"မောင်ရေ...နွေးလေးလက်ထဲက ဟာလေးယူပေးလိုက်ဦး"
ထက်အောင်အနားသို့ ဂါဝန်ပန်းရောင်လေး ဝတ်ထားသော ကလေးလေးပြေးလာသည်။ လက်ထဲတွင် ဘူးအရှည်လေးတစ်ဘူး ကိုင်ထားသည်။ သင်းထက်နှင့် ထက်အောင်၏ တစ်ဦးတည်းသော သမီးလေး နွေးထက်ထက်ဖြစ်လေသည်။ ပေါင်ပေါ်ရောက်လာသော သမီးလေးမှ ဖေဖေဟု မပီကလာပီကလာ ခေါ်သည်ကို အသည်းယားလျက်ရှိနေသည်။"ဝေ...ဒါဖေဖေ့အတွက်လား နွေးလေး"
ရွှန်းလဲ့နေသော မျက်လုံးအဝိုင်းသားဖြင့် ထက်အောင်ကို မော့ကြည့်လာသည်။ သမီးလေးက သင်းထက်ဆီမှ အမွေရထားသော မျက်လုံးမျက်ခုံးကို ပိုင်ဆိုင်ထားသည်။ အဝိုင်းရှည်ပုံသဏ္ဌာန် ဘူးကိုဖွင့်ကြည့်လိုက်ရာ အထဲမှ ဖိတ်စာလိပ်တစ်ခုကို ဖဲကြိုးအပြာရောင်ဖြင့် စည်းနှောင်လျက် တွေ့ရသည်။ ထို့နောက်
လေယာဉ်လက်မှတ်များ ထွက်လာတော့သည်။ စာရွက်ခေါက်တစ်ခုတွင်တော့"ဆက်ဆက်လာခဲ့ မင်းတို့သုံးကောင် မရှိတော့ ငါဒီမှာအားငယ်တယ်ကွ"
ဖိတ်စာတွင် ရှိုင်းခန့်မောင်နှင့် ညီလင်းပိုင်တို့၏ မင်္ဂလာပွဲ အကြောင်းအရာပါလေသည်။ သမီးလေးအတွက် အလုပ်ရှုပ်နေသော နောက်ဖေးချောင်မှ သင်းထက်ကို လှမ်းခေါ်လိုက်ရင်း
"သင်းရေ...ညီလင်းပိုင် တကယ်ဆောင်ပြီ။ သွားကြမယ်မလား"
"တကယ်လား...မိုက်တယ် သွားရမှာပေါ့ ပိုင်လေးရဲ့ မင်္ဂလာဆောင်ပဲဟာ"
"အင်း...အင်း ဒါဆိုပြင်ထားတော့ သဘက်ခါသွားရမှာ"
"အင်းပါ"
-----------------------------------
ဖိတ်စာကို လက်ထဲကိုင်ထားရင်း တွေဝေနေမိသော ညီလင်းညိုပင်။ ညီလင်းပိုင်၏ မင်္ဂလာဆောင်မှာ အစ်ကိုတစ်ယောက်အနေနဲ့ ရှိနေသင့်သည်မလား။ ရောက်တတ်ရာရာတွေးနေချိန် အိပ်ခန်းထဲဝင်လာသော ထက်ယံလင်းကိုတွေ့ရလေသည်။ အလုပ် ပင်ပန်းလာတာကြောင့် ရေချိုးရန် ဟန်ပြင်နေသော ထက်ယံလင်းကို ကျောပေးထားလျက် တွေ့ရသည်။ ရေချိုးခန်းထဲ လှမ်းဝင်သွားရန် ဟန်ပြင်နေတာကြောင့် ဟန့်တားလိုက်သည်။
"ကိုကို...""ဟင်...ဘာလဲ လင်း"
"ဟို...ညီလင်းပိုင် မင်္ဂလာဆောင်တော့မှာ ကိုကို။ အဲ့တာ သွားဖို့ကျတော့"
ထက်ယံလင်းသည် မဆိုင်းမတွ ဖြေလိုက်တော့သည်။

ESTÁS LEYENDO
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...