Extra 1🍃

5.4K 348 31
                                    


လူကုံထံအသိုင်းအဝိုင်းများ နေသော ဆိတ်ငြိမ်
ရပ်ကွက်တွင် ကားအနီရောင်တစ်စီး ချိုးကွေ့ ဝင်ရောက်လာသည်။ ဝင်းတံခါးအမြင့် တစ်ခု့ရှေ့ ထိုးရပ်ကာ ဟွန်းတီးလိုက်သည်။ ခြံထဲမှ ခပ်ရို့ရို့ဖြင့် မိန်းကလေးတစ်ယောက်က ခြံတံခါးကိုဖွင့်လာကာ အရိုအသေပေးလာသည်။ခမ်းနားကြီးကျယ်မှု့နှင့်အတူ အရှိန်အဝါတစ်ခုကိုလည်း ခံစားမိလိုက်သည်။ကားရပ်လိုက်ရင်း ဘေးမှ မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသော ညီလင်းညိုကို လှည့်ကြည့်ကာ ထက်ယံလင်းမှ

"လာလေ...ဆင်းရအောင်"
ထူထဲနက်မှောင်သော မျက်ခုံးအောက်မှ မျက်ဝန်းတို့မှာ တည်ကြည်လျက်ရှိသည်။

"ကျွန်တော်...လန့်တယ်ဗျ"

"ဘာကို...လန့်နေစရာလိုလဲ၊ အသိအမှတ်ပြုခံဖို့ထက် အသိပေးရုံပဲ၊ ကိုယ်ရှိတယ် မကြောက်နဲ့ လင်း..."
ကားပေါ်မှ လှမ်းဆင်းလိုက်ရင်း ထက်ယံလင်း​၏ ဘယ်ဘက်လက်မှ ညီလင်းညို​၏ လက်ဖဝါးကို ဆွဲကိုင်လျက် နှစ်ထပ်တိုက်အိမ်ကြီးထဲ ဝင်ရောက်လာတော့သည်။

ပွတ်လုံးတိုင်ကြီး အောက်မှ ခမ်းနားသော အိမ်အဝင်ပေါက်တွင် ခရီးဦးကြိုပြုနေသော အန်တီကြီး တစ်ယောက်က်ို တွေ့ရလေသည်။
ထိုအန်တီကြီးက နှစ်ခြိုက်စွာ ပြုံးပြလိုက်
သော်လည်း ထက်ယံလင်းမှာ မဲ့ပြုံးတစ်ချက် ဖြစ်သွားရင်း မသိသူလို ဖြတ်ကျော်လာခဲ့သည်။

"ဟာ...အကို နှုတ်ဆက်လိုက်ဦးလေ"

"လာပါ...လင်းရာ"
​ဆွဲခေါ်ရာနောက် လိုက်ခဲ့ရင်း စဉ်းစားမရဖြစ်နေတော့သော ညီလင်းညိုပင်။ ထမင်းစားခန်းဟု ယူဆရသော အခန်းတစ်ခန်းထဲသို့ လှမ်းဝင်ခဲ့လေသည်။ ညီလင်းညို​၏ လက်ဖဝါးကို ပိုမို
တင်းကျပ်နေအောင် ပိုဆုပ်ကိုင်လိုက်ရင်း စားပွဲဝိုင်းနားတွင် ရပ်လိုက်ကြသည်။

မုန့်ဟင်းခါးဟင်းရည်နှင့် ဖွယ်ဖွယ်ရာရာပြင်
ဆင်ထားသော စားပွဲထိပ်တွင် လူတစ်ယောက်ထိုင်နေသည်။ ရွှေမျက်မှန်ကိုင်းအောက်မှ အကြည့်များမှာ ထက်ယံလင်းကဲ့သို့ စူးရှသည်။ စားနေလက်စဖြစ်သော ဇွန်းကို လက်ကချလိုက်ရင်း သူတို့နှစ်ဦးကို စိုက်ကြည့်လာ​၏။

သိမ်းပိုက်....🍃Onde histórias criam vida. Descubra agora