လမ်းမီးတိုင်အောက်တွင် ဓာတ်တိုင်ကို မှီနွဲ့ကာ အလှဆုံးပြုံးပြနေသော ညီလင်းပိုင်ကြောင့် ရှိုင်းရဲ့စိတ်တွေထိန်းချုပ်မရ။ မိန်းကလေးတော်တော်များများနဲ့ ထိတွေ့ဖူးသော်လည်း ညီလင်းပိုင်မှာ ဖြူစင်သည်၊ မြတ်နိုးဖွယ်ကောင်းသည်ဟု ထင်မိသည်။ ယခုအခြေအနေကို ရင်ထဲမှာ ဗြောင်းဆန်နေအောင် ခံစားရသည်။ ရယ်သံလွင်လွင်လေးတချို့ နားထဲတွင် ပျော်ဝင်သွားရသည်။ ညီလင်းပိုင်ရဲ့ အကြည့်တွေဟာ ရှိုင်းရဲ့ရင်ကို အဆမတန် ခုန်လာစေခဲ့သည်။
တစ်မိနစ်၊ နှစ်မိနစ်ခန့် ညှို့ယူခံထားရသူလို၊တဖြည်းဖြည်း နီးကပ်သွားမိတော့၊ ပီပြင်ထင်ရှားစွာမြင်ရတဲ့ ပါးချိုင့်လေးကြောင့် လူတစ်ကိုယ်လုံး ရှိန်းခနဲ၊ ဖိန်းခနဲ ဖြစ်လာရသည်။ နားရွက်ဖျားနားက ဆံနွယ်လေးတွေကို လက်နဲ့ တယုတယ ပွတ်သပ်လိုက်မိသည်။ နှာခေါင်းထဲကို တိုးဝင်လာတဲ့ မက်မွန်သီးရနံ့ နှင့်အတူ ဖြူဖွေးတဲ့ လည်တိုင်လေးကို ဆွဲယူပြီး၊ စိတ်ဆန္ဒကို ရှေ့တန်းတင်မိလိုက်သည် ။နူးညံ့မှု့၊ ချိုမြိန်မှု့တွေကို ခံစားလိုက်ရသည်။နှုတ်ခမ်းလုံးလုံးလေးကို ကိုက်လိုက်၊ငုံလိုက်ဖြင့် ရင်ခုန်သံကို၊ ကိုယ့်ဘာသာ ပြန်ကြားရလောက်တဲ့အထိ တဒုတ်ဒုတ်ခုန်နေခဲ့ရသည်။ ညာဘက်ပါးပေါ်မှာ သတိထားမိတဲ့ မှဲ့သေးသေးလေးကြောင့် ရင်ခွင်တစ်ခုလုံး ဝုန်းဒိုင်းကြဲရတော့သည်။
အောက်ပိုင်းတစ်ခုဆီက စိုရွှဲသော ခံစားချက်ကြောင့် နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေဖြင့် ကုတင်ပေါ် ငေါက်ခနဲ ထထိုင်လိုက်သည်။
"အား!!! S***...ဘာတွေလဲ.."
သူအိပ်မက်မက်နေတာလား။
Pajamasတစ်ခုလုံး စိုရွှဲနေလေပြီ။ အိပ်မက်မက်နေသော်လည်း တကယ့်လက်တွေ့လို ခံစားလိုက်ရသောကြောင့် ဆယ်ကျော်သက်တစ်ယောက်လို ရုန်းရုန်းကြွကြွ ဖြစ်နေလေသည်။ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်မက်တဲ့ အိပ်မက်ထဲမှာ ယောကျာ်းလေးတစ်ယောက် ပထမဆုံးအဖြစ် ပါဝင်ခဲ့လေသည်။
-------------------------
Grammer ဆရာမက သဘောကောင်းတာကြောင့် အခန်းထဲမှာ ကျောင်းသူ၊ကျောင်းသားများ ဆူညံနေကြလေသည်။ဘေးကထက်အောင်က စာသင်တာကို စိတ်မဝင်စားဘဲ အသစ်ထွက်သည့်
Adventureဇာတ်ကား ခိုးကြည့်နေသည်။ ကြည့်နေချိန် နားကြပ်ကြိုးလွတ်ပြီး ထွက်ပေါ်လာသော ဝုန်းဒိုင်းကြဲ အသံက တစ်ခန်းလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထက်အောင်ဖုန်းထဲက အသံတွေထွက်လာမှ ဆူညံနေသော စာသင်ခန်းမှာ တိတ်ဆိတ်သွားခြင်းဖြစ်သည်။
YOU ARE READING
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...
