Part 20 <သိမ်းပိုက်>

7.2K 702 28
                                    


တအုံနွေးနွေးဖြစ်နေသော ရင်ခုန်သံများဖြင့် မန္တလေးကို ရောက်မှန်းမသိရောက်လာခဲ့လေသည်။ ညနေစောင်းဖြစ်တာမို့ ကောင်းကင်မှ နေလုံးကြီးမှာ ဝင်လုဆဲဆဲပင်။ကျောင်းဆင်း၊ ရုံးဆင်းချိန်မို့ လူသွားလူလာ ထူထပ်လေသည်။ဆိုင်ကယ်လေး အဆောင်လမ်းကြားရောက်ချိန် နေလုံးကြီး ကွယ်ပျောက်ကာ လမ်းမီးတိုင်မီးရောင်သာ ကျန်ခဲ့တော့သည်။

လမ်းကြားထဲမှ ညလုံးပေါက်ထမင်းကြော်ဆိုင်မှာ လူအများဖြင့် စည်ကားလျက်ရှိလေသည်။ယောကျာ်းလေး နှစ်ယောက်အတူ ဆိုင်ကယ်ဖြင့်ရောက်လာတာကို အများအမြင်မှာ မဆန်းသော်လည်း။ ထိုသူနှစ်ယောက်​၏ ဆက်ဆံရေးကို သိမည်ဆိုပါက ဘယ်လိုတွေးမည်နည်း။

ဆိုင်ကယ်ပေါ်မှ အလျင်အမြန် ဆင်းသွားသော ညီလင်းပိုင်ပင်။ ရှိုင်းခန့်မောင်ကို လှည့်မကြည့်သွားခဲ့သလို၊ နှုတ်ပင် မဆက်သွားခဲ့ပေ။ပြေးတက်သွားသော ပိုင်​၏ခြေလှမ်းများကြား ရှိုင်း​၏ မျှော်လင့်ချက်များ ပျောက်ဆုံးလာရသည်။ လေးလေးပင်ပင်ဖြင့် ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့သည်။

သူတို့သည် သူငယ်ချင်းမဟုတ်ပါ။ရည်းစားလည်းမကပါ။ ထိုကဲ့သို့ပင် ညီအကိုလောက်လည်း မဖြူစင်ကြတာ သူတို့ကိုယ်တိုင် အသိဆုံးဖြစ်သည်။ ညီလင်းပိုင်သည် လက်ခံရမည့် အနာဂတ်နှင့်၊ အတိတ်က အကိုကြီး​၏ ပုံရိပ်မျိုးကို မြင်ယောင်လာရသည်။ထိုသို့မြင်ကွင်းကို တွေးမိရင်ရွံရှာသည်။ရှိုင်း​၏အချစ်များကိုလည်း အကြွင်းမဲ့ ယုံကြည်လိုက်ချင်သည်။

ဗျာများနေသော စိတ်တွေမှာ အခန်းထဲ
ရောက်သည်အထိ မပြေသေးပေ။ ကုတင်ပေါ်ကို နွမ်းလျနေသော စိတ်တစ်ခုလုံး ပုံကျစေလိုက်သည်။
ဟူး....သူဘာဆက်လုပ်ရမလဲ

ရှိုင်းသည် အချိန်အတော်ကြာထိ အိပ်မရခဲ့ပေ။ညီလင်းပိုင် ကြောက်နေတာကို သူခံစားနေရသည်။ညီလင်းပိုင်က သူ့ကြောင့်များ ပူလောင်နေရမလား တွေးပူမိသည်။ဖုန်းထဲမှပင် စာပို့လိုက်သည်။

{ကိုယ်...တောင်းပန်ပါတယ် ပိုင်}

{ဘာလို့ တောင်းပန်တာလဲ}

သိမ်းပိုက်....🍃Tahanan ng mga kuwento. Tumuklas ngayon