အခန်း277

133 19 1
                                    

အပိုင်း ၂၇၇ တစ်လကြာပြီးနောက် စွမ်းအား

အမဲလိုက် ကြားခံနယ်မြေတွင် တစ္လတာ လှုပ်၇ှားပြီးနောက် လုဇြီက လေတောင်ပံဖြင့် လေထဲတွင် ၇ပ်နေခဲ့လေသည်။ တောင်ပံတို့တွင် ခရမ်းရောင် လျှပ်စီးတွေ တဖျက်ဖျက် ဖြစ်နေခဲ့၏။

သူ တောင်ပံခတ်တိုင်း လေနဲ့ လျှပ်စီး စွမ်းအင်တို့က သူ့ကိုယ်တွင် ပေါ်လာနေခဲ့သည်။ သူက မီတာ ရာကျော်အထက်တွင် ရပ်နေခဲ့သည့် လေနဲ့လျှပ်စီး နတ်စွမ်းအင် နှစ်မျိုးကို ပိုင်ဆိုင်သည့် ဌက်ကြီးတစ်ကောင်အလား ထင်ရစေသည်။ လေဝဲတွေက တောင်ပံခတ်တိုင်း ဖြစ်တည်နေခဲ့သည်။ စွမ်းအားတွေက အချင်းချင်း လုံးထွေးနေခဲ့၏။

တစ္လတာ ကျင့်ကြံခဲ့မှုက သူ့ကို နတ်သိုင်းနှင့် နတ်စွမ်းအင် နှစ်မျိုးလုံးတွင် တိုးတက်လာစေခဲ့သည်။ သူက လေနဲ့လျှပ်စီး နတ်စွမ်းအင်ကို ကျင့်ကြံပြီးသွားလေပြီ။ အစိမ်းရောင် ကျောက်စိမ်း ဟက်တက်ကွဲသိုင်းကိုလည်း လေ့ကျင့်ပြီးလေပြီ။ ကြယ် လက်သီးကိုတောင် လေ့လာပြီးပြီ ဖြစ်သည်။

သူ့ရဲ့ဝိဉာဉ်စွမ်းအင် ကျင့်ကြံခြင်းအဆင့်က မတိုးတက်လာသေးပေမယ့် ပထမအဆင့် ခန္ဓာ နတ်စွမ်းအင်နဲ့ ပြန်လည်ကုစားခြင်း နတ်စွမ်းအင်တို့က ကြီးကြီးမားမား တိုးတက်ခဲ့ကာ သူက အလင်း၀င်ပေါက် အခု ၅၀ ဖွင့်ထားတဲ့ အဆင့်နားပင် ကပ်လာခဲ့လေတော့သည်။ သူ့ရဲ့ တိုက္ပြဲ စွမ်းအင်က အလွန် တိုးတက်လာခဲ့တော့သည်။

လုဇြီက မနက်ဖန်ဆိုရင် တာအို ဉာဏ်အလင်းပွင့် ခန်းမမှ ထြက္သြားရေတာ့မွာ ဖြစ်ပေသည်။ လက်ရှိတွင် လုဇြီက ဌက်ပြာကြီးနဲ့ တိုက်ခိုက်နေခဲ့သည်။

ဌက်ပြာကြီးက ဒေါသ ထွက်နေပုံရကာ လေဝဲတွေကို မြန်ဆန်စွာ လည်ပတ်နေစေခဲ့သည်။ လုဇြီကေတာ့ အရင်ဆုံး ရေနဲ့ အရင်စမ်းဖို့ ဆုံးဖြတ်လိုက်သည်။

သူ့မျက်၀န်းထဲ ရှုပ်ထွေးသည့် အစိမ်းရောင် အလင်းတွေ ပေါ်လာခဲ့သည်။ အစိမ်းရောင် ကျောက်စိမ်း ဟက်တက်ကွဲခြင်း။

လေစွမ်းအင်တွေ စုစည်းလာတဲ့အခါ အစိမ်းရောင် ဓားကွေးတွေက ဖြစ်တည်လာခဲ့သည်။ထိုဓားကွေးတွေက သာမန် ဓားတွေနဲ့ တူပေမယ့် အရောင်ကတော့ ကျောက်စိမ်းရောင် တောက်နေပေသည်။ သာမန် လေဓားတွေနဲ့ မတူတာက တည်ဆောက်ပုံရဲ့ အလွှာတိုင်း အလွှာတိုင်းတွင် လေစွမ်းအင်တွေ ပါ၀င်နေခြင်းပါပေ။ ထို့ကြောင့် သာမန် လေဓားတွေထက် သာသလို ပိုပြီးလည်း ထက်၇ှပေသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now