"သားလေး ဝီဝီမှုတ်နော် လူတွေလာရင်..ဦးဦးတွေကသားကို ခေါ်သွားလိမ့်မယ်"
အသံတွေက နီးတစ်ချက် ဝေးတစ်ချက်ကြားနေရမြဲဖြစ်သည်။ တစ်ခါတရံဝေဝေဝါးဝါး ဖြစ်နေသည်။"သားလေးရေ ဒီမှာသားကြိုက်တဲ့ ကွန်းရှပ်ဟင်း..များများစားဝေ။ ဒါမှငါ့သားလေ အားရှိမှာနော့်"
ထိုအမျိုးသမီးက ဘယ်သူလဲ? သူ့အသံကိုပဲကြားရတယ် မျက်နှာမမြင်ရဘူး..သူ့ကိုသားလို့ခေါ်သည်။အဲ့အမျိုးသမီးက အရမ်းကြင်နာတတ်မည်ထင့်...
ချွေးစေးတွေ ပြန်ပြီး အိပ်ယာမှ နိုးလာခဲ့သည်။
မနက် ၃:၀၀ ဒီအချိန်တိုင်း ဒီလိုအိပ်မက်မျိုးပဲမက်တတ်သည်။ အိပ်မက်ထဲက အဒေါ်ကြီးကဘယ်သူလဲ၊ ဘယ်ကလဲ၊ သူနဲ့ ဘယ်လိုပတ်သက်ဖူးလဲ သိချင်မိသည်။ပြတင်းပေါက်ကနေ တိုးဝှေ့လာတဲ့ လေတချို့ထဲ မြေသင်းနံ့လေး ကပ်ပါလာသည်။ မိုးရွာခါနီးမို့ သစ်ရွက်လေးတွေက ညမီးရောင်အောက်မှာ ဟိုဒီဝေ့ဝဲလျက်။
သံတိုင်အနားတိုးကပ်ပြီး လေညှင်းခံလိုက်သည်။
"မိုးရွာတော့မယ်ထင်တယ်.."
မိုးရွာတဲ့ခံစားချက်ကို အရမ်းကြိုက်ပေမယ့် မိုးခြိမ်းတဲ့အသံတော့ ညီလင်းပိုင်ကြောက်မိသည်။ ပြင်းပြင်းထန်ထန် ရိုက်မိတဲ့အသံကြားရတိုင်း ကြောက်စမြဲပင်။
မေမေကတော့ ဒီထက်သန်မာစေချင်သည်။ ကျောင်းပြီးရင် စစ်ထဲဝင်ဖို့လဲ ခဏခဏဖိအားပေးခံရစမြဲ။ ဝါသနာပါရာ ပန်းချီကိုပဲမဆွဲရတာ ၂နှစ်ပြည့်တော့မည်။ ပန်းချီဆွဲတာ စိတ်ကူးယဉ်ပြီး အလုပ်မဟုတ်ဟု သတ်မှတ်ကြလေသည်။
ကျောင်းသာတက်ပြီး ပန်းချီမဆွဲတော့ပါဘူးဟု ကတိခံထားမှ ကျောင်းတက်ရန်ခွင့်ပြုသည်။နောက်အပတ်ထဲ ကျောင်းစတက်ရတော့မည်။မန္တလေးEnglish Major သာလျှောက်ထားခဲ့သည်။ရန်ကုန်မှာကျောင်းတက်ရင် ဖေဖေနဲ့မေမေမျက်စိအောက် ပန်းချီဆွဲရဖို့လမ်းမမြင်။
"အင်း..ဘာလိုလိုနဲ့ ကိုကြီးတောင်ပြန်လာခါနီးနေပြီပဲ..ငါ့ကိုမုန်းနေသေးမလားပဲနော်??"
အဖြေမရှိသော မေးခွန်းတွေအောက် ညီလင်းစိတ်တွေ ထိုင်းမှိုင်းနေမိသည်။ ကိုကြီးငါ့ကို ဘာကြောင့်မကြိုက်တာလဲ....
![](https://img.wattpad.com/cover/245262796-288-k190945.jpg)
BẠN ĐANG ĐỌC
သိမ်းပိုက်....🍃
Lãng mạnညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...