5

8.2K 792 77
                                    

Unicode

ရာသီဥတုသာယာသည့်နေ့တစ်နေ့တွင် သားစေတို့မိသားစုနှင့် သားခေတ်တို့မိသားစု ပျော်ပွဲစား ထွက်ဖြစ်ကြသည်။ ပန်းခြံထဲ လျှောက်ပတ်ကြည့်ပြီးနောက် အရိပ်ရသစ်ပင်ကြီးအောက်တွင် အခင်းခင်းကာ နေရာယူကြသည်။

ကလေးနှစ်ယောက်နှင့် ဖခင်နှစ်ယောက်မှာ ဘောလုံးကန်နေကြပြီး မိခင်နှစ်ဦးကတော့ သစ်ပင်အောက်မှ ထိုင်ကြည့်နေကြသည်။ မဟုတ်သေး... ကလေးတစ်ယောက်နှင့် ဖခင်နှစ်ယောက်ကသာ ဘောလုံးကန်နေကြပြီး အငယ်ဆုံးကလေးလေးကတော့ ဘောလုံးကို လက်ဖြင့် လိုက်ကောက်နေခြင်းဖြစ်သည်။

"ခေတ်.. လက်နဲ့မကောက်ရပါဘူးဆိုကွာ"

သားစေအော်နေသော်လည်း ခေတ်ကတော့ ခြေထောက်တွေကြားလိမ့်နေသည့် ဘောလုံးကို လက်ဖြင့်ကောက်ပြေးပြီး ရင်ခွင်ထဲပိုက်ကာ မိခင်ဆီသို့ ပြေးလေပြီ။ ထို့နောက် ဘောလုံးကို မိခင်ဖြစ်သူလက်ထဲသို့ ထည့်ပေးလိုက်သည်။

ရှေ့ဆံပင်မှာ မျက်ခုံးအထက်ရှိနေပြီး အုန်းမုတ်ခွက်ကေလေးနှင့် ပါးဖောင်းဖောင်းခေတ်ကလေးသည် မာမီလှိုင်ခွံ့ကျွေးသည့် လိမ္မော်စိပ်လေးကို တမြုံ့မြုံ့ဝါးရင်း ဘောလုံးကန်သည့်နေရာတွင်ကျန်ခဲ့သည့် သုံးယောက်ကိုပင် လှမ်းကြည့်ကာ ပြုံးပြနေသေး၏။ ထို့နောက် မေနန်းလက်ထဲမှ ဘောလုံးကိုပြန်ယူကာ ကိုကိုတို့ရှိရာသို့ ပြေးပြန်၏။

ခေတ်တို့နေရာယူထားသည့်အပင်ကြီးနှင့် မလှမ်းမကမ်းတွင် တခြားမိသားစုနှစ်စုလည်း ရှိ‌နေပြီး မိသားစုတစ်စုတွင် ၀၀ကစ်ကစ် ငါးနှစ်အရွယ်သားလေးတစ်ယောက်ပါပြီး ကျန်တစ်စုတွင်တော့ ဖြူဖြူဥဥ ပါးဖောင်းဖောင်းလေးနှင့် လေးနှစ်အရွယ် ချစ်စရာသမီးလေးတစ်ယောက် ပါ၏။

သားစေတို့ ဘောလုံးကန်ပြီး အနားယူချိန်တွင် ထိုကလေးနှစ်ယောက်ပါ သားစေတို့နှင့် လာပူးပေါင်းကြသည်။ အကြီးသုံးယောက်က အရုပ်ဆက်တမ်းကစားနေကြပြီး ခေတ်ကတော့ သမီးလေး၏ ပါးပြင်ရှိ ပါးချိုင့်ခွက်ကလေးကို လက်ညှိုးလေးဖြင့် သွားသွားထိုးကာ သဘောကျနေသည်။ ပါးချိုင့်ခွက်ပိုင်ရှင်မမကလည်း ခေတ်ကလေး ထိုသို့လုပ်သည်ကို သဘောကျကာ တဟီးဟီးပင် ရယ်နေပြန်ပါသေးသည်။

ခိုနားရာ (Completed)Where stories live. Discover now