ရှိုင်းသွားတတ်တဲ့ နေရာတော်တော်များများ ဖြစ်သော Coffee shop, books storeတို့မှာ အမြဲလိုလို ညီလင်းညိုကို တွေ့ရတတ်သည်။ တဖြည်းဖြည်းခင်မင်လာတာမို့ Social Mediaမှာပါ အဆက်အသွယ်ရှိလာသည်။ Alexတို့နှင့်တောင် သင်တန်းပြီးကတည်းက မတွေ့ဖြစ်သည်မှာ တစ်ပတ်ရှိလေပြီ။
ယနေ့training ပြီးသော် နေ့လည်စာစားဖို့ Platinum Mallသို့ တစ်ယောက်တည်း ရောက်နေခြင်း ဖြစ်သည်။ စာအုပ်ဖတ်ရင်း အေးအေးဆေးဆေး အချိန်ဖြုန်းရန် ကော်ဖီဆိုင် တစ်ခုမှာထိုင်ဖို့ ဆုံးဖြတ်လိုက်လေသည်။
"ဟာ...ကိုရှိုင်းပါလား...တစ်ယောက်ထဲလား..?"
စားသောက်ဆိုင် တစ်နေရာတွင် ညီလင်းညိုနဲ့ အမှတ်မထင်တွေ့လေသည်။"ဟုတ်ပါတယ်ဗျ ကျွန်တော် နေ့လည်စာ လာစားတာပါ...."
"ကျွန်တော်လဲ...စားနေတာ Joinပါလား..?"
လူမှု့ရေးအရ ငြင်းလို့မကောင်းတာမို့ ဟုတ်ကဲ့ဟုသာ လက်ခံလိုက်သည်။Americano နဲ့ Club Sandwishတစ်ပွဲ မှာစားလိုက်လေသည်။ ကော်ဖီသောက်နေရင်း ဘာကစပြောရမယ် မသိတာကြောင့် တိတ်ဆိတ်စွာနေသော်လည်း ညီလင်းညိုကပင်စကာ။
"အကို့..Showတွေ ကြည့်တယ်သိလား လမ်းလျှောက်တာ သိပ်မိုက်လွန်းတယ်"
"ဟုတ်ကဲ့..ကျေးဇူးပါဗျာ ကျွန်တော် ကြိုးစားနေဆဲပါ"
ညီလင်းညိုသည် အပေါက်အပြဲပါသော အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားလေသည်။လည်ပင်းမှာလဲ ချိန်းကြိုးများများကို ဆွဲထားသေးသည်။
"အိုး..မဟုတ်တာ ကိုရှိုင်းရယ် ဒီလောက်မိမိုက်လွန်းနေတာ၊ ကျွန်တော့်ကိုတော့ တစ်ခုခုကျွေးသင့်နေပြီနော် အမာခံ ပရိသတ်ဆိုတေ့ာလေ...ဟင်းဟင်း"
ကော်ဖီခွက်နားက ရှိုင်းရဲ့လက်ကို ခပ်ဖွဖွကိုင်ရင်းပြောသည်။"ဟုတ်ကဲ့ပါ စားပါဗျာ၊ ကျွန်တော်ရှင်းမှာပါ"
လက်ကိုပြန်ယုတ်လိုက်ရင်း ကော်ဖီခွက်ကိုကောက်ကိုင်လိုက်တော့သည်။"စတာပါ..ဗျာချစ်လို့ စတာပါ"
ညီလင်းညိုသည် ပေါ့ပေါ့ပါးပါး အနှောင့်မလွတ်အောင် ပြောလိုက်တာကြောင့် အနေခတ်သွားရသည်။ဘယ်ယောကျာ်းလေးမှ သူ့ကို ဒီလိုမပြုမူဖူးပါ။
YOU ARE READING
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...