ဧည့်သည်လာနေတယ် ဆို၍ အောက်ထပ်ကိုပြေးဆင်းလာတော့ နောက်ဖေးလမ်းကြားမှာ ကျောပေးထားတဲ့ ကိုရှိုင်းခန့်ကို မြင်လိုက်သည်။ဓာတ်မီးတိုင်နဲ့ မလှမ်းမကမ်းမို့ မှောင်ရိပ်ကွယ်နေသည်။ပန်းခြုံပင်ကြီးနားက ချောင်ခပ်ကျကျမို့ သေချာမမြင်ရချေ။ ညနေစောင်းကမှ ပြန်လိုက်ပို့ပြီး ထပ်လာတာကြောင့် အကြောင်းထူးရှိမည်ဟု ယူဆလိုက်သည်။
"ဘာကျန်ခဲ့လိုလဲ ကိုရှိုင်း..."
ကိုရှိုင်းလို့ခေါ်တဲ့ အသုံးအနှုန်းကြောင့် ထွေပြားနေရာမှ ဒေါသဘက် ကူးပြောင်းလာသော စိတ်ကြောင့်...ညာဘက်လက်ကို ကြမ်းတမ်းစွာ ဆွဲညှစ်လိုက်သည်။ လက်ထဲကဖုန်းလေးက မြေကြီးပေါ် ကျသွားလေသည်။ နာကျင်မှု့နှင့်အတူ စူးရဲစွာကြည့်လိုက်တော့ ဝမ်းနည်းနေပုံပေါ်တဲ့ ထိုလူကြောင့်
စိတ်တွေက ဝေဝါးသွားရသည်။
"ဘာလုပ်တာလဲဗျာ..လက်လဲနာနေပြီ..အကိုကဘာကို.မကျေနပ်တာလဲဗျာ.."
လက်ကိုဆွဲဖယ်ရင်း ပြောလာသည်။ ညီလင်းပိုင်သည် အဖြူရောင်ဝမ်းဆက် ညအိပ်ဝတ်စုံလေးဖြင့်
ညမီးရောင်အောက်တွင် ထင်းနေလေသည်။ အနီးအနားက ညဘက်ထမင်းကြော်ဆိုင် ပိတ်ချိန်မို့ လူသွားလူလာ ပျက်သွားလေပြီ။
တုန်ယင်လှိုက်မောစွာဖြင့် သူ့ကိုစိုက်ကြည့်ကာ...
"မင်းလဲ.သူ့လိုပဲလား.ညီလင်းပိုင်"
"ဘာ..ကို?"
ဘာကိုမှ မစဉ်းစားလိုက်နိုင်ခင်မှာပင် ရှိုင်းသည် ဘာမှမတွေးတော့ဘဲ ညီလင်းပိုင်ကိုဆွဲကာ ဖိကပ်နမ်းလိုက်လေသည်။ အဖြေမရှိ အမေးမရှိတဲ့ လူနှစ်ဦးကြား အသက်ရှုခြင်းသာ ဝင်ရောက်လာခဲ့သည်။တစ်ယောက်သောသူရဲ့ ရင်တွေကရအဆမတန် ခုန်မြန်နေခဲ့သည်။ ညီလင်းပိုင်ရဲ့ နှုတ်ခမ်းပေါ်ကို မနူးညံ့သော၊ မညင်သာသော အနမ်းတွေပေးနေသည့်ရှိုင်း...။ ဘာကိုမှမတွေးဘဲ လုပ်လိုက်မိသော်လည်း ဆွဲငင်မှု့ကို ခံစားရတာကြောင့် လွှတ်မပေးဘဲ ဖိကပ်ထားမြဲဖြစ်သည်။
လမ်းမီးတိုင် မှောင်ရိပ်နား တဖြည်းဖြည်း တိုးကပ်စေကာ အကြင်နာများကို ရပ်လို့မရတော့ပြီ။ညီလင်းပိုင်ရဲ့နှုတ်ခမ်းဆီမှ ရသောCloseupအနံ့ကို သဘောကျလှသည်။ ပြောင်းလဲလာသော တစ်ဖက်သတ်ဆန်သော အနမ်းတို့ကို ရှေ့ဆက်သည်။အပေါ်နှုတ်ခမ်းပါးကို ထိကပ်မိသော အနမ်းကြားတွင် ရှိုင်းသည် ညီလင်းပိုင်၏ ခါးသိမ်သိမ်လေးကို ဆွဲယူကာ ပိုမိုတိုး၍..တိုး၍..နမ်းရှိုက်တော့သည်။
VOUS LISEZ
သိမ်းပိုက်....🍃
Roman d'amourညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...
