Part 47 <သိမ်းပိုက်>

4.9K 421 6
                                        

မနက်ခင်း ငါးနာရီမထိုးခင်ကတည်းက ထားဝယ်မှ လောင်းလုံ(မျှော်ရစ်)ဘက် ထွက်ခဲ့ကြလေသည်။ မဖြူနှင့် မနန္ဒာအပြင် ကားမောင်းသူ ဦးလေးတစ်
ယောက်ပါ ပါလေသည်။ ညီလင်းပိုင်က ကားခေါင်းခန်းတွင်ထိုင်လေသည်။ ဆရာမလေး နှစ်ယောက်
နှင့် ရှိုင်းခန့်မောင်မှာ နောက်ခန်းတွင် ထိုင်လေသည်။

အစပိုင်းက နေရာကျယ်သော်လည်း ဆရာမလေးများမှာ အိပ်ပျော်သွားကြတာမို့ ဘေးမှ
ရှိုင်းခန့်မောင်မှာ အနေခက် နေလေတော့သည်။ ကားမောင်းနေသော ဦးလေးကြီးကို အဖော်လုပ်ပေးရင်း စကားပြောပေးနေသော ရှိုင်းခန့်မောင်
ဖြစ်သည်။ ရှေ့မှညီလင်းပိုင်​၏ ခေါင်းမှာဘယ်ယိမ်းညာယိမ်းဖြင့် မှန်နှင့်ရိုက်ခါနီးပင် ရှိုင်းခန့်မောင်က လက်ဖဝါး ထိုးကာကြားခံလိုက်သည်။ လက်ဖဝါးပေါ်တွင် ပါးနုနုလေး​၏ အတွေ့ကို နူးနူးညံ့ညံ့ခံစားလိုက်မိသည်။ လက်မနှင့်ဖွဖွလေး ပွတ်ပေးလိုက်ရာ "အင်း" ဟုအော်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်မှာ ကလေးပေါက်စနှင့်
တူလေသည်။

နေရောင်သည် အရှေ့ဘက်ဆီမှ ဖြာကျလျက်
ခပ်လှမ်းလှမ်းတွင် မြင်နေရသော ပင်လယ်ပြင်
ပေါ်တွင် အဆုံးသတ်လေသည်။ လမ်းမပေါ်မှ
ကျွန်းနှင့်နီးလာလေ မြေသားလမ်း ဖြစ်လာတာကြောင့် ကားမှာ ယမ်းခါလျက် ရှိလေသည်။ လက်ဖဝါးပေါ် အိပ်ပျော်နေသော ညီလင်းပိုင်က မသိသာသော်လည်း မှန်နှင့်ဖိခံထားရတာကြောင့်
ရှိုင်းခန့်မောင်​၏ လက်မှာကျင်စ ပြုနေလေသည်။ ခဲလုံးကြီးကြီး တစ်ခုကိုရှောင်လိုက်ရင်း ရှေ့မှခေါင်းလုံးလုံးလေးမှာ နိုးလာခဲ့လေပြီ။ လက်ဖဝါးကြောင့် ဆတ်ခနဲထလိုက်ကာ နောက်ကိုလှည့်လာသည်။ ဘာမှမဖြစ်ဟန် ပြုံးပြလိုက်သော ရှိုင်းခန့်မောင်ကို ချစ်စရာကောင်းအောင် ပြုံးပြနေသော ညီလင်းပိုင်
ပင်။

လက်ကိုဆန့်တန်းကာ ကားမှန်ပြတင်းပေါက်မှ
အပြင်ကို ငေးကြည့်ရင်း

"ဝှေး...လှတယ်ဗျ ပယ်လယ်ကြီးက ပြာလဲ့နေတာပဲ"

ညီလင်းပိုင်ကို ကားမောင်းသူ ဦးလေးကြီးမှ

"မျှော်ရစ် ရေလည်ဘုရားက ဒီထက်လှတယ်၊ ဘုရားသမိုင်းကလည်း စိတ်ဝင်စားစရာကွ"

သိမ်းပိုက်....🍃Donde viven las historias. Descúbrelo ahora