Part39 <သိမ်းပိုက်>

4.8K 454 30
                                    



ဒုတိယမြောက် သတင်းစာရှင်းလင်းပွဲတွင် စုရုံး စုရုံး ရောက်ရှိနေကြသော သတင်းထောက်များ ရှိနေလေသည်။ ခန်းမအတွင်းသို့ ရောက်နှင့်နေပြီဖြစ်သော
ရှိုင်းခန့်မောင်မှာ စိတ်ကို အတည်ငြိမ်ဆုံးထားကာ ပြောရမည့် စကားများအတွက် စိတ်မအေးနိုင် ဖြစ်နေတော့သည်။ ညီလင်းပိုင်ကို ဖုန်းခေါ်သော်လည်း မကိုင်တာကြောင့် မရွှင်မပျ ဖြစ်နေတော့သည်။ မိုက်ကိုကိုင်လိုက်ရင်း အခမ်းနားနှင့်ပွဲတက်ရောက် လာသူများကို ကျေးဇူးတင်ပါကြောင်း စတင်ပြောသော မန်နေဂျာကိုသန်းဝေပင်။
ထို့နောက် ရှိုင်းခန့်မောင်မှ မိုက်ကိုကိုင်လိုက်ရင်းမတ်တတ်ရပ်လိုက်လေသည်။

"ကျွန်တော် အရင်ဆုံး တောင်းပန်တယ်လို့ပြောပါရစေဗျ၊ ကျွန်တော်ဆိုတာ ပရိသတ်ကြောင့် ဖြစ်လာရတာပါဗျ၊ အဲ့အတွက် စော်ကားသလို ဖြစ်သွားတဲ့ ကျွန်တော့်ရဲ့ လုပ်ရပ်အတွက် အနူးအညွတ် တောင်းပန်ချင်ပါတယ်ဗျာ၊ ဒီကိစ္စကို ကျွန်တော့်
ဘက်က မဖြစ်ခဲ့ဖူးလို့ မငြင်းပါဘူးဗျ၊
သို့ပေမယ့် ကျွန်တော့်ကို လုပ်ကြံခဲ့သူဟာ တစ်စုံတစ်ယောက် အလေးအနက် ထားရတဲ့ နေရာတစ်ခုမှာ ရှိနေတာကြောင့် ကျွန်တော့်ဘက်က သိုသိပ်နေခဲ့တာပါ"

သတင်းထောက် တစ်ယောက်သည် လက်ကိုလှမ်းထောင်ပြလိုက်ရင်း

"အဲ့ဒါဆို အဲ့ကိစ္စက တကယ် အမှန်အကန်ပဲပေါ့ဗျာ"

"ဟုတ်ပါတယ်ဗျ မှန်ကန်တယ် ဆိုရင်တောင် ကျွန်တော် အဲ့ဒီအချိန်က မူးနေခဲ့ပါတယ်ဗျ၊အသိစိတ်လွတ်နေတယ်ဆို ပိုမှန်ပါလိမ့်မယ်"

သတင်းထောက် တစ်ယောက်က ထလိုက်ရင်း

"အသိစိတ်လွတ်အောင် မူးနေတယ်ဆိုရင်တောင်၊ ခင်ဗျားအပေါ်မှာ လူရောက်နေတာ မနိုးနိုင်အောင် ဖြစ်နိုင်လို့လားဗျာ၊ ကန်တော့ပါ ကျွန်တော့်မှာလည်း အိမ်ထောင်နဲ့ပါ၊ ဒီလိုကိစ္စတွေက ယောကျာ်းလေးတိုင်း သိတယ်ဗျ"

ရှိုင်း​၏လက်တို့မှာ အနည်းငယ်တုန်ယင်နေတော့သည်။ တည်ငြိမ်အောင် ကြိုးစားလိုက်
ရင်း

"ကျွန်တော်က ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဘူးဗျ၊ ကျွန်တော့်ရဲ့ Biographyမှာလည်း ပါပါတယ်ဗျာ"

သိမ်းပိုက်....🍃Место, где живут истории. Откройте их для себя