Part35 <သိမ်းပိုက်>

5K 475 43
                                    



သောကြာနေ့တိုင်း Barကို လာတတ်သော ထက်ယံလင်းမှာ မန္တလေးလိုက်လာပြီးကတည်းက ပျောက်
နေတာ ကြာလေပြီ။ပြုံးယဉ်တို့အဖွဲ့ ခပ်တိုးတိုး ပြောနေသောစကားကို မကြားချင်ယောင် ဆောင်နေလိုက်မိသည်။မိမိအပူမဟုတ်သလို နေချင်
သော်လည်း မိမိအမှားမကင်းတာကြောင့်။မိမိဘက်
က ပို့ထားသောစာတို့ကို seen မပြတာကြောင့် စိတ်ကအလိုမကျဖြစ်နေရသော ညီလင်းညိုပင်။နီညိုရောင် ဆံပင်တို့ကို မှန်မှာကြည့်ကာ ပုံကျအောင် ဖြီးလိုက်သည်။Apron ကိုဝတ်ကာ မီးဖိုဆောင်သို့ထွက်ခဲ့တော့သည်။

ယနေ့မှ ညဘက်dinnerပွဲရှိတာကြောင့် မနက်၄:၃၀မှ ဆိုင်သိမ်းခဲ့တော့သည်။လမ်းသွယ်
ကြားတွင် ရပ်ထားသော ကားပေါ်တက်ကာ အိမ်သို့မောင်းပြန်ခဲ့တော့သည်။ခေါင်းက အိပ်ရေးပျက်တာကြောင့် မူးနောက်နောက် ဖြစ်နေတော့သော ညီလင်းညိုပင်။ကားကိုခြံရှေ့ရပ်ကာ ဟွန်းမတီးဘဲတိတ်တဆိတ် ဖွင့်ဝင်ရန် ဆင်းလာလိုက်သည်။နောက်မှခေါ် လိုက်သော ထက်ယံလင်း​၏အသံကြောင့် ပျော်သွားရသော ညီလင်းညိုပင်။ပြုံးပြလိုက်သော်လည်း ပြောင်းလဲမှု့မရှိ ပကတိ တည်ငြိမ်
နေသော ထက်ယံလင်းကို တွေ့ရလေသည်။ထက်ယံံလင်းသည် အပေါ်အောက် မီးခိုရောင် အားကစားဝတ်စုံကို ပေါ့ပေါ့ပါးပါး ဝတ်ထားလေသည်။

ထက်ယံလင်းသည် ညီလင်းညိုအနားကို လျှောက်
လာကာ စာအိတ်တစ်ခုကို ကမ်းပေးလေသည်။နားမလည်သလို ကြည့်လိုက်တာကြောင့် ထက်ယံလင်းမှ

"မင်းကို ကိုယ်ဘာမှ မလုပ်ဘူး ဖွင့်ကြည့်လိုက်ပါ။ ကိုယ်သွားတော့မယ် ခွင့်ပြုပါဦး"

သွေးအေးသွားသော ထက်ယံလင်းမှာ ညီလင်းညိုအပေါ် စကားအပြောဆိုပါ ပြောင်းလဲသွားလေသည်။အဆင်ပြေရဲ့လား၊ စိတ်ဆိုးနေတာလား ကိုမမေးနိုင်ခဲ့ပါ။ထွက်ခွာသွားသော ကား​၏နောက်မီးကို ကြည့်ကာ သက်ပြင်းချမိလိုက်သည်။သူ့ကြောင့် စိတ်ဆိုးသွားတာကို တောင်းပန်ချင်မိသည်။အခန်းထဲဝင်လာလိုက်ရင်း လွယ်အိတ်ကို စားပွဲပေါ်ပစ်တင်
လိုက်သည်။စာအိပ်ကိုဖတ်ကြည့်ရန် စားပွဲမှာထိုင်
လိုက်တော့သည်။

စာအိတ်ထဲတွင် တစ်ဦးတည်းပိုင် အမည်ပေါက် လုပ်ငန်းစာချုပ်တစ်ခု ထွက်လာလေသည်။လုပ်ငန်းရှင်အမည်မှာ ညီလင်းညိုဖြစ်ပြီး လွှဲပြောင်းသူမှာ ထက်ယံလင်းဖြစ်သည်။တစ်ဦးတည်း မူပိုင်ခွင့်ဆိုတာက ဘယ်လိုအဓိပ္ပာယ်မျိုးလည်း သူမသိချင်တော့ပါ။စာဖတ်နေရင်း တံခါးနား လျှောက်လာသော ခြေသံနောက်၊တံခါးခေါက်သံကို ကြားလိုက်ရသည်။

သိမ်းပိုက်....🍃Kde žijí příběhy. Začni objevovat