ညနေခင်း အိမ်ပြန်ရောက်ချိန် ထမင်းစားဝိုင်းမှာ ဖွယ်ဖွယ်ရာရာမို့ ဦးစံကို မေးငေါ့ကာ မေးလိုက်ရသည်။မီးဖိုချောင်ထဲ ပန်းကန်တွေ စီနေသော ဦးစံနားသွားကာ။
"ဒီနေ့ အစုံပဲ ချက်ထားတာ၊ ဘာပွဲရှိလို့လဲ ဦးစံရ"
မျက်မှန်ကိုင်းအောက်မှ မျက်လုံးအဝိုင်းသားဖြင့် ဦးစံကကြည့်ကာ။
"မင်းသား ဒီနေ့ မင်းဖေဖေ မွေးနေ့လေ"
"ဗျာ!!"
ထအော်လိုက်တဲ့ ရှိုင်းကို လက်မောင်းမှ ဆွဲကိုင်ကာ။
"ရှုး..တိုးတိုး ဒီကိစ္စ မင်းသားအဖေက စိတ်ဆိုးနေတာနော်၊ အခု ဘာစီစဉ်ထားတာ ရှိလဲသားက"
ပိုင့်ကြောင့်ကော၊ အလုပ်တွေကောနှင့် ဖေဖေ့မွေးနေ့ကို မေ့နေခဲ့လေသည်။ဖေဖေ ဘာကြိုက်တတ်
လည်း သိသော်လည်း၊ ဖေဖေက ဘာမှမလိုအပ်သူ တစ်ယောက်မဟုတ်လား။ပိုင့်ကို အကြံတောင်းရန် စာလှမ်းပို့လိုက်သည်။မိန်းနား ထွက်ခဲ့ဖို့ ပြောတာကြောင့် ညစာမစားခင် ကမန်းကတန်းထွက်လာလိုက်သော ရှိုင်းပင်။
လက်ထဲကို ထည့်လာပေးသော စက္ကူကားချပ်လေး တစ်ခု။ဘေးမှ စာတန်းလေးက
Happy Birthdayဖေဖေလို့ ရေးထားသည်။
"ဒါက...ဒါက.."
ပိုင်ကသူ့ကို ပြုံးလျက် ကြည့်ကာ။
"ကိုပဲ ပြောဖူးတယ်လေဗျာ၊ ဖေဖေ့က ကို့ဘဝရဲ့ No1ပဲဆို မွေးနေ့ကို မေ့နေလို့ရမလားဗျာ၊ ပိုင်မှတ်မိပါတယ် ဆွဲထားတာ အရင်အပတ်ကတည်းက၊ အန်ကယ် ကြိုက်မယ်ထင်တာပဲ"
ထိုသို့ပြောလိုက်ရင်း ဆိုင်ကယ်ပေါ် ထိုင်လိုက်လေသည်။အပင်တန်းလေးနားက ဖြတ်တိုက်လာသော လေပြေကြား ပိုင့်၏ဆံနွယ်လေးများ လှုပ်ခါသွားတော့သည်။ပိုင်က သိပ်ကို မြတ်နိုးဖို့ကောင်းသည်။ဘယ်တော့မှ ရှိုင်းလက်မလွှတ်ခံနိုင်သော လူသားတစ်ဦး။လူရှင်းသည့် ညနေခင်းလမ်းကြားတွင် တင်းကျပ်စွာ ဖက်ထားလိုက်သည်။Baby Mild
ပေါင်ဒါနံ့ကို ပိုင့်၏ လည်ပင်းနားမှ ခပ်သင်းသင်း ရလိုက်မိသည်။
"မွှေးနေရောကွာ ကလေးလေးလား ပိုင်ကဟင်..."
ရှိုင်း၏နှုတ်ခမ်းလေးကို ပိုင့်၏လည်ပင်းကြား နစ်ဝင်နေလိုက်တော့သည်။သဘောတကျရယ်သွားသော ပိုင်မှာရှိုင်း၏ခေါင်းကို ပိုက်လိုက်ကာ။
BINABASA MO ANG
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...
