Part 44 <သိမ်းပိုက်>

4.2K 392 11
                                    


အိပ်ရာမှ နိုးလာရာ ကုတင်ခြေရင်းဘက်တွင် မတ်တတ်ရပ်နေသော ရှိုင်းခန့်မောင်ကို တွေ့ရလေသည်။ မိမိနိုးလာသည်ကို လှမ်းတွေ့တာကြောင့် လက်ထဲမှ ပန်းကန်လုံးကို ပါးစပ်ဖြင့် လေမှုတ်ကာ အနားကခုံတန်းတွင် ထိုင်လိုက်သည်။ အငွေ့
တထောင်းထောင်းနှင့် မွှေးပျံ့သော ကြက်သား
ဆန်ပြုတ်တစ်ပွဲကို စားရန်ကမ်းပေးလာသည်။ ဆန်ပြုတ်မှာ အဝါရောင်ခပ်ပျစ်ပျစ်ဖြင့် ကြက်သားမျှင်နှင့် အပေါ်ယံဖြူးထားသော ကြက်သွန်နီကြော်
နှင့် စားချင်စဖွယ်ဖြစ်လေသည်။

"ပိုင့် အတွက် ကိုယ်ပြုတ်ထားတာ"

"တကယ်"

တစ်ဇွန်းမြည်းကြည့်လိုက်ရာ အရသာမှာ ကောင်းလှတာကြောင့် မျက်ခုံးပင့်ပြကာ ချီးကျူးမိလာသည်။ မိမိမှာ ခေါက်ဆွဲကလွဲရင် ကျန်တာ မချက်တတ်တာကြောင့်

"ကောင်းတယ် ကိုကိုက တော်တယ်နော်"

"ဟဲဟဲ...များများစား ဒါမှအားရှိမှာ"
ခုံကို ဆေးရုံကုတင်နား ဆွဲကာတိုးကပ် ထိုင်လိုက်
သော ရှိုင်းခန့်မောင်ပင်။ ညီလင်းပိုင်သည် တစ်ဇွန်းမောက်မောက်ကို ရှိုင်းခန့်မောင်အား ခွံ့ကျွေးလိုက်
လေသည်။

"ကိုယ် ဘယ်မှာ သွားပြုတ်လဲ မမေးပါလား"

"ဘယ်နားမှာ သွားပြုတ်တာလဲ"

"ဆေးရုံက သူနာပြုတွေ နားနေခန်းမှာ၊ အိုးနီ ဌားပြီးပြုတ်တာ"

"ဟော်...ဝယ်ကျွေးလည်း ရတာကို ကိုကိုက"

"ကိုယ့်လက်ရာ ကျွေးချင်လို့ပေါ့"

"ဟုတ်ပါပြီ"
ဆန်ပြုတ်ကုန်ခါနီး အခန်းထဲသို့ သူနာပြုလေး နှစ်ယောက် ဝင်လာလေသည်။ နှစ်ယောက်ထဲမှ အနွေးထည် ပန်းရောင်လေးနှင့် ဆရာမမှ ရည်မွန်စွာပြုံးပြလာသည်။

"ကို ညီလင်းပိုင် သတိရပြီလားရှင့်၊ ဘယ်လိုခံစားရလဲ"

"ဟုတ် သက်သာပါတယ်ဗျ"

"ပိုင် ဒါက မဖြူဖွေးတဲ့၊ သူကပိုင့်ကို ကူညီပေးမှာ"

"တွေ့ရတာ ဝမ်းသာပါတယ် မဖြူဖွေး၊ ကျေးဇူး
တင်ပါတယ်ဗျာ"

"ရတယ်ရှင် "

----------------------------------

ဆေးရုံဝင်းဘေးမှ ထမင်းဆိုင်မှာ နေ့လည်ထမင်းစားချိန်တွေ့ရန် ချိန်းထားကြလေသည်။ မဖြူဖွေးနှင့် မနန္ဒာတို့မှာ ညနေမှဂျူတီပြီးမည် ဆိုတာကြောင့် ကြားရသည့် သတင်းများကိုနားထောင်ရန် ညီလင်းပိုင်တို့ ရောက်လာကြသည်။ ထမင်းချိုင့် ဖွင့်စားနေကြပြီ ဖြစ်တာကြောင့် အားနာသလိုဖြစ်ကာ ခပ်ရို့ရို့ ဝင်ထိုင်လိုက်ကြသည်။မိမိတို့ကိုပြန်အားနာဟန် နေရာပေးနေကြသေးသည်။ ရှိုင်းခန့်မောင်မှ အအေးနှင့် အချိုပွဲများ မှာပေးလိုက်လေသည်။

သိမ်းပိုက်....🍃Donde viven las historias. Descúbrelo ahora