Part 19 <သိမ်းပိုက်>

7K 724 26
                                    


လိုက်ကာကြားမှ တိုးဝင်လာသော နေရောင်ခြည်လေးကြောင့်လည်းကောင်း၊ စွတ်စိုအေးစက်သော ဆောင်းလေအေးအေးကြောင့်
လည်းကောင်း၊ လှုပ်လှုပ်ရွရွဖြင့် နိုးလာခဲ့သော ညီလင်းပိုင်ပင်။ သူ..ခေါင်းအုံး အိပ်နေခဲ့တာ ဆေးရုံကုတင်ပေါ်မဟုတ်သလို၊ ခေါင်းအုံးပေါ်လည်းမဟုတ်ခဲ့ပါ။ အတန်ငယ် တင်းမာသော ရှိုင်း​၏လက်မောင်းပေါ် သူအိပ်ပျော်နေခဲ့သည်။ ညကအထိအတွေ့တွေ ခေါင်းထဲ ပေါ်လာသောအခါ ယောကျာ်းတစ်ယောက် ဖြစ်နေလည်း ရှက်မိသည်။

ရှိုင်းကိုကျောပေးကာ စောင်းအိပ်လိုက်လေသည်။ သွေးကြောစိမ်းစိမ်းလေးတွေ ထင်း၍ပေါ်လွင်သော လက်ချောင်းလေးတွေကို ညီလင်းမြင်လိုက်ရသည်။နူးညံ့တာကိုအတည်ပြုပြီးသော်လည်း ထပ်၍ကိုင်ချင်မိသည်။ ရှိုင်း​၏လက်မောင်းမှာ တုတ်ခိုင်ကျစ်လျစ်သော်လည်း အဆုံးမှာ ရှည်လျားသွယ်လျသော လက်ချောင်းလေးများရှိလေသည်။ပန်းနုရောင်သန်းနေသော လက်ချောင်းလေးကို လက်ဖဝါးသေးသေးဖြင့် ထိကိုင်လိုက်သည်။ရှိုင်း​၏လက်ဖဝါးက သူ့ထက်ပို၍ ကျယ်ပြန့်သည်။

လက်ကိုကိုင်နေတာကြောင့် တစောင်းအိပ်နေရင်း ရှိုင်းနိုးလာခဲ့သည်။သူသာလှုပ်သွားရင် ညီလင်းက
ရှက်နေမလား၊ သူ့ကိုဘယ်လိုသဘောထားမလဲ ဟူသောအတွေးဖြင့် နောက်ကနေသာ ရင်ခွင်ထဲက ညီလင်းပိုင်ကိုငေးကြည့်နေမိသည်။ယောကျာ်းလေးဖြစ်နေတာတောင် သူ့အတွက် အရမ်းပြီးပြည့်စုံသော အနာဂတ်ဆိုပို မှန်မည်လား။ညီလင်းကို အကြားအလပ်မကျန်အောင် ရင်ခွင်ထဲဆွဲသွင်းလိုက်လေသည်။အဖြူရောင် ဆေးရုံဝတ်စုံဖြင့် ညီလင်းမှာ ရှိုင်း​၏ရင်ခွင်ထဲ ဆွေ့ခနဲရောက်သွားခဲ့သည်။ရှိုင်း​၏မျက်နှာသည် ညီလင်းပိုင်​၏ဆံနွယ်များကြား နစ်ဝင်ပျောက်ကွယ်နေလိုက်သည်။အသက်ရှူခြင်းမှလွဲ၍ မည်သည့်စကားမှ နှစ်ယောက်စလုံးမပြောဖြစ်ကြပေ။

မျက်နှာပူနေသော လူနှစ်ယောက်ကို ဖုန်းသံကနှောက်ယှက်လိုက်သည်။ကုတင်ဘေး စားပွဲပေါ်ကဖုန်းကို ညီလင်းလှမ်းယူလိုက်ပါသည်။

"ဟယ်လို..မေမေ"

"သား...နေမကောင်းလို့ဆို။ကျောင်းက ဆက်တာ"

သိမ်းပိုက်....🍃Tempat cerita menjadi hidup. Temukan sekarang