Part38 <သိမ်းပိုက်>

5.4K 464 21
                                        



မန္တလေး​၏ကျုံးသည် သင်္ကြန်၏ သင်္ကေတတစ်ခုဖြစ်သည်။ သင်္ကြန်သမိုင်းတွင် ရေသဘင်မဏ္ဍပ်များအားလုံးက ကျုံးပတ်လည်တွင် အဓိကတည်ရှိသည်။ ပက်ဖျန်းသည့်ရေပင်လျှင် ကျုံးရေဖြစ်တာကြောင့် ချမ်းမြမြလေးဖြစ်သည်။ မန်းသင်္ကြန်သည် ကျုံးကိုမှီတည်၍ ကျင်းပလေ့ရှိသည်။ မြန်မာ့နောက်ဆုံး ထီးနန်းလက်ကျန်ကျုံးနှင့် မြန်မာ့ရိုးရာ အတာသင်္ကြန်သည် တစ်သားတည်းပင် ဖြစ်သည်။
(အထက်ပါ အရေးသား ကိုမူရင်းစာမူရှင်
ကောလိယ ဝေယံမောင်မောင်၂၀၁၆၊ ဧပြီလ၊ The Chic မဂ္ဂဇင်း မှကိုးကားသည်။)

သင်္ကြန်အကျနေ့​၏ မနက်ခင်းတွင် ဖြစ်သည်။ညဦးတုန်းက တဖြောက်ဖြောက် ရွာထားသော မိုးကြောင့် ပိတောက်ပင်တို့မှာ ပွင့်လန်းလျက်ရှိလေသည်။ လေအဝှေ့တွင် ရောနှောပါဝင်လာသော ပိတောက်နံ့တို့မှာ သင်းပျံ့လျက်ရှိလေသည်။ Symphony မဏ္ဍပ်နှင့် ခပ်လှမ်းလှမ်းတွင် စတုဒိသာကျွေးသည့် မဏ္ဍပ်ရှိလေသည်။

လမ်းလျှောက်သင်္ကြန်ဖြစ်တာကြောင့် အထူး
စည်ကားလျက် ရှိလေသည်။ ရှိုင်းခန့်မောင်​၏
ပရိသတ်များမှာ အမှတ်တရဓာတ်ပုံရိုက်လျက်ရှိလေသည်။ စတုဒိသာကျွေးရာ နေရာ၌ညီလင်းပိုင်
တို့က တက်ကြွစွာပါဝင်ကူညီကြသည်။

ရေပတ်လိုက်၊ မုန့်စားလိုက်၊ မုန့်ဝေလိုက်ဖြင့် မနက်ခင်းတစ်ချိန်လုံး အလုပ်ရှုပ်နေကြသည်။လမ်းလျှောက်သင်္ကြန် ဖြစ်တာကြောင့် ပုဆိုးအနက်
ရောင်နှင့် ချည်သား ရှပ်အင်္ကျီအဖြူကို
ဝတ်ဆင်ထားသော ညီလင်းပိုင်ပင်။ ရှိုင်းခန့်မောင်​၏ ပရိသတ်တချို့ကလည်း ညီလင်းပိုင်ကို သိနေပြီး ဖြစ်တာကြောင့် လက်ဆောင် ပစ္စည်းများလည်း ပေးခံရလေသည်။ ဖြူဖွေးသော အသားအရေနှင့် ရေစိုသွားရာမှ ရှပ်အင်္ကျီ​၏ အတွင်းသားတို့မှာ ထွက်ပေါ်လာခဲ့တော့သည်။ အတွင်းက စွပ်ကျယ် ဝတ်မထားတာကြောင့် ရင်ဘတ်ပိုင်းနေရာတစ်ခုကို ထင်ထင်ရှားရှားမြင်ရလေသည်။

မဏ္ဍပ်ရှေ့တွင် မြန်မာ့ရိုးရာ သနပ်ခါးနှင့်
ကျောက်ပျဉ် ရှိလေသည်။ စရင်းနောက်ရင်း၊
ရေပက်ရင်း၊ သနပ်ခါးလိမ်းပေးကြသည်မှာ ချစ်စရာဓလေ့ ဖြစ်သည်။ ရှိုင်းခန့်မောင်သည်
သနပ်ခါးကို လက်နှစ်ဖက်ဖြင့် အပြည့်ယူကာ
ညီလင်းပိုင်အနား တိုးကပ်သွားလိုက်သည်။

သိမ်းပိုက်....🍃Opowieści tętniące życiem. Odkryj je teraz