မန္တလေး၏ တစ်ခုသော မနက်ခင်းတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသော ဖုန်းသံကြောင့် ညီလင်းပိုင်တစ်ယောက် အိပ်နေရာမှ ဆတ်ခနဲ ထလိုက်သည်။မျက်လုံး တစ်ဖက်က ပိတ်လျက်ပင်။ရှုပ်ပွနေသော ဆံပင်ရယ်၊ ညာဘက်ပါးပေါ်က တစ်ကြောင်းတည်းသော အာပုပ်စီးကြောင်းလေးရယ်နဲ့ ထလာသော
ညီလင်းပိုင်မှာ အခုထိ ကောင်းကောင်းနိုးမလာသေး။တစ်ဖက် လျှောကျလာသော စွပ်ကျယ်ကြိုးကြောင့် ဖြူဖွေးသောပခုံးမှာ ထင်းခနဲပေါ်လာလေသည်။လည်ပင်းကို ကုပ်ရင်း စမ်းတဝါးဝါးလုပ်ကာ စားပွဲပေါ်ကို လက်လှမ်းလိုက်လေသည်။မိနစ်ပိုင်းလောက် ကြာသွားတာကြောင့် ဖုန်းမှာခေါ်သူမဲ့သွားလေသည်။တိတ်ဆိတ်သွားတာကြောင့် မပွင့်နေသော မျက်လုံးများ ထပ်မံပိတ်ကျ သွားလေတော့သည်။စောင်ကို ခါးအောက်ပိုင်းသို့ လွှမ်းခြုံကာ လှဲလိုက်လေသည်။ခပ်ကြမ်းကြမ်း တက်လာခဲ့သော ခြေသံအဆုံး တဝုန်းဝုန်း တံခါးထုသံကို
ကြားလိုက်ရလေသည်။မထချင်ထချင်ဖြင့် လာပြီဟုအသံပြုမှ တံခါးထုသံမှာ ငြိမ်ကျသွားလေသည်။တံခါးဖွင့်တာနဲ့ လက်ပိုက်ကာ မျက်မှောင်ကျုံ့ပြီး ကြည့်နေသော ချမ်းကိုမြင်ရလေသည်။ချမ်းမှ တအံ့တဩ ငုံ့ကြည့်လိုက်သည်။
ဖြူဝင်းမွတ်ညက်သော အသားအရေနှင့် ညီလင်းပိုင်မှာ အိမ်နေရင်းboxerပန်းရောင်နှင့် စွပ်ကျယ်တစ်
ထည်သာ ဝတ်ထားလေသည်။ယခုမှထလာ၍ ညာဘက်ပေါင်မှာ boxerက လိပ်၍တက်နေသေးသည်။ယနေ့အစီအစဉ်ကို မေ့နေပုံပေါ်တာကြောင့် ချမ်းကညီလင်းပိုင်နဖူးကိုတောက်ချလိုက်ကာ..."ဟေ့ယျောင်...အခုထိဘာမှမပြင်ရသေးဘူး။ဒီနေ့ကပွဲ ရှိတာမေ့နေလား..ဟန်"
နဖူးတောက်ခံရ၍ တွန့်ခနဲဖြစ်သွားပြီးမှ
"အ! သိပါတယ်ဟ နာလိုက်တာ...ကျွတ်..အခုလာနေပြီပဲ"
ခေါင်းကိုပွတ်ကာပြောနေသေးသော ညီလင်းပိုင် ကြောင့်။
"ဒီပုံက လာနေတာပေါ့။ သွားသွား မြန်မြန်လုပ် ဟိုရောက်မှပဲလဲတော့"
"အေး..ခဏ"
အဲ့တော့မှ ခုန်ကာအခန်းထဲ ပြေးဝင်သွားလေတော့သည်။အောက်ထပ်မှာ စောင့်နေရင်း အချိန်မှာ 7:30ပြီမို့ ဝေယံချမ်း စိတ်မရှည်ဖြစ်လာရသည်။သင်းထက်
နှင့် ထက်အောင်တို့က ဝတ်စုံရွေးရန် သွားနှင့်တာကြောင့် ညီလင်းပိုင်ကို လာခေါ်ခြင်းဖြစ်သည်။ဆိုင်ကယ်ကို မှီကာရှိနေစဉ် အပြေးအလွှား ရောက်လာလေသော ညီလင်းပိုင်ပင်။
ČTEŠ
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...