Part22<သိမ်းပိုက်>

7.1K 607 28
                                        

ဒုတိယ စာသင်နှစ်ဝက် ကုန်ဆုံး လာလေပြီ။မန္တလေးသည်လည်း ပူပြင်းခြောက်သွေ့သော နွေရာသီကို ထားရစ်ခဲ့ကာ။ မိုးတွင်းကာလမှ ဆောင်းငွေ့ငွေ့ ကို ကူးပြောင်းစ ပြုနေလေသည်။ချစ်စရာ ကောင်းလှသော ရာသီဥတုများနှင့် မန္တလေးမှာ မြတ်နိုးဖွယ်ကောင်းလှသည်။ မနက်ခင်း ၅:၀၀လို အေးမြနေတာတောင် ရှိုင်း​၏တာဝန်မပျက် လုပ်ရသောအရာမှာ ညီလင်းပိုင် နိုးမလာခင် အရောက်သွားကြည့်ခြင်း ဖြစ်သည်။ အချစ်ကို နူးနူးညံ့ညံ့သာ ထိတွေ့ချင်သည်၊ အလှပဆုံး နီးစပ်ချင်သည်။ယောကျာ်းလေး နှစ်ယောက်ဖြစ်တာမို့ စိတ်အခန့်မသင့်ရင် ပြဿနာ အချို့ ရှိခဲ့ရသော်လည်း။ ရှိုင်းဘက်ကပင် စတင် အလျှော့ပေးလာ တတ်လေသည်။ မာနခဲလေး ရှိုင်းတစ်ယောက် မာန်လျော့သွားလေပြီ။

ဆိုင်ကယ်လေးက အဆောင်နား ခပ်လှမ်းလှမ်းက မန်ကျည်းပင် အောက်မှာ ရပ်လိုက်လေသည်။ မန်ကျည်းကိုင်းများမှ နှင်းငွေ့ရေစက်လေးများ ပခုံးပေါ် တဖြောက်ဖြောက် ကျလာလေသည်။
အေးလာတာမို့ လက်အိတ်တစ်ဝက်ပဲ ဝတ်လာမိတာကို နောင်တရလာရသည်။ ကမန်းကတန်း ထလာတာမို့ Hoodieအပါး တစ်ထည်သာဝတ်ထားလေသည်။ အေးနေပြီဖြစ်သော လက်ချောင်းများကို အာငွေ့ပေးရင်း အဆောင်ဘက် လှမ်းကြည့် နေလိုက်သည်။ ပြတင်းပေါက် တံခါးတစ်ခု ပွင့်လာပြီး ထွက်ပေါ်လာသော ကောင်လေးကြောင့်ကြည်နူး လာရသည်။

အိပ်ချင်မူးတူးနှင့် မျက်စိကို မှိတ်ကာ ပြတင်းပေါက်ကနေ အအေး ခံနေသော ကောင်လေး ဖြစ်သည်။ ဆံပင်လေးက ရှုပ်ပွနေသလို၊ အိပ်ထား၍ ပါးမှာ ဖောင်းဖောင်းလေး ဖြစ်နေလေသော ရှိုင်း​၏ တစ်ဦးတည်းသော ညီလင်းပိုင်ပင်။ အေးနေတာပင် နွေးထွေးလာရသလို၊ မနက်ခင်းတိုင်း လူမသိသူမသိ စောင့်ရှောက် ရတာကို ရှိုင်းသဘောတကျ ရှိလှသည်။

ပတ်ဝန်းကျင်ကြောင့် ကျောင်းကို အတူတူ မသွားဖြစ်ကြသော်လည်း၊ နေ့လည်စာကို အတူတူ စားဖြစ်ကြလေသည်။ လူမသိသူမသိ ခိုးခိုးတွေ့ရသည့် ကျောင်းတွင်း နေရာမှာစုံလှသည်။ ဒီဇင်ဘာလမှာ သူတို့နှစ်ဦး​၏ ချစ်သူသတ်တမ်း ၇လပြည့်လေပြီ။ ရှိုင်းရဲ့ မွေးနေ့လည်း ရှိတာမို့ အမှတ်တရ တစ်ခုခုစီစဉ်ရန် တွေးတော ထားလေသည်။ ရှေ့က ညီလင်းပိုင်နောက်ကပင် အပြေးလေးလိုက်ကာ သိပ်အသုံးမပြုသော ကွန်ပျူတာ အခန်းထဲ ဝင်လိုက်ကြလေသည်။

သိမ်းပိုက်....🍃Место, где живут истории. Откройте их для себя