Alexတို့လိုက်ပို့သည်ဟု ယူဆကာ မမေးဘဲ မေ့ထားလိုက်တော့သည်။ ညက တော်တော်မူးနေခဲ့တာပဲ မှတ်မိလိုက်သည်။ ရေချိုးခန်းမှာ မျက်နှာသစ်နေရင်း.. ဖုန်းက စာဝင်လာတာကြောင့် ဝင်ကြည့်လိုက်တော့ အရင်အပတ်က မိတ်ဆက်ဖူးသော မိန်းကလေးဆီမှဖြစ်သည်။Laura "Hi..မနေ့ကGroup Work မှာ ယူ့ရဲ့ postက သိပ်ကောင်းတာပဲနော်..ယူ့လိုProfessional Modelတစ်ယောက်ဖြစ်ချင်ခဲ့တာ..အားကျတယ်"
Class ကInternationalအတန်းမို့ မိန်းကလေးယောကျာ်းလေး နိုင်ငံပေါင်းစုံပါဝင်သည်။၁နှစ်ခြောက်လကြာသော သင်တန်းမှာ ရှိုင်းကို သဘောကျနေသူက၂ပတ်အတွင်းနဲ့ပင် ၆ယောက်ရှိတော့မည်။ ရုရှားမျက်နှာပေါက်နှင့် အာရှအသားရေပိုင်ဆိုင်ထားသူ ရှိုင်းဟာလူကြိုက်များလဲ များချင်စရာပင်။
Lauraက Russian-Thaiကပြားမလေးတစ်ယောက်ဖြစ်သည်။ ဆွဲဆောင်မှု့ရှိတဲ့ ခန္ဓာကိုယ်အချိုးအစားနှင့်၊ ခပ်ချောချော မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ ယောကျာ်းလေးတစ်ယောက်ဟာ မည်သို့ပင်တည်ငြိမ်ပါစေ သိပ်လှတဲ့ မိန်းကလေးကိုတော့ စိတ်မဝင်စားဘဲ မနေနိုင်ပေ။ Laura ကချောသည်လေ...
"Thanks...မင်းလဲတော်ပါတယ်"
"ယူက...ပိုတော်တာပါ ဟင်း.."
"ထင်လို့ပါ.."
"ညနေ Barသွားချင်လို့၊ လိုက်ခဲ့မလားဟင်.?"
ရေလာမြောင်းပေးရင် ဘယ်ယောကျာ်းလေးက ငြင်းနိုင်မည်နည်း.."Okay.ဘယ်Bar.?"
"The Bamboo Bar"
"လာခဲ့မယ်.."
"အသည်းEmoji"
အနောက်တိုင်းသူမို့ ရဲတင်းသွက်လက် သည်။ အထင်မသေးသော်လည်း အထင်မကြီးသော မိန်းကလေးထဲတွင် ပါသွားလေပြီ။မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် စည်းလွတ်၊ဝါးလွတ်နေခြင်းကို မနှစ်သက်ပါ။<At The Bamboo Bar>
Barထဲသို ကြွကြွရွရွ ဝင်လာသော ရှိုင်းကြောင့် အားလုံးရဲ့အကြည့်များက ရှိုင်းဆီရောက်လာကြလေသည်။ နက်ပြောင်နေသော ရှပ်အင်္ကျီနှင့် အနက်ရောင်စတိုင်ပင်ကို တွဲဖက်ညီစွာ ဝတ်ဆင်ထားသည်။ ဆံပင်ကို အပေါ်သို့ လှန်ဖိထားသောကြောင့် ပေါ်လွင်ထင်ရှားသော နဖူးမှာရှင်းသန့်နေစေတော့သည်။
![](https://img.wattpad.com/cover/245262796-288-k190945.jpg)
ESTÁS LEYENDO
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...