Part 3 <သိမ်းပိုက်>

12.5K 1.2K 38
                                    


အဆောင်ပိုင်ရှင် အန်တီကသဘောကောင်းတာကြောင့် အခန်းကောင်းကောင်း စီစဉ်ပေးသည်။
ကျောင်းက မိန်းနားဆိုသော်လဲ ကျောင်းဝင်းထဲကျောင်းသားအဆောင်မရှိ၍ အပြင်ဘက်တွင်သာ ဌားနေကြရသည်။ ယခုအမျိုးသားဆောင်မှာ RC 5ထပ်ကို ဆေးကျောင်းနှင့်လဲနီးတာကြောင့် သပ်ရပ်သန့်ရှင်းလှသည်။

ဝင်းထဲမှာ ရောင်စုံပန်းပေါင်းစုံဖြင့် သင်းထုံလျက်.. သနပ်ခါးပင်၊ ရွက်လှ၊ အလှပန်းများမှာလဲစုံလင်လှသည်။ ပိုင်ရှင်အန်တီက ခွေးလေးတစ်ကောင် မွေးထားသေးသည် နာမည်နဲ့လိုက်အောင် လုံးလုံးတဲ့။

အဆောင်က ပစ္စည်းအစုံထားပေးထားတာမို့ နေရာချခြင်းမှာ ၁၅မိနစ်ပင်မကြာလိုက်။ ပြတင်းပေါက်နှင့် လမ်းဘက်ကျသော အခန်းရသည်မို့ လမ်းမပေါ်ကရှု့ခင်းများကအတိုင်းသား။
အပေါ်ဆုံးထပ်ကမို့ မန္တလေးရဲ့ကျုံးကြီးအလှကို အခန့်သားမြင်နေရသည်။ ရန်ကုန်နှင့်မတူ ဆိုင်ကယ်မြို့တော်မို့ စည်ကားလျက် ရှိလေသည်။

ညနေစောင်း ရေမိုးချိုးပြီးချိန် ထက်အောင်နှင့်အတူ အပြင်ထွက်ရန်ပြင်လိုက်သည်။ polo shirtအပြာလေးနဲ့ ဂျင်းဘောင်းဘီအတိုကို ဝတ်ဆင်ထားသည်။ လန်းဆန်းတက်ကြွတဲ့ လူငယ်လေးအသွင်ကို ပိုမိုပေါ်လွင်လာစေသည်။ အောက်ရောက်တော့ ဆိုင်ကယ်နဲ့စောင့်နေတဲ့ ထက်အောင်ကြောင့်..

"လာ..တက် ဟေ့ယျောင်"
ဆိုင်ကယ်အမြင့်ပေါ်မှနေ၍ ပြောလိုက်သည်။

"ဟာ..ဆိုင်ကယ်နဲ့လား..ဘယ်ထိသွားမှာလဲ"

"လာပါ..ကြောက်လို့လား..မင်းဘာစားမလဲ မသိဘူးလေ ဒီအနားမှာက မင်းစားရင်နှစ်ပေါက်မှာမဟုတ်ဖူး.."

"ဘာလို့..?"

"ဟုတ်တယ် ဒီနားမှာပုံစားတွေပဲရှိတာ..မင်းကြိုက်လို့လား..ချဉ်ဖက်တွေ၊အရွက်ကြော်၊အသားအကုန်တူတူပဲ တစ်အိုးထဲက အရသာဒီတစ်မျိုးထဲထွက်မှာ"

မျက်နှာကို မဲ့လိုက်ရင်း...
"တော်ပြီ..အဲ့ဒါတော့မစားချင်ဘူး"

"အေးဆို..တက်ပါ...အကင်လိုက်ကျွေးမယ်"

"အေး..အေး"
ဆိုင်ကယ်က ဒိုကြီးမို့မြောက်ကြွမြောက်ကြွ အရှိန်ကလဲနဲတာမဟုတ်...လေအတိုက်မှာလူကလွင့်သွားတော့မည်။ ဇာတ်ကားထဲမှာက မင်းသားကို မင်းသမီးက ဖက်တာက ကြည့်ကောင်းတယ် အခုအခြေနေကယောကျာ်းခြင်းမို့ နောက်ကကြိုးတွေရှုပ်နေတဲ့တန်းသာ ကိုင်လိုက်လာခဲ့လိုက်သည်။

သိမ်းပိုက်....🍃Where stories live. Discover now