Symphony Groupသည် ရှိုင်းနှင့်ကြော်ငြာ ပူးပေါင်းရိုက်ကူးသော ကုမ္ပဏီဖြစ်သည်။ အလုပ်ကိစ္စဆွေးနွေးရန် ချိန်းထားတာကြောင့် ၈:၀၀ခန့်တွင် အပြင်သွားရန် ရှိုင်းခန့်မောင် ပြင်ဆင်နေခြင်းဖြစ်သည်။
ရှိုင်းရဲ့အခန်းသည် အပေါ်ဆုံးထပ် ဝရံတာနှင့်အနီးဆုံးတွင်ရှိလေသည်။ သပ်ရပ်သော လသာဆောင်တွင် မှန်လုံခန်းလေးရှိလေသည်။ စာဖတ်ရန်ဖြစ်ဖြစ်၊ ညဘက်ရောက်ရင် ထိုနေရာတွင် မီးမှိတ်ပြီးကြယ်တွေကြည့်တတ်သေးသည်။
နှစ်ယောက်အိပ်ကုတင်ကြီး၏ ခေါင်းရင်းတွင် မိသားစုသုံးယောက်ပုံချိတ်ဆွဲထားလေသည်။အလယ်မှ ကောင်ကလေးမှာ ပြုံးရွှင်လျက်ရှိလေသည်။ အားကစားပစ္စည်းအချို့က အခန်းထောင့်တွင်နေရာယူလျက်ရှိလေသည်။စားပွဲခုံနှင့် ပရိဘောဂအများကြီးမထားသော်လည်း မီးခိုးရောင်နှင့် အနက်ရောင်ကိုသာ တွဲဖက်၍အလှဆင်ထားလေသည်။
ရေချိုးခန်းနှင့် ဆက်လျက်ရှိသော အဝတ်လဲခန်းထဲမှ...
အနက်ရောင် ရှပ်အင်္ကျီကို အညိုရောင် ကုတ်အင်္ကျီဖြင့် ဂျင်းဘောင်းဘီအနက်ထဲ တဝက်ထည့်ဝတ်ကာ ထွက်လာသော ရှိုင်းဖြစ်သည်။ကျယ်ပြန့်သော ရင်ဘတ်မှာ ကြယ်သီးနှစ်လုံးဖြုတ်လျက် ငွေရောင်ကြိုးမျှင်လေးက နီမြန်းသော အသားရေပေါ် သွယ်တန်းလျက်ရှိသည်။ဆံပင်ကိုနောက်သို့ ဖိသိပ်ကာတင်လိုက်လေသည်။ ရှင်းလင်းစွာ ပေါ်လာခဲ့သော နဖူးကြောင့် ပို၍ခန့်ပြီးသန့်နေသောရှိုင်းပင်ဖြစ်ပါသည်။<At Brolly Sky Bar>
Barထဲရောက်လာသော ရှိုင်းကြောင့် အားလုံးရဲ့အကြည့်များက စိတ်ဝင်တစားရှိလှသည်။သိသူများကသိသလို မသိသူများကလည်း စိုက်ကြည့်လှသည်။ ဒေါင့်ခတ်ကျကျ စားပွဲနားလျှောက်လာတော့ ကိုသားညီတို့နှင့်တွေ့လေသည်။MDဖြစ်သော်လည်း ကိုသားညီက တလေးတစား မတ်တတ်ထကာ နှုတ်ဆက်လေသည်။ သူ့ဘေးတွင်တော့ မိန်းကလေးတစ်ယောက်လည်းယှဉ်တွဲလျက် ရှိလေသည်။
"ဟေး..ရှိုင်း သတင်းတွေကြီးနေတယ် Bro"
လက်ချင်းဆွဲရင်း .."နဲနဲပါဗျာ..ကြိုးစားနေတုန်းပါ"
YOU ARE READING
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...