လင်းညိုတည်းခိုသော ဟိုတယ်တွင် အခန်းတစ်ခန်းယူကာ တည်းခိုလိုက်သည်။Hotel Lobbyမှာ ပြန်မရောက်သေးသော လင်းညိုကို ထိုင်စောင့်နေလိုက်သည်။မျှော်လင့်ချက်များ ရှင်သန်လာသော ထက်ယံလင်းဘဝတွင် လင်းညိုသည် မရှိမဖြစ်ဖြစ်
သည်။ပေါ့ပေါ့ပါးပါး နေတတ်သော လင်းညို၊ ပွင်းလင်းသွက်လက် တာကိုလည်း သဘောကျရသည်။အချိန်ကုန်လာတာနှင့်အမျှ မှန်ချပ်များမှ တစ်ဆင့် မြင်နေရသော ကျုံးကြီးမှာ နေဝင်သွားခြင်းနောက်၊ပုစွန်ဆီရောင် တောက်ပနေသော ကောင်းကင်ကြီးကို မြင်လိုက်ရသည်။မဆိုစလောက် ပူလောင်လာခဲ့သော်လည်း အတွေးတို့ကို ရှင်းရှင်းသာ ထားလိုက်သော ထက်ယံလင်းပင်။ Bellboy တစ်ယောက်က မှာထားသော special dinner setကို ရပြီဖြစ်ကြောင်း လာပြောလေသည်။
အစိမ်းရောင် ရှပ်အင်္ကျီလက်ရှည်ကို လက်ခေါက်တင်ကာ၊ စတိုင်ပင်နှင့် လိုက်ဖက်စွာ ဝတ်ထားသော ထက်ယံလင်းဖြစ်သည်။Served လုပ်ထားသော စားပွဲဝိုင်းလေးမှာ ဝိုင်တစ်ခွက်၊ ပန်းတစ်ပွင့်
ဖြင့် လှပနေတော့သည်။ပြည့်စုံမှု့မရှိသည့် အကြောင်းမှာ တစ်ဖက်က လူမရှိသော ခုံအလွတ်
ကြောင့် ဖြစ်သည်။လေပူတစ်ချက် မှုတ်ထုတ်ရင်း ဝိုင်ကိုတဖြည်းဖြည်း သောက်နေလိုက်သည်။နေလုံးကြီးမှာ အနောက်ဘက်သို့ ဝင်ရောက် ပျောက်ကွယ် သွားလေတော့သည်။
-----------------------------
နာကျင်သောဝေဒနာနှင့်အတူ မူးနောက်သော ခံစားချက်ဖြင့် အိပ်ရာမှနိုးလာခဲ့သည်။ကုတင်ဘေးတွင် အလွန်မုန်းတီးသော လူတစ်ယောက်က ပြုံးလျက်ရှိနေသည်။နောင်တဆိုတာ နောင်မှရတာမျိုး Alexပြောကတည်းက တရားစွဲခဲ့သင့်သည်။မိမိအမှားကို မိမိယူကျုံးမရ ဖြစ်ရသည်။ညီလင်းညိုနှင့် ရေစက်ဆိုးက ဒီအထိတောင်ပဲလား။ ငေါက်ခနဲထထိုင်လိုက်ရာ အပေါ်ပိုင်းဗလာဖြစ်နေတာကြောင့် ပုံလျက်ရှိနေသော ရှပ်အင်္ကျီကို ကောက်ဝတ်လိုက်သည်။ကြာကြာဆက်မနေချင်တော့တာကြောင့် ရှိုင်းခန့်မောင် ထရပ်လိုက်လေသည်။
"မင်းလိုချင်တာ ဒါပဲမလား... သွားလိုက်တော့"
"ဟက်...ဟက်..ဟုတ်ပြီဗျာ..အဆင်ပြေရဲ့လား ညက"
VOUS LISEZ
သိမ်းပိုက်....🍃
Roman d'amourညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...
