Part 40 <သိမ်းပိုက်>

5K 441 13
                                    


မနက်ခင်းတစ်ခုတွင် ခေါက်လာခဲ့သော တံခါးသံ
နှင့်အတူ ထက်အောင်အသံကို ကြားလိုက်ရလေသည်။
"ဟေ့ယျောင်...ထတော့ ထတော့"

"ဟာ...ဘာလဲကွာ ဒီနေ့ကျောင်းပိတ်တယ်လေကွာ"

ကုတင်ပေါ် လူးလိမ့်ရင်း လှမ်းအော်လိုက်သော ညီလင်းပိုင်ပင်။ ခေါင်းအုံးအောက်ထဲ မျက်နှာကို ဝှက်လိုက်ရင်း ပြန်အိပ်နေတော့သည်။ ခဏနေ ဖုန်းသံကြောင့် ဒေါသများ ထောင်းခနဲထွက်လာကာ အော်လိုက်လေသည်။

"ပြော! မထဘူးလို့ မင်းဘာဖြစ်နေလဲ"

"ဟားဟား...ပိုင်ရေ ကိုယ်လေကွာ"

သေချာပြန်ကြည့်မှ ရှိုင်းခန့်မောင်ဆီမှ ဖြစ်နေသည်။

"ဟာ...sorry ကိုရာ၊ ထက်အောင် ထင်လို့ဗျ"

"အင်း...ထက်အောင်နဲ့ ခဏလိုက်ခဲ့လိုက်လေ၊ ကိုယ်...ဒီမှာအလုပ်ရှုပ်နေလို့ လာမခေါ်တာနော်"

"ဟမ်...ဘာကိစ္စရှိလို့လဲ ကို"

"ရောက်ရင် သိမှာပေါ့ခင်ဗျ"

"အဲ့လိုလား..."

"အင်း...အဲ့လိုပဲ၊ ပုဆိုးဝတ်ခဲ့ သနပ်ခါးပါ လိမ်းခဲ့နော် ပိုင်လေး"

"အင်းပါ ဒါပဲဒါဆို"

"ဟုတ်ပါပြီဗျ"

ရေကိုကမန်းကတန်း ထချိုးလိုက်ကာ လည်ကတုံးအင်္ကျီအဖြူကို၊ ပုဆိုးနက်ပြာရောင်ဖြင့် တွဲဖက်
ဝတ်ဆင်လိုက်လေသည်။ နဂိုဖြူသောအသားအရေမှာ ဖြူဝင်းလျက်၊ သန့်ရှင်းနေတော့သည်။ ဆံပင်ကို ပုံကျအောင်ဖြီးလိုက်ရင်း သနပ်ခါးကို ပါးနှစ်ဖက်
တွင် အဝိုင်းပုံ လိမ်းလိုက်လေသည်။ အခန်းအပြင်ကို လှမ်းထွက်ရင်း အခန့်သော့ခတ်လိုက်ချိန် အနားကိုရောက်လာသော ထက်အောင်ကို တွေ့ရလေသည်။

"မပြောချင်ဘူး မင်းလည်း၊ ကာလနဂါး ဝင်စားလားမှတ်ရတယ်"

"အေးပါကွာ...sorryပါသားကြီးရာ"

ရေတံခွန်တောင်ခြေဘက် ထွက်လာရာ လယ်ကွင်းပြင် စိမ်းဖန့်ဖန့်များကို အပြိုင်အဆိုင် တွေ့ရလေသည်။ ခပ်ဝေးဝေး တောင်တန်ကြီးမှ အလေ့ကျပေါက်ရောက်သော အပင်တန်းများပြောက်တိပြောက်ကျား ပေါက်ရောက်နေသည်။
ခပ်နွေးနွေးလေလေးက စပါးခင်ထဲမှ ဖြတ်သန်းတိုက်ခတ်လာတော့သည်။ တစ်နေရာမှ ဆက်၍
ကွေ့သွားရာ မြေသားနီနီလမ်းတစ်ခုကို ရောက်လေသည်။ ထိုလမ်း​၏အဆုံး၌ ကျွန်းသားအုတ်ခံ ဘုန်းကြီးကျောင်းတိုက် တစ်ခုကိုတွေ့ရလေသည်။ ကလေး၅ယောက်က ကျောင်းထဲမှ ပြေးလာကာ ညီလင်းပိုင်ကို ဆွဲခေါ်သွားလေသည်။ဘုမသိဘမသိ လိုက်သွားရင်း ဘုန်းကြီးကျောင်း​၏ အပေါ်ထပ်သို့ တက်လာခဲ့လေသည်။

သိမ်းပိုက်....🍃Donde viven las historias. Descúbrelo ahora