ့အပြင် တာအို ဉာဏ်အလင်းပွင့် ခန်းမကိုလည်း အသုံးပြုခွင့် ရထေသး၏။ ဆိုလိုတာက သားရဲခြောက်ကောင်ဆီက နတ်စွမ်းအင်အပိုင်းအစတွေ မရရင်တောင်မှာ သူ့အတွက် အကျိုးအမြတ် ရှိသေးတာပဲ။
လုဇြီက တိုက်ခိုက်ရေး နတ်စွမ်းအင်သိုင်းမျိုး လိုအပ်နေတယ်။ သူ့အနေနဲ့ ဒီအကယ္ဒမီ အမှတ် သန်းတစ်ရာကို ကောင်းကောင်း အသုံးချရတော့မှာပေါ့။ ရုတ်တရက် သူဘာဝယ်ရမယ်ဆိုတာကို မရွေးချယ်နိုင်တော့ရင် ဘယ္လိုလုပ္မလဲ။
ဒီအကြောင်းအရာကို တွေးမိတော့ လုဇြီက အလောတကြီး မဆုံးဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ အရင်ဆုံး အမူးသမားကို မေးကြည့်ရမယ်။ ဒီလိုဆိုမွေတာ့ သူ အနီရောင် အလင်းလုံးတွေကို အရင်သုံးပြီး သူ့ရဲ့ကျင့်ကြံခြင်း အဆင့်ကို တိုးမြှင့်လိုက်တာက ကောင်းမယ် ထင်တယ်။
ထို့နောက် လုဇြီက ထိုင်လိုက်ကာ မျက်လုံးတွေ မှိတ်လိုက်သည်။ သူ စတင် ကျင့်ကြံလိုက်၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now