Part 49 <သိမ်းပိုက်>

5.2K 409 19
                                    


တစ်ခုသော မန္တလေး​၏ နွေဦးတွင် ကျုံး​၏အရှေ့
ဘက်ခြမ်းတွင် စိန်ပန်းပွင့်များဖြင့် တင့်တယ်လျက်
ရှိလေသည်။ ကျုံး​၏အရှေ့ဘက် လမ်းမခြမ်းတွင် အညိုရောင် သစ်သားနှင့် အုတ်ခံတိုက်လေးသည် မျက်နှာချင်းဆိုင် လမ်းမပေါ် မေးတင်လျက်ရှိ
လေသည်။ ဝင်ဝင်ချင်းတွင် ရွက်လှ အလှပန်းအိုး နှစ်အိုးကို ထားရှိလေသည်။

အဝင်ပေါက်ဝမှ စတင်၍ လှပစွာ ချိတ်ဆွဲပြသထားသော ပန်းချီကားများကို တွေ့ရလေသည်။အရောင်
အသွေးစုံလင်လှသော ရှုခင်းပန်းချီများနှင့် မန္တလေး​၏ အငွေ့အသက်များကို ခံစားနိုင်သော ပန်းချီများကို ခင်းကျင်းထားသည်။ ရိုးရှင်းသော ပရိဘောဂများနှင့် ပြခန်း​၏ အပြင်အဆင်မှာ တည်ငြိမ်သည်။ ဧည့်ခန်းနေရာတွင် ကျွန်းသားဖြင့် ပြုလုပ်ထားသော စားပွဲနှင့်ခုံတန်းရှည်များ ရှိလေသည်။ မန္တလေး​မြို့တွင်နိုင်ငံခြားသားများကို ဆွဲဆောင်ထားရာ ပန်းချီ
ပြခန်း တစ်ခုဖြစ်လာခဲ့သည်မှာ ၁နှစ်ကျော်ခန့်ရှိလေပြီ။

ကောင်တာတွင် သင်းထက်က စာရင်းလုပ်နေလေ
သည်။ ထက်အောင်မှာ လာရောက်သော ဧည့်သည်
များကို စကားပြောကာ ဧည့်ခံလျက်ရှိသည်။
ညီလင်းပိုင် တစ်ယောက်တည်း အလုပ်များသည့်အခါတိုင်း လာရောက် ကူညီပေးကြလေသည်။ ဧည့်သည်ပါးချိန် အနားရောက်လာခဲ့သော ထက်အောင်မှာ

"ကိုယ် ဘာကူပေးရမလဲ သင်း..."

"ရပါတယ်...ပြီးတော့မယ် ဒီဟာလေးတစ်ခုပဲ"
အရောင်းစာရင်းကို ချရေးလိုက်ရင်း ညာဘက်လက်
မှ ရွှေလက်ကောက်လေးကို ဂရုတစိုက်ကြည့်လိုက်
ကာ ထက်အောင်မှ

"ကိုယ်...ပိုကြိုးစားမှာ သိလား..."

"အင်း...ကြိုးစားပေါ့၊ ကြိုးစားတဲ့သူတိုင်း တန်ဖိုးရှိတာပဲကို"

"ကိုယ့်ကို ဘယ်တော့ အိမ်ခေါ်မှာလဲ"

"မေမေ...တို့ကတော့ နောက်လလောက် လာခဲ့ပြောတာပဲ"

"ဟုတ်လား...ယောက္ခမကြီးနဲ့ တွေ့ရတော့မယ်"

သင်းထက်သည် ခေါင်းညိတ်ပြကာ ရှက်နေတော့
သည်။ နောက်နားဆီမှ ခြေသံကို ကြားလိုက်ရလေသည်။

သိမ်းပိုက်....🍃Where stories live. Discover now