အနာဂတ်ခရီးသည်
ဘာသာပြန်သူPalace of novels
အပိုင်း ၂၂၆ စကြာ၀ဌာထဲက အဖိုးတန္ဆုံး လက်နက်
အိပ်ဆောင်နယ်မြေက မသေးပေ။ လက်ရှိတွင် ကျောင်းသားပေါင်း နှစ်ရာရှိနေရာ တစ်ယောက်ကို အခန်းငယ် တစ်ခန်းဆီ ရပေသည်။
အခန်းထဲတွင်တော့ အိပ်ယာနဲ့ စားပွဲလေးသာ ရှိသည်။ ဒါကစစ္တပ္က အဆောင်ခန်းတွေနဲ့ပင် တူသည်။ သို့ရာတွင် သငေ်္ဘာပေါ် ရက်အနည်းငယ်သာ နေရမှာဖြစ်လို့ ပြသနာမရှိပါပေ။
အားလုံးက တိုက်ပွဲနယ်မြေတွင် ပင်ပန်း လာခဲ့ကြတာ ဖြစ်လို့ အဆောင်ခန်းတွေထဲ ၀င်ကုန်ကြသည်။ လုဇွီလည်း အခန်းထဲ၀င်ပြီး အိပ်ယာပေါ် ပစ်လှဲလိုက်သည်။ သငေ်္ဘာကစတင်ထွက်ခွာကာ အာကာသထဲ ပျံသန်းတော့သည်။
လုဇြီ ပြတင်း အပြင်ကို ကြည့်လိုက်သည်။တောက်ပတဲ့ကြယ်စုတွေက အမှောင်ထဲ လင်းလက်နေ၏။ သူချက်ချင်း ထထိုင်ကာ ကျင့်ကြံတော့သည်။ လင်းလင်က သူ့ကို ကျော်အောင် လုပ်ပြမယ်ဆိုတဲ့ အကြောင်းကို သတိရသွားသည်။ သူ့ရဲ့လက်ရှိ စွမ်းအားနဲ့သာဆို တဖက္သူက သူ့ကို ကျော်ဖို့က မဖြစ်နိုင်ပေ။ သို့သော်ထို့ထက်ပို စွမ်းအားကြီးလိုက်လို့လည်း ပြဿနာမရှိနိုင်ပါပေ။
နောက်တစ်နေ့ မနက်
နန်ကုန်းကျင်းက လက်ရွေးစင်တန်းက ကျောင်းသူ၊ကျောင်းသားတိုင်းကို ဧည့်ခန်းထဲကို ခေါ်လိုက်သည်။ လုဇွိတို့တွေက ထိုင်ခုံ အသီးသီးတွင် ထိုင်ရင်း မျှော်လင့်ချက် အပြည့်နဲ့ စောင့်ဆိုင်းနေခဲ့သည်။ရှင်းလင်းစွာပင် ဆုနဲ့ အဆင့်တွေကို ကြော်ငြာတော့မှာ ဖြစ်သည်။ကွေ့ယွီပင်းတို့က အဆင့်ချခံရမှာကို မပူပေ။ သို့သော်ကောင်းကောင်း မလုပ်ဆောင် နိုင်ခဲ့ သူတို့ကေတာ့ စိုးရိမ်နေကြပေ၏။ စင်မြင့်ပေါ်တွင် လျှိုပင်းချင်းနဲ့ နန်ကုန်းကျင်းတို့ ရှိနေသည်။ သူတို့ရဲ့ အမူအယာတွေက အလေးအနက် ဖြစ်နေလေတော့ စင်အောက်က ဘယ္သူကမွ စကား မပြောရဲကြတော့ပေ။
လုဇြီ မျက်နှာမဲ့သွား၏။ နန်ကုန်းကျင်းရဲ့ အလေးအနက်ဖြစ်နေတဲ့ ပုံစံမျိုးကို သူ မမြင်ဖူးပေ။ သူမက အခုမွ ဆရာမ တစ်ယောက်နဲ့ တူတော့သည်။
YOU ARE READING
အနာဂတ်ခရီးသည် ဒုတိယတြဲ
Przygodoweလုဇွီဒုတိယတွဲဖြစ်ပါတယ်။ အခန်း201ကစတင်ထားပါတယ်ခင်ဗျ