Part 12 <သိမ်းပိုက်>

8.2K 977 19
                                    

4ယောက် Groupတစ်ဖွဲ့မို့ ညီလင်းပိုင်တို့အဖွဲ့က လူခွဲစရာမလိုတော့ပေ။Fresher Welcomeအတွက် တစ်ခုခုဖျော်ဖြေဖို့ တိုင်ပင်ဆွေးနွေးနေကြသည်။ အချိန်အားဖြင့် နေ့လည်ခင်းဖြစ်တာကြောင့် ခေါင်းတည့်တည့်က နေရောင်က ကျောင်းခန်းပန်ကာကို
မထီမဲ့မြင်လုပ်နေလေသည်။

"ကဲ..နင်နဲ့ငါကပြီးပြီ ကညာပျိုနဲ့ ဇယာအိုပဲဟာသထည့်မယ်ဟာ ရယ်ရလောက်မယ် ဟိဟိ.."
ကညာပျိုနှင့် ဇယာအို ခေတ်ဟောင်းတေးကို ဆန်းသစ်ရန်အကြံထုတ်ကြသည်။ သင်းထက်က ဇယာအိုလုပ်ပြီး၊ ချမ်းက ကညာပျိုဆိုတော့ စဉ်းစာရုံဖြင့်ပင်ရယ်နေရလေသည်။ ဝေချမ်းရဲ့ကိုယ်က ပြည့်ပြည့်ကို ဒေါက်ဖိနပ်နဲ့၊ ထမီနဲ့အတော်ရယ်ရမည်ဟုတွေးကာ ညီလင်းပိုင်တစ်ယောက် သဘောကျနေလေတော့သည်။

ချမ်းနဲ့ သင်းထက်ကနှစ်ပါးသွားမည်ဆို၍
ထက်အောင်က ဖင်တကြွကြွဖြင့် ဘာလုပ်ရမလဲ အခုထိမစဉ်းစားရသေးပုံပေါ်သည်။
ရေခဲရေကို တစ်ချက်မော့လိုက်ရင်း ညီလင်းက ထက်အောင်ကိုကြည့်ကာ..

"မင်းတစ်ခုခုလုပ်လေ..ငါကတော့သီချင်းဆိုမှာ"

"ဟေ့ယျောင်..အဲ့တော့ငါတစ်ယောက်တည်း၊ငါမှသီချင်းမဆိုတတ်တာ မင်းကလည်း.."

"ကပေါ့ဟ..မင်းကလည်း..ဒီလို..ဒီလိုတွေ"
လက်နှစ်ဖက်ကို မြှောက်ရင်း ကပြနေသော ညီလင်းကြောင့် အကြံတစ်ခုပေါ်လာပြီးမှ။

"အေး..သိပြီ၊ မင်းငါနဲ့ကပေးပါလားကွာ.နော်..နော်"

"No..ငါသီချင်းဆိုမှာ."
ခေါင်းကိုခါပြရင်း ယပ်တောင်ကို တဖျတ်ဖျတ်ခပ်နေလေသည်။ ဆံပင်ကနဖူးကို ဖုံးနေတာကြောင့် ထိပ်မှာအထုံးလေး စည်းထားသည်မှာ ချစ်ဖို့ကောင်းလှပေသည်။

"လုပ်ပါကွာ..ဈေးကိုင်နေပြန်ပြီ.."

ညိလင်းပိုင်​၏ ပခုံးနှစ်ဖက်ကို ဆွဲခါလိုက်သည်။
"ဘာ..အကကမှာလဲပဲပြော"

မဟုတ်တာ လုပ်တော့မယ်ဆို ရယ်ကျဲကျဲနဲ့ ထက်အောင်အကြောင်း သိတာကြောင့် ကြောက်ရသည်။

" ရန်ကုန်သားနဲ့  မန္တလေးသူ."

"ခွီး..မင်း..ငါ့မိန်းမ လုပ်မယ် ပေါ့..ဟား.ဟား.."
အားရပါးရရယ်ချလိုက်သော ညီလင်းကြောင့်
မျက်ခုံးကိုပင့်လိုက်ကာ ထက်အောင်က။

သိမ်းပိုက်....🍃Tempat cerita menjadi hidup. Temukan sekarang