53

4.6K 361 74
                                    

Unicode

Los Angeles မြို့ရှိ ဆေးရုံတစ်ခုမှ ဆေးရုံခန်းလေးတွင် မျက်လုံးကို ပတ်တီးအထပ်ထပ် စည်းထားသော ကောင်လေးတစ်ယောက်သည် ဆေးရုံခုတင်ပေါ်တွင် စိတ်လှုပ်ရှားစွာ ထိုင်နေပြီး ဘေးတွင်တော့ ဆရာဝန်တစ်ဦး၊ အမျိုးသားသူနာပြုလေးတစ်ဦးနှင့် မိဘဆွေမျိုးများက ပတ်လည်ဝိုင်းနေ၏။ ခုတင်ပေါ်မှကောင်လေးနည်းတူ ဘေးပတ်လည်မှလူများလည်း စိတ်လှုပ်ရှားနေကြသည်။ ထိုလူများထဲမှ ကောင်လေးတစ်ယောက်ကတော့ စိတ်လှုပ်ရှားလွန်း၍ လက်ဖျားများအေးစက်နေသော ခုတင်ပေါ်မှကောင်လေး၏ လက်များကို ဆုပ်ကိုင်ပြီး ဖွဖွနှိပ်နှယ်ကာ အားပေးနေ၏။

ဆရာဝန်သည် ကောင်လေး၏မျက်လုံးမှ ပတ်တီးများကို တစ်လွှာချင်း တစ်ထပ်ချင်း တစ်ပတ်ချင်း ဖြည်နေသည်။ ပတ်တီးလိပ်ပါးလာသည်နှင့်အပြိုင် ခေတ် ရင်ခုန်နှုန်းများလည်း မြန်ဆန်လာသည်။ ခေတ် မြင်ချင်နေသော ကမ္ဘာကြီးကို မြင်တွေ့ရတော့မည်။ ခေတ်၏ အမှောင်နေ့ရက်တို့ ကုန်ဆုံးတော့မည်။

“Open your eyes slowly”

ဆရာဝန်၏ ခွင့်ပြုချက်ရသည်နှင့် ခေတ် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ သို့သော် အလင်းစူးစူးကြောင့် ခေတ်မျက်လုံးများ ပြန်မှိတ်သွားသည်။ အလင်းရောင်နှင့် ဝေးကွာနေသော သူ့မျက်လုံးများက  ထိုအလင်းစူးစူးကို ဒဏ်မခံနိုင်သေး။

ခေတ် အကြိမ်ကြိမ်ကြိုးစား၍ မျက်လုံးများကို ဖွင့်ကြည့်သည်။ အလင်းရောင်ကို အံတု၍ မှုန်မှုန်ဝါးဝါးမြင်နေသော အရာများကို သေချာကြည့်လိုက်သည်။ ကိုကို့မျက်နှာ မှုန်ဝါးဝါး၊ မေမေ့မျက်နှာ မှုန်ဝါးဝါး၊ အရာအားလုံးသည် မှုန်ဝါးဝါး။

ခေတ် မျက်လုံးကို ပြန်မှိတ်ပြီး နောက်တစ်ကြိမ် ကြိုးစားကြည့်သည်။ ဤတစ်ကြိမ်တွင်တော့ အားလုံးကို မြင်နိုင်သွားပြီ။ ခေတ်၏ အမှောင်နေ့ရက်တို့ အဆုံးသတ်သွားပြီ။

“ကိုကို”

ခေတ် လက်လှမ်းလက်တော့ ကိုကိုက ခေတ်လက်ကို ဆွဲယူကာ သူ့ပါးပြင်နှင့် အပ်လိုက်၏။

ခိုနားရာ (Completed)Where stories live. Discover now