အမှတ်တရနေ့မို့ အမှတ်မရှိသူမှာ ကုသိုလ်ပြုဆုတောင်းရန်အတွက် ရောက်ရှိနေခဲ့သည်မှာ
မန္တလေး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် ဖြစ်သည်။စစ်နိုင်ထူး အတွက် ရည်ရွယ်တဲ့ စိတ်များက မြတ်သူအောင် အပေါ် ကြီးစိုးလှသည်။ဆူးမပါသောနှင်းဆီနှင့် ဆွမ်းခဲဖွယ်ကပ်လှူပြီး အလှူငွေထည့်ရန် အလှူခံမဏ္ဍပ်သို့ ထွက်လာခဲ့သည်။ကိုစစ်နိုင်ထူး ၅၀၀၀၀ကျပ် လှူဒါန်းပါ၏ ဆိုသော ဖြတ်ပိုင်းလေးမှာ လှောင်ရယ် နေလေသလား။
ပုဆိုးအပြာလေးနှင့် လည်ကတုံး အဖြူအင်္ကျီသာ ဝတ်ထားသော မြတ်သူအောင်ပင်။ထမင်းကောင်းကောင်း မစား၍ ချောင်ကျသွားသော မျက်နှာမှာ သိသာလှသည်။ကောက်ရိုးမီးလို တငွေ့ငွေ့ လောင်ကျွမ်းရသည့် ခံစားချက်မှာ မည်သို့မှ အဆင်မပြေနိုင်ပါ။ကျောင်းတက်ရမည့် အချိန်၂ချိန်မှာ စိတ်မပါလက်မပါ ဖြစ်သော အချိန်
များ ဖြစ်သည်။ကျောင်းဆင်းတာနှင့် ဆိုင်ကိုသာ လာခဲ့လိုက်သည်။ မြတ်သူအောင်က ပိုင်ရှင်ဆိုသော်လည်း serviceပိုင်း ကိုင်သူများနှင့် တန်းတူညီမျှနေသည်။
လက်တွေ့ဘဝ ဖြတ်သန်းရာမှာ တစ်ယောက်၏ဘဝမှာ လွန်လွန်ကဲကဲ ခံစားချက်များဖြင့် အနေအထား ပျက်နေရတာမျိုးက မမိုက်ပါ။စွန့်လွှတ်ဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း မမေ့ပစ်နိုင်ခဲ့သော အချစ်ရဆုံးသူ မဟုတ်လား။ Softwareပိုင်းကိုင်သူ ဇော်ထက်က မြတ်သူအောင်
ကို ကြည့်လိုက်သည်။ကျောင်းဝတ်စုံ မလဲရသေးဘဲ ခပ်နွမ်းနွမ်းဖြစ်နေသော မြတ်သူအောင်ကို မြင်လိုက်ရတာကြောင့်။
"အကို...ဘာဖြစ်တာလဲဗျ"
"ဒီလိုပါပဲကွာ..ဒါနဲ့ ဟိုနေ့က အပ်ထားတဲ့ လမ်း၃၀က Iphoneနှစ်လုံး upgradeလုပ်တာ ရပြီလား"
personalနဲ့ အလုပ်ကိစ္စ မရောထွေး တတ်သော မြတ်သူအောင်ပင်။ခပ်ညစ်ညစ် ဖြစ်နေသော စိတ်တွေကို ရေချိုးခန်း ဘေစင်အောက် ရေဖွင့်ကာ ခေါင်းမှစတင်၍ အစိုခံလိုက်တော့သည်။ရေစိုသွားသော မျက်နှာကို မှန်ထဲတွင် ကြည့်လိုက်သောအခါ ပူနွေးနွေး အရည်တချို့ မျက်လုံးအိမ်မှ အလိုက်မသိစွာ ကျဆင်းလာသည်။
"ဟာ.!!!! စစ်နိုင်ထူး...."
---------------------------
အလုပ်ဆင်းချိန် ရှိုင်းကို ညီလင်းပိုင်နှင့် မိတ်ဆက်
ပေးရင်း သောက်ကြရန် ချိန်းထားလိုက်လေသည်။Serviceပိုင်းမှ ရန်အောင်ကိုပါ အဖော်အဖြစ် ခေါ်လာခဲ့လေသည်။ဘားထဲသို့ ရှေ့ဆုံးမှ ဝင်လာသူမှာ ရှိုင်းဖြစ်သည်။အပြဲများပါသော ဂျင်းဘောင်းဘီနှင့် ခါးရှည်တီရှပ် အနက်ရောင်ကို ဝတ်ဆင်ထားလေသည်။Maskတပ်ထားသော်လည်း ရှိုင်းခန့်မောင်မှာ ထင်းနေတော့သည်။ခပ်လှမ်းလှမ်းနောက်မှာ လိုက်လာတာ ကတော့ ညီလင်းပိုင်ပင်
ဖြစ်သည်။ မိုးပြာရောင် ဂျင်းဘောင်းဘီနှင့် တီရှပ်ခဲဖျော့ဖျော့ကို ဝတ်ထားလေသည်။ ဆံပင်ခပ်အုပ်အုပ်လေးဖြင့် ရှိုင်းချစ်ရသည်မှာ မဆန်းလောက်ပေ။
أنت تقرأ
သိမ်းပိုက်....🍃
عاطفيةညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...
