အခန်း209

199 31 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၀၉ နန်ကုန်းကျင်းရဲ့ ကြွယ်၀မှု

အသက်မဲ့သွားတဲ့ ကြောင်ကို မြင်တော့ လုဇြီ ပျော်သွားသည်။ ထို့နောက် သူ့ကိုယ်ကလည်း တုန်ယင်လာရပြီ။ ကြောင်သေသွားတာနဲ့ လက်ကျန် စွမ်းအားတွေနဲ့ သူ့ကို တိုက္ခိုက္ဖို့ ရွေးချယ်ခဲ့သောကြောင့် ဖြစ်သည်။သူ့ကိုယ်က မည်းနက်သွား၏။ပြန်လည်ကုစားခြင်း နတ်စွမ်းအင်ကို သုံးလိုက္ကာ သေနေတဲ့ကြောင်ကို ကြည့်နေရင်း သူ့ကိုယ်က သက်သာလာခဲ့သည်။

လျှပ်စီးကြောင်က ဖုန်မှုန့် ဖြစ်သွားကာ အနီရောင်အလင်းလုံး ခုနှစ်လုံးကို ချန်ထားခဲ့သည်။ ထို့နောက် အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်း အဆင့် နတ်စွမ်းအင် အလင်းလုံး နှစ်လုံးလည်း ပါသလို သလင်းလုံး တစ်လုံးလည်း ပါသည်။

လုဇြီ ပျော်ရွှင်စွာနဲ့ ကောက်ယူတော့သည်။
သူ အတော်ကံကောင်းတာပဲ အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်းအဆင့် သားရဲ နှစ်ကောင်နဲ့တောင် တွေ့တယ်။ နတ်စွမ်းအင်လည်း ပါနေသေးတယ်။
တတိယတစ်ကောင်ကိုများ သူ ထပ် တွေ့လောက်သေးလား.
သူ ထီထိုးရတော့မယ် ထင်တယ်..

ထိုအခိုက် အံ့အားသင့်ဖွယ် ဟိန်းဟောက်သံကို လုဇွီကြားလိုက်ရသည်။ ပြင်းထန်တဲ့ လှိုင်းတွေက လေပြင်းတွေထဲ ပေါင်းစပ်ကာ မြက်တွေကိုတောင် တွန်းတိုက်နေတော့သည်။

လုဇြီ လှည့်ကြည့်လိုက်တော့ ဆယ်မီတာမြင့်တဲ့ ကျားနက်ကြီးက တစ္ကီလိုမီတာ အဝေးတွင် သူ့ကို စိုက်ကြည့်နေတာကို တွေ့ရသည်။ ကျားနက်ရဲ့ မျက်လုံးတွေက နက်မှောင်သည်။ ထိုနေရာတွင် ရပ်နေရုံနဲ့ကို ချီစွမ်းအင်တွေက လုဇွီထက် စွမ်းအားကြီးကာ အန္တရာယ်ကို သတိထားမိလာစေသည်။

လုဇြီ:.

သူ ဘာမှပင် မလုပ်ရသေး အမှောင်ထုက ကြိုဆိုလာသည်။ မ်က္လုံး ပြန်ဖွင့်လိုက်တဲ့အခါ အဆောင်ထဲ ပြန်ရောက်နေ၏။

လုဇြီ မျက်နှာကျက်ကိုသာ စိုက်ကြည့်နေမိတော့သည်။

ဟိုတစ်ခေါက် က်ားနက္ကို တွေ့တုန်းက အိပ်ပျော်နေတဲ့ အချိန်မို့လား မသိဘူး အရမ်းချစ်ဖို့ ကောင်းတာပဲ...
နိုးလာတော့ ကြောက်စရာ အရမ်း ကောင်းသွားတယ်။
ခေါင်းဆောင်က အဲ့ဒိနားက ဖြတ်သွားမယ် မထင်ထားဘူး။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now