Part 26 <သိမ်းပိုက်>

6.8K 536 23
                                        


Yangonမြို့​၏ အထင်ကရ ဖြစ်သော The Centralမှာရှိသည့်၊ Red Barသည် နာမည်ကြီးသော Barတစ်ခုဖြစ်သည်။ခမ်းနားသော အပြင်အဆင်၊ အတွင်းပိုင်း decoration၊ သေသပ်သော အထိုင်အခင်းများကြောင့် နာမည်ကြီးများပင် သဘောကျသော နေရာတစ်ခု ဖြစ်သည်။အင်းလျားကန်နှင့် နီးသလို၊ လူစည်ကားရာ နေရာတစ်ခုဖြစ်သည်။ညနေ ၄:၀၀မှ မနက်၃:၀၀အထိ ဖွင့်တာမို့ လူငယ်များ သဘောကျသည်မှာ မဆန်းပေ။Barပိုင်
ရှင်မှာ ညီလင်းညို တစ်ဦးတည်း မဟုတ်ပါ။စီးပွားရေး partnerအဖြစ် ထက်ယံလင်းဆိုသူက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

Barအတွင်းပိုင်း ပြင်ဆင်မှု့ကို ထက်ယံလင်းက စိတ်ကြိုက် ပြုပြင်သည်။ကုန်ကျသည့် စရိတ်မှန်သမျှ တာဝန်ယူတာကြောင့်၊ shareဝေစုမှာ ထက်ယံလင်းအတွက် 70၊ညီလင်းညိုက အစားအသောက်ပိုင်းနှင့် 30သာ ပိုင်ဆိုင်သည်။

ဆိုင်ရှေ့ထိုးရပ်သွားသော Ford Mustang အနက်ရောင် တစ်စီး။ခြေလှမ်းတစ်ဖက်ချရင်း ဆင်းလာခဲ့သော အရပ်မြင့်မြင့်လူတစ်ဦး။သားနားသပ်ရပ်သော ခြေလှမ်းများမှာ လူချမ်းသာဟု ယူဆနိုင်ပါသည်။

ထိုလူမှာ Htet Car Sales Company ​၏CEOတစ်ယောက် ဖြစ်သလို၊ Red Bar​၏ Business Partner ဖြစ်သော ထက်ယံလင်းဖြစ်သည်။ထက်ယံလင်းမှာ ဆံပင်ကို ပုံစံတကျညှက်ထားကာ ဘေးနှစ်ဖက်ကို အပြောင်ရိပ်
ထားသည်။ထူထဲသော မျက်ခုံးတန်းအောက် ဆွဲငင်အားပြင်းသော မျက်ဝန်းညိုတစ်စုံ ရှိလေသည်။ပီရိသေသပ်သော နှုတ်ခမ်းပါး တစ်စုံမှာလူချမ်းသာ တို့​၏မာန်ကို ဆောင်ကြဉ်းနေလေသည်။အသားအရေမှာ အဝါဖက်ရောက်ပြီး အရပ်ရှည်ရှည်ဖြင့် တောင့်တင်းသော ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားလေသည်။ညီလင်းညိုထပ် ခေါင်းသုံးလုံးခန့် ပိုသာသော 6' 5"အရပ်ကို ပိုင်ဆိုင်ထားလေသည်။

အဝါနှင့် အနက်စင်းကြောင်း ပါသော ရှပ်အင်္ကျီလက်တိုကို ဝတ်ထားသည်။ပုံကျသော ခြေတံရှည်တွင် အနက်ရောင် ဂျင်းဘောင်းဘီနှင့် သားရေ ဖိနပ်အညိုရောင်က ခန့်ညားစွာ နေရာယူထားသည်။လက်တစ်ဖက်ကို ဘောင်းဘီထဲထည့်ကာ ဆိုင်ထဲဝင်ခဲ့တော့သည်။

ဝန်ထမ်းများနှင့် အဓိကကျသော ညီလင်းညိုအခြေအနေကို စောင့်ကြည့်ရသည်မှာ ထက်ယံလင်းအလုပ်ပင်။ပီပီပြင်ပြင် မပြောနိုင်သော ခံစားချက်တစ်ခုမှာ Brother Zoneအဖြစ် သတ်မှတ်ခံရသည်။အနီရောင်ဆိုးလိုက်သော ညီလင်းညို​၏ ဆံပင် အကြေကောက် လေးများမှာ လေထဲတွင် ဝေ့ဝဲနေသည်။ခေါင်းငိုက်စိုက်ကာ စားပွဲပေါ် လက်မှေးတင် အိပ်နေသော ကောင်းလေးမှာ ချစ်ဖို့ကောင်းလွန်းသည်။မျက်နှာချင်းဆိုင် ခုံမှာ ခြေတစ်ဖက် ချိတ်၍ထိုင်လိုက်သော ထက်ယံလင်းပင်။အနီးနားကို ရောက်လာသော ပြုံးယဉ်က။

သိမ်းပိုက်....🍃Where stories live. Discover now