Part 41<သိမ်းပိုက်>

5.1K 462 12
                                        


စကားစ ပျက်သွားရာ ဖုန်းကိုအာရုံရောက်သော ထက်ယံလင်းပင်။ University Dining
Hall တွင်ရောက်ရှိနေကြသည်။ စန္ဒာလင်းဉာဏ်
သည် မြန်မာမိန်းကလေး သူငယ်ချင်းဖြစ်သည်။ စင်္ကာပူတွင် အနေများ၍ အသားအရေမှာ ဖြူဝင်းသည်။ မျက်ခုံးထူထူ၊ နှာတံချွန်ချွန် နှုတ်ခမ်းချွန်ချွန်တို့မှာ အနောက်တိုင်းသူ ဆန်သည်။ စကပ်တိုတိုနှင့် ပန်းရောင်ခါးတိုလေးကို ဝတ်ဆင်ထားလေသည်။ UNSW University ​၏ MBA programတက်
ရောက်နေသော အရှေ့တိုင်းသူထဲတွင် စန္ဒာလင်းဉာဏ်က အချောအလှဆုံး ဖြစ်လေသည်။

ထက်ယံလင်းအနားက ခပ်မိုက်မိုက်မိန်းမလှလေး တစ်ယောက်ဖြစ်လေသည်။ စကားပြောတာ မကြားတာကြောင့် ထက်ယံလင်း​၏ လက်မောင်းကို ပုတ်လိုက်လေသည်။

"ဟေး...ယူနည်းနည်း များနေပြီနော်၊ အိုင်ပြောနေတာ ကြားရဲ့လား"

အာရုံရောက်နေသော ဓာတ်ပုံလေးကို save
လိုက်ရင်း မော့ကြည့်လိုက်သော ထက်ယံလင်းပင်။

"Sorry ကိုယ်မကြားလိုက်ဘူး"

"သိတယ်...ဟွန့်!, ယူနဲ့ဆို အရမ်းroleကျတာပဲ သိလား...ပြောနေရင် နားမထောင်ဘူး၊ စာဆွေးနွေးနေတာရှင့် Assignmentအတွက်"

"ဟုတ်ကဲ့ပါ ပြောပါဗျ"

ခုံမှာထိုင်နေသော ထက်ယံလင်းသည် ဂျင်းဘောင်းဘီ နက်ပြာရောင်နှင့် polo ရှပ်အင်္ကျီ အပြာရင့်ရောင်ကို ဝတ်ဆင်ထားလေသည်။ ခြေတစ်ဖက်ကို ဟန်ပါပါချိတ်ကာ လက်ဖဝါးနှစ်ဖက်ကို ယှက်သွယ်လိုက်သည်။ ဘယ်ဘက်လက်သူကြွယ်တွင် ရှိနေသော လက်စွပ်ကို မျက်ကွယ်ပြုလိုက်ကာ ခုံက်ိုအနားဆွဲတိုးလိုက်သော စန္ဒာလင်းဉာဏ်ပင်။

"ဒီနားလေးကကွာ Timeline ဆွဲရမယ်ထင်တယ်၊ ယူ့ဟာက Dateပဲပါတယ် resource ထည့်ရမယ်"

laptop ကို လက်ညှိုးထိုးပြရင်း ကိုယ်ကိုစောင်းလိုက်တာကြောင့် ထက်ယံလင်း​၏ ဘက်ဘက်ရင်အုံနား ဆံနွယ်ခွေခွေလေးများ ထိကပ်လာသည်။ ရေမွှေးနံ့နှင့် အမွှေးနံ့သင်းသင်းကို အတိုင်းသား ရလိုက်လေတော့သည်။

"ဟုတ်ကဲ့ပါ....ခုနက ကျွန်တော် မကြားလို့ အခုပြန်
ပြင်လိုက်မယ်"

"အင်း.အင်း"

Laptopကိုအာရုံစိုက်ကာ စာရိုက်နေသော ထက်ယံလင်းကို ဘေးတစောင်းတွေ့ရလေသည်။ ယောကျာ်းပီသသလို တည်ကြည်ခံ့ညားမှု့ကို တိတ်တခိုး ခံစားလိုက်ရသည်။

သိမ်းပိုက်....🍃Место, где живут истории. Откройте их для себя