Final<သိမ်းပိုက်>

13.6K 477 37
                                        


ဘွဲ့နှင်းခန့်မ ပရဝုဏ်အတွင်းတွင် အရောင်အသွေးစုံလင်စွာ ဝတ်ဆင်ထားသော ကျောင်းသားမိဘများ
နှင့် ကျောင်းသူကျောင်းသားများကို တွေ့ရလေ
သည်။ နေမွန်းတည့်ချိန် ဆိုသော်လည်း ယနေ့အခမ်းအနားသည် ကျောင်းသူကျောင်းသားတိုင်း​၏ ပန်းတိုင်ဖြစ်သလို မိဘတိုင်း​၏ အိပ်မက်တစ်ခုဆိုလည်း မမှားနိုင်ပေ။မိဘတစ်ယောက်ဖြစ်သော ဒေါ်မာမာအေးမှာလည်း ပီတိတစ်ခုကို ရင်ဝယ်ပိုက်လျက် အပြုံးလှလှကို မျက်နှာတွင် ချိတ်ဆွဲထားလေသည်။

နေပူထဲမှနေ၍ အရိပ်ရသော မန်ကျည်း
အပင်အောက် ခိုလိုက်ကြသည်။ညီလင်းပိုင်မှာ အပြာရောင် တိုက်ပုံနှင့် အပြာရောင်ပုဆိုးကို တွဲဖက်
ကာ ဘွဲ့ဝတ်ရုံ လွှမ်းထားလေသည်။ရှိုင်းခန့်မောင်သည်လည်း အနီနှင့် အနက်ရောင်ပါသော တိုက်ပုံနှင့် ပုဆိုးကို ခန့်ညားသပ်ရပ်စွာ ဝတ်ဆင်ထားသည်။ သူတို့​ဘေးတွင် နိုနိုပါ လိုက်လာတာကြောင့်
"လင်မရသေးတဲ့ အပျိုကြီး" ဟုစလိုက်ရာ နိုနိုမှာ ဒေါသထွက်လျက် ကျိန်ဆဲလိုက်လေတော့သည်။
စရင်းနောက်ရင်း ရယ်ရင်းမောရင်းဖြင့် ပွဲချိန်နီးလာလေသည်။ ဒေါ်မာမာအေးနှင့် ရှိုင်းခန့်မောင်
တို့ကြားတွင် ညီလင်းပိုင်က လက်နှစ်ချောင်းထောင်လျက် အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ လေသည်။

ပွဲလာပရိသတ်တွေကို ငေးကြည့်နေရင်း ကားတစ်စီးထိုးရပ်လာသည်ကို တွေ့လိုက်ရသည်။ အများသူဌာ များကဲ့သို့ ထင်လိုက်မိသော်လည်း ကားပေါ်မှ ဆင်းလာကြသော လူနှစ်ယောက်ကြောင့် အံ့ဩသွားရသော ညီလင်းပိုင်ပင်။ ဟိုကြည့်ဒီကြည့် လိုက်ရှာနေသော သူတို့နားအပြေးသွားကာ

"မေမေနဲ့ ဖေဖေ...သားဆီ လာတာလား..."

ခမ်းနားစွာဝတ်စားထားသော ဖေဖေနှင့်မေမေ့ကို ကြည့်ကာ ရင်ထဲတွင် ကြည်နူးလာမိသည်။ ယနေ့
တစ်နေ့ကပင် ဘဝအတွက် အပျော်ရွှင်ရဆုံး အခိုက်
အတန့်ဟု ဆိုနိုင်ပေသည်။ ညီလင်းပိုင်ကို ပြုံးပြ
လိုက်ရင်း ဖေဖေမှ

"ဒါပေါ့...ငါ့သားဘွဲ့ယူတာ ဂုဏ်ယူချင်လို့ လာခဲ့တာ"

"ဝမ်းသာလိုက်တာဗျာ...အထဲဝင်ရအောင်လေ မေမေက ဟိုးရှေ့က ဝင်နှင့်ပြီ၊ ပြီးမှမေမေနဲ့ ပေးတွေ့မယ်"

သိမ်းပိုက်....🍃Место, где живут истории. Откройте их для себя