Part 4 <သိမ်းပိုက်>

12.3K 1K 23
                                        


Ten-nine-eightအနက်ရောင်တစ်စီးသည် လမ်းချိုး တစ်ခုထဲမှနေ၍ ခြံအကျယ်ကြီးထဲသို့ ဝင်ရောက်လာခဲ့သည်။ ဆိုင်ကယ်ပေါ်မှ Tracksuitအနက်ရောင် ဝတ်ထားသူတစ်ဦး ဆင်းလာသည် Gymsackကိုလွယ်လိုက်ရင်း
ဆိုက်ကယ်ဦးထုပ်ကို ဆွဲချွတ်လိုက်သည်။

အနီးအပါးသို့ အသားညိုညို အသက်ခပ်လတ်လတ် မျက်မှန်နဲ့လူတစ်ယောက် ရောက်လာသည်။

"ဟာ..မင်းသား ပြန်လာပြီလား..ဒီနေ့တယ်စောပါလား.."

"ဟုတ်တယ်.. ဦးစံ..စိတ်ရှုပ်လာလို့..ကောင်းကောင်းလဲ မဆော့ခဲ့ရတာဗျာ..အဲ့ဒါနဲ့ပြန်လာတာ"
ချွေးစို၍ ပွနေသောဆံပင်ကို လက်ဖြင့်ခါကာ ပြောလာသူမှာ ရှိုင်းခန့်မောင်ဖြစ်သည်။

ဦးစံသောင်းက ငယ်ငယ်ကတည်းက ထိန်းခဲ့တဲ့ ရှိုင်းရဲ့အချစ်တော် ဦးရီးဖြစ်သည်။ Russiaကနေ ရောက်စကတည်းက အရိပ်တကြည့်ကြည့်။ ထမင်းစားတာကအစ၊ ရေချိုးပေးတာအဆုံး လုပ်ပေးခဲ့သည်။နားရွက်ဖျားလေးပင် ရဲနေအောင် ငိုတတ်သောရှိုင်းကို သနားကာအချစ်ပိုရလေသည်။ဦးစံသောင်းက ဖွဖွရွရွလေး ထိန်းခဲ့ရတာကြောင့်၊မင်းသားလေးလို့ ချစ်စနိုးခေါ်ရင်း မင်းသားလို့ နှုတ်ကျိုးနေခြင်းဖြစ်သည်။ မခေါ်နဲ့ ဆိုသော်လည်း တားမရ..

"ဖေကြီးကော...ရောက်ပြီလား.?"

"မရောက်သေးဘူး..မင်းသား..ညစာ.စားနှင့်မလား.?"

"တော်ပါပြီ..ဖေကြီးကို စောင့်လိုက်ဦးမယ်.."

"မင်းသား..ဘာစားမလဲ..Juiceပဲလား..တခြားကော?"

"ရတယ်.ဦးစံ.ကျွန်တော်Dietလုပ်နေတာ၊ စနေနေ့ကျရင်..ဆိုင်ဖွင့်ပွဲတက်ရဦးမှာ.."

ရှိုင်းတွင် မိဘနှစ်ပါးလုံး မရှိတော့ချေ။ လွန်ခဲ့တဲ့ ၇နှစ်က Russiaမှာ မတော်တဆ ဖြစ်ပွားခဲ့သောပေါက်ကွဲမှု့တစ်ခုတွင် ကွယ်လွန် သွားကြလေပြီ။ မိဘများဆုံးတော့  ရှိုင်းအသက် 15နှစ်သာရှိသေးသည်။မိခင်ဘက်က မောင်တော်သူ ဦးဝဏ္ဏကျော်က Moscowထိ လိုက်လာကာ အစစအရာရာလုပ်ကိုင်ပေးသည်။ ထိုအချိန်မှ အဝေးရောက်ဦးလေးကို အပြင်မှာမြင်ဖူးခြင်းဖြစ်လေသည်။

ပထမဆုံးအကြိမ်အဖြစ် ဦးလေးဖြစ်သူကို အားကိုးတကြီး ဖက်ကာ အားရအောင် ငိုကြွေးခဲ့သည်။ နောက်ပိုင်းဦးလေးက တာဝန်ယူပြီး မွေးစားထား၍ သားအရင်းထက်မခြား အချစ်ခံခဲ့ရသည်။ ဦးလေး ကိုယ်တိုင်ကပင် လူပျိုလူလွတ်မို့ ရှိုင်း​၏ မိခင်နှင့်ဖခင်ပိုင်ဆိုင်သော အစုစပ်လုပ်ငန်းများကို ရှိုင်းအစား တာဝန်ခံပေးသည်။

သိမ်းပိုက်....🍃Tempat cerita menjadi hidup. Temukan sekarang