Part29< သိမ်းပိုက်>

5.3K 498 25
                                    


ပထမအချိန်သုံးချိန်လုံး Tutorial ရှိ၍ ကျောင်းခန်းကြီးမှာ တိတ်ဆိတ်လျက်ရှိသည်။၁၂:၀၀ထိုးခါနီး ခေါင်းလောင်းထိုးသွား၍ အဖြေစာရွက်များကို ညီလင်းပိုင်မှ လိုက်စုကာဆရာမနားနေဆောင်ကို လိုက်ပို့ပေးရသည်။ထမင်းစာချိန် အရောက်လာတတ်သည့် ရှိုင်းခန့်မောင်ကိုလည်း မျှော်ရတာက အလုပ်တစ်ခုပင်။ဆရာမနဲ့ ရှေ့ဆင့် နောက်ဆင့် လမ်းလျှောက်ရင်း ဆရာမက လှည့်ကြည့်ကာ
ခါးထောက် ရပ်လိုက်လေတော့သည်။

"အဟမ်း..ကလေးတွေနော် သိသာသိ မမြင်စေနဲ့ ကြားဖူးလား"

"ဗျာ..ဟုတ် ကြားဖူးပါတယ် တီချယ်"

"အေးအေး သိရင်ပြီးရော၊ ပေးတော့ ငါ့ဘာသာငါပဲ ယူသွားလိုက်မယ် နေခဲ့တော့မင်း"

"ဟုတ်ကဲ့ပါဗျာ"

ခေါင်းလေး ကုတ်ကာ ကြောင်တောင်တောင်လေး ကျန်နေခဲ့သော ညီလင်းပိုင်ပင်။ကျောင်းအခန်းဆောင်မှ လှည့်ထွက်ရာ ပြတင်းပေါက်မှန်မှ အရိပ်
ထင်နေသော မိမိကိုယ်ကို ပြန်ကြည့်မိလိုက်သည်။ပြူးပြာသွားပြီးမှ ဆရာမဆိုလိုချင်တာသဘောပေါက်လာရသည်။

"ဟာ...သွားပါပြီကွာ"

လည်ပင်းမှာ ထင်ထင်ရှားရှား ပေါ်နေသော ကိုက်ရာကြီးနှစ်ခု။ကြယ်သီးတစ်လုံး ပြုတ်သွားတာ သတိမထားမိလိုက်ခြင်းဖြစ်သည်။အရာမထင်အောင် နမ်းပါလို့ ခဏခဏပြောနေရတာ အသက်ထွက်တော့မည်။ရှက်သလိုလို ဖြစ်လာတာမို့ ကန်တင်းသာ အပြေးထွက်လာခဲ့တော့သည်။

-------------------------

ယနေ့မှ photo shootingကမပျက်တာမို့ ၁၂နာရီကျော်တာလည်း သတိမထားမိပါ။Fashion Studioဖွင့်ပွဲအတွက် ရိုက်နေတာမို့ အပေါ်ပိုင်းတစ်ခုလုံး အဝတ်မပါသော ရှိုင်းခန့်မောင်ပင်။ စားပွဲတစ်လုံးပေါ် ပက်လက်အနေအထား postပြီးသောအခါ ၁၂:၃၀သွားလေပြီ။တာဝန်ခံ စိုးသူမှထမင်းစား လာခေါ်ရာမှ အချိန်ကို သတိပြုမိလေသည်။ကမန်းကတန်းထကာ နီးရာ အင်္ကျီတစ်ထည် ကောက်စွပ်ပြီး ထွက်လာခဲ့သည်။

"ဟေ့!! ကိုရှိုင်း..၂:၀၀ပြန်စမှာနော်"

"ဟုတ်ပါပြီဗျာ မကြာပါဘူး၊ ခွင့်ပြုဦး"

သိမ်းပိုက်....🍃Où les histoires vivent. Découvrez maintenant