Part 31<သိမ်းပိုက်>

4.8K 480 50
                                    


ယနေ့မှ တစ်ကျောင်းလုံး ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်။ရေချိုးပါလျက်နှင့် မိမိမျက်နှာ ဘာပေနေသလဲ စဉ်းစားနေမိသည်။မိန်းကလေးတစ်စုက ပြုံးပြလျက် ညီလင်းပိုင်​၏ ခေါင်းအစ ခြေအဆုံးကို ကြည့်သွားကြလေသည်။အတန်းချိန်
စောသေးတာကြောင့် ကန်တင်းဘက် ထွက်လာခဲ့တော့သည်။လာပြီဟေ့ဆိုသော လှမ်းအော်သံကို ကြားလိုက်ရသည်။သင်းထက်က စားပွဲဝိုင်းမှ မြန်မြန်ပြေးထကာ ညီလင်းပိုင်လက်ကို တွဲခေါ်လိုက်သည်။နောက်မှ အသီးသီးလိုက်လာကြသော ထက်အောင်နှင့် ချမ်းကိုတွေ့ရလေသည်။ကျောင်းဝင်းအပြင်ထိ ဆွဲခေါ်လာသည်။မန်ကျည်းပင်အောက် ရပ်ကာ သင်းထက်မှ။

"ဒီမှာ နင်တို့အကြောင်း ပွကုန်ပြီ သိလား ဟူး....."

"ဘာရယ်...ဘာရယ်"

သူနဲ့ရှိုင်းနှင့် ဖက်ထားသော ပုံများ၊ ဘုရားမှာ ဖက်ထားတဲ့ ကျောဘက်မှ ရိုက်ထားသောပုံများ၊နောက်ဆုံးပုံမှာ လူတစ်ယောက်ကို ခွ၍ထိုးနေသော ရှိုင်းခန့်မောင်ပုံပင်။

"ဒါတွေ ငါမသိလိုက်ဘူး။ ညကအထိ မရှိသေးဘူးလားလို့"

အနားရောက်လာသော ချမ်းက မျက်လုံးအဝိုင်းသားနှင့်ကြည့်လိုက်သည်။

"ဒီနေ့ အတန်းခဏ နားလိုက်ကွာ။ တစ်ပတ်လောက် မင်းအိမ်ခဏပြန်ပါလား..."

"ဟင့်အင်း...ငါကိုရှိုင်းကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး။ ဖြစ်တာက ငါတစ်ယောက်တည်း မဟုတ်
ဖူးလေကွာ။ သူကနာမည်ကြီး မော်ဒယ် ငါ့ကြောင့် သူပိုဆိုးသွားလိမ့်မယ်"

ထိုစကားကြောင့် သင်းထက်က မျက်မှောင်ကြုတ်လိုက်ပြီး

"ကိုယ့်အတွက်ကိုယ် အရင်ပူပါ ပိုင်လေး...နင်ကလေ အရမ်းချစ်တတ်လွန်းတယ်"

"ဟားဟား...ကိုရှိုင်းက ငါ့ကိုချစ်တာ မမှီပါဘူးဟာ"

ထက်အောင်က ရယ်လျက် ခေါင်းကိုယမ်းလိုက်သည်။

"သင်းထက်ရေ မပြောနဲ့။သူက ရောဂါကျွမ်းနေပြီ"

ဒီည ရှိုင်း​၏condoတွင် တွေ့ရန်ချိန်းလိုက်ကာ ထွက်ခွာလာခဲ့သော ညီလင်းပိုင်ပင်။

သိမ်းပိုက်....🍃Where stories live. Discover now