Part 7 <သိမ်းပိုက်>

9.4K 986 19
                                    



စားပွဲပေါ်က ခေါက်ဆွဲကြော်ကို ဟိုငရှုပ်မွှေနေတာ တော်တော်ကြာနေလေပြီ အခုထိမတို့ရသေးပေ။မျက်နှာကမှိုအပွင့်တစ်ရာ ရထားသည့်နှယ် အချစ်ဦးနဲ့တွဲရတာ အဲ့လောက်ပျော်စရာ ကောင်းလားတော့ သေချာမသိပါ။စိတ်ရှုပ်လာတာမို့...

"အင်း..မင်းဘယ်တော့ မိတ်ဆက်ပေးမှာလဲ?အချိန်တွေပေါနေတယ် ထင်နေတာလား"

ရှိုင်းရဲ့အပြောကြောင့် မျက်နှာကို ဝင့်ခနဲမော့လာကာ..
"ဒါက..ငါ့ရဲ့ကိုစစ်၊ စစ်နိုင်ထူး..အပြည့်အစုံက ငါရဲ့ချစ်သူ..သဘောပါလား..?"

တကယ်မလွယ်တဲ့ မြတ်သူအောင်ပါ ကြွားကကြွားသေးသည်။သူကြိုက်နေတာ အစောကတည်းကမှန်း သူကမသိဘူးဆိုတော့။
လက်ဆွဲကာ နှုတ်ဆက်လိုက်ပြီး တစ်ဖက်လူကရည်ရည်မွန်မွန်  ပြုံးပြလာသည်။ သူ့ဘက်ကတော့ တည်ငြိမ်လျင်ပင်။

"ဒီကောင်ကြီးကမလွယ်ဘူးနော်..ကိုစစ်နိုင်ထူး.သူကမူးရင်လဲ တွေ့တဲ့နေရာ ထိုးအိပ်လိုက်တဲ့သူ။ တွေ့တဲ့နေရာမှာ လဲထိုးအန်သေးတယ်.."

ရုပ်တည်နဲ့ ထပြောလိုက်တဲ့ ရှိုင်းရဲ့စကားကြောင့်
မျက်လုံးပြူးကာ တစ်ဖက်ခုံကနေ ပြေးလာသော မြတ်သူအောင်ပင်ဖြစ်သည်။

"ဟာ..!ဟေ့ကောင်."
ပါးစပ်ပြေးပိတ်လိုက်တာမို့ ဆက်မပြောနိုင်တော့ စကားဝိုင်းကပို၍ တက်ကြွအသက်ဝင်လာသည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေတာကိုကြည့်ကာ ထိုသူကပင်။
"ဟုတ်ကဲ့..ကျွန်တော့်ဘက်က ဘာပဲဖြစ်ဖြစ် ချစ်တာမို့..သည်းခံနိုင်ပါတယ်ဗျ"

ချက်ခြင်း တည်ငြိမ်သွားတဲ့ မြတ်သူအောင်တစ်ယောက် Dramaစချိုးတော့သည်။

"ကိုစစ်..က..လဲ"
ရှိုင်းနားက ကထကာ စစ်နိုင်ထူးလက်ကိုတွဲ၍ ချွဲချွဲနွဲ့နွဲ့ပြောနေသော မြတ်သူအောင်ပင်ဖြစ်သည်။

အမလေး..ကျွန်တော် အသည်းယားမိတာတော့အမှန်ပင် နေ့ခြင်းညခြင်း ပိုပျော့ပြောင်းလာတဲ့ မြတ်သူအောင်ပုံစံကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ အချစ်နဲ့ထိတွေ့ရင် လူတွေတိုင်းကဆယ်ကျော်သက်ဆိုတာ ဒါမျိုးနေမှာ အဆိုတော်စိုင်းစိုင်းကို ချီးကျူးရပေသည်။

သိမ်းပိုက်....🍃Donde viven las historias. Descúbrelo ahora