Part 24 <သိမ်းပိုက်>

6.2K 597 15
                                    


ဒုတိယနှစ်ရောက်လာသော ညီလင်းပိုင်မှာ အရပ်လေးပိုရှည်လာလေပြီ။ဖြူသော အသားအရေမှာ ဆိုက်ကယ်စီးတာ များ၍ နီမြန်းလာတော့သည်။ တိတ်တဆိတ် အသင်းဝင် ဖြစ်သွားသော ပန်းချီသင်းတန်းလည်း ပြီးဆုံးသွားလေပြီ။အရာရာဟာ ရှိုင်းခန့်မောင်ဆိုတဲ့ လူသားကြောင့်ပင် တည်ငြိမ်လာရသည်။လွမ်းနေရတာ ၂လခန့်ရှိတော့မည်။ ကျောင်းတွေ ပြန်ဖွင့်ဖို့က ၁ပတ်လောက်လိုနေသေးသည်။
ဖုန်းဆီမှ အသံထွက်လာတာမို့ နာမည်ကြည့်တော့ ညီလင်းပိုင်​၏ ကို....

"ဟယ်လို...ကို"

"အင်း....ပိုင့်ကို လွမ်းတယ်ကွာ"

"အင်း..ဟင်း..အတူတူပါပဲဗျာ"

"ဘယ်တော့မှ လာမှာလဲ မန္တလေးက၊ အကြာကြီး ပစ်ထားတယ်"

ငိုမဲ့မဲ့နှင့် ပြောလိုက်သော ရှိုင်း​၏အသံကို သဘောကျလှသည်။

"လာမှာပေါ့ အခုအပတ် သောကြာဆင်းလာမှာ၊ ၃ရက်တော့ စောင့်"

"မစောင့်နိုင်ပါဘူး...."

"ဗျာ...ခဏပဲလေ ကိုကလည်း"

"မရဘူး...မစောင့်နိုင်ဘူးဆို"

"မေမေတို့ ဆူခံထိလိမ့်မယ်ဗျ အခုတောင် ထမင်းမစားခင် ခဏအပေါ် တက်လာလို့၊ သိရဲ့လား လူဆိုးကြီးနော်"

"ဟား...စတာပါ ပိုင့်ကိုတွေ့ချင်လို့ပါ ကိုယ်က"

"ကျွန်တော်လည်း လွမ်းနေရတာပါဗျား၊ ပုံတောင် ဖြောင့်အောင် မဆွဲနိုင်တော့ဘူး"

"ဒါနဲ့ ညနေ ဘယ်သွားမှာလဲ"

"Myanmar Plaza..ဘာလို့လဲ၊ ကိုဘာလိုချင်လဲ"

"အင်း....အရုပ်တစ်ရုပ် ကောက်ခဲ့ပေး၊ Alibaba ကနေလေ"

"ကလေးကျလို့..ကိုကလေ အဟဟ"

"ဟုတ်တယ် ပိုင့်ကြောင့် ကလေးဖြစ်နေတာလေ...ဟားဟား"

"ဟုတ်ပါပြီ ကောက်ခဲ့မယ် ကိုနဲ့ တူတဲ့ စစ်စပတ်ကြီးနဲ့"

"ဘာ! ပိုင်နော် six packs ပါကွာ၊ မဟုတ်တာတွေ တွေးနေလား  ကလေးလေး..အဟမ်းဟမ်း"

ကိုယ်ပြောပြီး ကိုယ်ရှက်ရတာမို့ ဖုန်းသာမြန်မြန်ချလိုက်ရသည်။သတိထားမိလိုက်သော ရှိုင်း​၏ ရယ်သံနောက်တွင် ကားဟွန်းသံကို ကြားလိုက်ရသည်။အပြင်ရောက်နေရင်း သတိတရဆက်လာတာမို့ ဝမ်းသာသလိုဖြစ်လာရသည်။

သိမ်းပိုက်....🍃Onde histórias criam vida. Descubra agora