27

4.6K 458 42
                                    

Unicode

"ခေတ်.. မသွားနဲ့.. ခေတ်"

"ခေတ်.. မသွားပါနဲ့၊ ခေတ် ကိုကို့ကို မမုန်းပါနဲ့"

စေ မည်မျှပင်တားနေစေကာမူ ခေတ်ကတော့ စေ့ကို ကျောခိုင်း၍ ထွက်ခွာသွားလေပြီ။

"ခေတ်.. ကိုကိုတောင်းပါတယ်။ ခေတ်.. မသွားပါနဲ့"

နောက်လှည့်မကြည့်သူ၏ တရွေ့ရွေ့ဝေးကွာသွားသော ကျောပြင်ကိုကြည့်ကာ စေ့ခန္ဓာကိုယ်မှ အားအင်များ ဆုတ်ယုတ်လာကာ အရုပ်ကြိုးပြတ် ထိုင်ကျသွား၏။

နောက်ဆုံးအနေနှင့် တွေ့မြင်ရသည့် ကျောပြင်လေးသည် မျက်ရည်များကြား ဝိုးတဝါးနိုင်လွန်းလှသည်။ စေ မျက်ရည်များကို သုတ်ဖယ်ပစ်ကာ ချစ်ရသူပြန်လှည့်လာနိုး အားကိုးတကြီး မျှော်လင့်ရင်း မှိန်ပျပျသာမြင်ရတော့သည့် ကျောပြင်ကို ဖမ်းဆုပ်ရန် လက်လှမ်းကြိုးစားနေမိဆဲဖြစ်သည်။

"ခေတ်.. ကိုကိုတောင်းပန်ပါတယ်။ ခေတ်.. ကိုကို့ကို မမုန်းပါနဲ့.. ကိုကို တောင်းပန်ပါတယ်။ ခေတ်.. မသွားပါနဲ့ ခေတ်။ ပြန်လာခဲ့ပါ.. ကိုကို့ဆီပြန်လာပါ ခေတ်ရာ"

အင့်

ရှိုက်သံတစ်ချက်နှင့်အတူ အသိစိတ်တို့ ခန္ဓာကိုယ်သို့ ပြန်ရောက်လာပြီး ရုတ်တရက် လန့်နိုးသွားရသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မြင်ရသည်က ခေတ်အိပ်ခန်း၏ မျက်နှာကြက်ပြာပြာ..။ အခန်းထဲကိုကြည့်လိုက်တော့လည်း ခေတ်၏ အသုံးအဆောင်များကို တွေ့ရသည်။ ထိုမှသာ စေ မျက်လုံးမှိတ်ကာ သက်ပြင်းချနိုင်တော့သည်။

ဟင်း... တော်သေးတယ်.. အိပ်မက်မက်နေတာမလို့။

သို့သော် ခေတ်ရှိရာအရပ်ကိုတော့ မကြည့်ဝံ့၍ လက်ဖြင့်သာ စမ်းကြည့်လိုက်သည်။ လက်ချောင်းတို့သည် အနွေးဓာတ်မဲ့နေသည့် ခေါင်းအုံးကိုသာ ထိမိလေ၏။ အိပ်ရာတစ်ခြမ်း အေးစက်နေသည်မှာ နာရီအတော် ကြာခဲ့လေပြီ။

ထိတ်လန့်စိတ်ဖြင့် ငေါက်ခနဲထထိုင်ကာ မျက်လုံးကစား၍ ခေတ်ကို ရှာကြည့်သည်။ မတွေ့။ ရေချိုးခန်းထဲဝင်၍ ရှာသည်။ စာကြည့်ခန်းတွင် ရှာသည်။ ခေတ်ကိုယ်ပိုင်စတိုခန်းတွင် ရှာသည်။ အောက်ထပ်ဆင်း၍ ရှာသည်။ ဖိနပ်ပင်မစီးနိုင်စွာ တစ်အိမ်လုံးအနှံ့ ခေတ်ရှာပုံတော် ဖွင့်မိသည်။ သို့သော် ခေတ်၏ အရိပ်အယောင်မျှပင် မမြင်ရပေ။ ရင်တွင်းအပူတို့ တလျှံလျှံညီးနေလေပြီ။

ခိုနားရာ (Completed)Where stories live. Discover now