Extra 3 🍃

3.3K 268 4
                                    



မနက်စာစားရန် ၇နာရီခန့်တွင် မျက်နှာသစ်၊ ရေချိုးပြီး ပေါ့ပေါ့ပါးပါး ဝတ်စုံများကို စိတ်ကြိုက်ဝတ်ကာ ထမင်းစားခန်းမသို့ ဆင်းလာခဲ့သည်။ မနက်နိုးကတည်းက တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေသော ရှိုင်းခန့်မောင်ကို ညီလင်းပိုင် သတိထားမိလိုက်သည်။ စားပွဲပေါ်မှာ လိမ္မော်ရည် တစ်ခွက်ကိုသာ သောက်နေရင်း တစ်နေရာကို ငေးကြည့်နေတော့သည်။

မနက်စာစားပြီးချိန်ထိ ဘာစကားမှမပြောတာကြောင့် ညီလင်းပိုင်ကစတင်ကာ

"ကိုကို...ဒီနေ့ဘယ်သွားမှာလဲ"

"................."
ဖန်ခွက်ကို ပြန်ချလိုက်ရင်း  ရှိုင်းခန့်မောင်သည် ကိုယ့်အတွေးနှင့်ကိုယ် ရှိလေသည်။

"ကျွန်တော်ပြောတာ မကြားဘူးလား"

"ဟင်...ဟင်..ဘာပြောလိုက်တာလဲ"

"ဘယ်သွားမှာလဲလို့ ဒီနေ့ ကိုကို  နေမကောင်းဘူးလား...ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူးကွာ...စီစဉ်စရာ ကိစ္စတွေရှိနေလို့။ ဒီနေ့က ဟာလုံပင်(Halong Bay) ဘက် သွားမယ် သင်္ဘောနဲ့"

"အင်းပါ..."

သင်္ဘောပေါ်တွင် ခရီးသွားအများအပြား နေရာယူလျက်ရှိသည်။ ပင်ဘယ်ဘက်မှ ဝှေ့ခနဲတိုက်ခတ်လာသော လေနုအေးတို့မှာ အေးမြလန်းဆန်းလျက်ရှိလေသည်။ သံထည်ဘောင်တန်းကို လှမ်းကိုင်လိုက်ရင်း ပင်လယ်တဆုံးထိ ငေးကြည့်လိုက်တော့သည်။ အပြာရောင်ကောင်းကင်နှင့် ပင်လယ်မှာ ထိစပ်လုနီးနီးရှိလေသည်။ သံဘောင်ပေါ်တင်ထားသော ညီလင်းပိုင်​၏ လက်ကို ဆုပ်ကိုင်ထားလိုက်ရင်း ရှိုင်းခန့်မောင်မှ
"ပျော်ရဲ့လား..."

"အင်း...ပျော်တာပေါ့"

"ဗီယက်နမ်ဝတ်စုံဝတ်ပါလား...ဟိုမှာ ရေပေါ်ရွာရှိတယ် အဲ့ဒီရောက်ရင် ဝယ်ပေးမယ်"

"ဘယ်လိုပုံစံမျိုးလဲ ရိုးရာဝတ်စုံလား..."

"ဟက်ဟက်...ဟုတ်တယ် ခမောက်လေးနဲ့ဆို ပိုင်နဲ့ လိုက်လောက်တယ်"

"အင်း...ဝယ်မယ်လေ"

စိမ်းပြာရောင် ပင်လယ်ရေပြင်ပေါ် ထိုးထွက်နေသော ထုံးကျောက်တောင်ကြီးကို တွေ့ရလေသည်။ သဘာဝ​၏ အလှတရားတစ်ခုမှာ တန်ဖိုးမဖြတ်နိုင်အောင်ရှိလေသည်။ Ha Long Bay ထဲရှိ အလှဆုံးဂူများထဲမှ တစ်ခုဖြစ်ပြီး လှပသော ကျောက်ပန်းဆွဲများ ကျောက်ပန်းခက်များ ဖြင့် သဘာ၀ ပန်းပုများကို လေ့လာခဲ့ကြသည်။ ကျောက်စက်ရေ ကျနေသောနေရာမှ ဖြစ်ပေါ်လာသော သဘာဝအနေအထားများကို တွေ့သောအခါ ညီလင်းပိုင်က

သိမ်းပိုက်....🍃Where stories live. Discover now