Part34 <သိမ်းပိုက်>

4.6K 470 33
                                    



ကျလုစဲစဲ မျက်ရည်ကို ခေါင်းမော့ထိန်းလိုက်ကာ အကြည့်တို့ကို လွှဲလိုက်သည်။ထပ်ခါထပ်ခါ ဆွဲမိနေတာလည်း ဒီပုံရိပ်ပဲမို့ မိမိကိုယ်ကို စိတ်ပျက်မိသည်။ခပ်အုပ်အုပ်ဆံပင်တို့မှာ လက်နှစ်လုံးခန့် တိုသွားလေပြီ။ပြောင်ရှင်းလာသော မျက်နှာလေးမှာ တည်ငြိမ်လျက် မျက်လုံးအရောင်တို့မှာ ဖျော့တော့နေသော ညီလင်းပိုင်ပင်။မေမေ့အော်ခေါ်တာကြောင့် ဆွဲလက်စပန်းချီကို ကုတင်အောက်ထဲ ထည့်ကာ ဆင်းလာခဲ့တော့သည်။ထမင်းစားပွဲနားကမေမေမှာ မုန့်တီသုပ် တစ်ပွဲရှေ့ချကာ စောင့်နေသည်ကို တွေ့လိုက်ရသည်။

"သားလေး...အခုတလော ပိန်နေလို့။ သားကြိုက်တာလေး မေမေသုပ်ပေးတာ လာစားဒီကို"

"ဟုတ်..."

စိတ်မပါသော လက်များဖြင့် အသုပ်ကို ထိုးမွှေနေသော ညီလင်းပိုင်ပင်။အမှတ်တရတို့က တိုက်ဆိုင်
လာတိုင်း ရင်နာရတယ်ဆို ပိုမှန်မည်။မေ့ချင်ပြီဆို ပိုပြီး သတိရတတ်တာမျိုး။ ခါးသတ်သတ် ကော်ဖီတစ်ခွက်ကို အချိုမပါဘဲ သောက်လိုက်သည်။

"သား..သွားပြီမေမေ"

၂လအတွက် အလကားအချိန် မဖြုန်းချင်တာကြောင့် လှည်းတန်းဘက်မှာ သင်တန်းတစ်ခု တက်ဖြစ်ခဲ့သည်။နောက်ဆုံးအပတ်မို့ စိတ်ပြေလက်
ပျောက် သင်တန်းတက်ရန် ထွက်လာခဲ့သည်။

--------------------------
အချိန်နှစ်နာရီမှာ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားလေပြီ။အတန်းထဲမှ အတန်းဖော်အချင်းချင်း နှုတ်ဆက်ကြသည်။သန့်စင်နဲ့က အတော်လေးခင်တာကြောင့် ဂုံးတံတားအောက်က
Koreanစားသောက်ဆိုင်မှာ နေ့လည်စာစားရန် ထွက်လာခဲ့ကြသည်။ရှေ့က ပိတ်၍လမ်းလျှောက်နေသော စုံတွဲတစ်တွဲကြောင့် ရှေ့ကသန့်စင်
ကို မမီဘဲ ပျက်ကျန်ခဲ့သော ညီလင်းပိုင်ပင်။ဒီလိုအတွဲတွေကို ကြည့်မရတဲ့စိတ်က များတာကြောင့် လမ်းဘေးကိုသာ အာရုံပြုထားလိုက်သည်။တစ်နေရာရောက်သောအခါ ရှေ့ကအတွဲထဲက ကောင်လေးရော ကောင်မလေးရောက ညီလင်းပိုင်
ကို လှည့်ကြည့်လာသည်။

တစ်ခါမှမမြင်ဖူးသော တစိမ်းနှစ်ယောက် ဖြစ်တာကြောင့် မျက်နှာကိုတည်ထားသော ညီလင်းပိုင်ပင်။ကောင်လေး လုပ်သူမှ ရှေ့တိုးလာကာ

သိမ်းပိုက်....🍃Donde viven las historias. Descúbrelo ahora