43

4K 332 62
                                    

Unicode

မေမေ့၏ ‘မိဘအိမ်ကို ပြန်ခဲ့ပါ။ နောက်မှ တစ်ခေါက်ပြန်သွားပေါ့' နှင့် ကိုကို့၏ 'အမြန်ဆုံးပြန်လာခေါ်မယ်' ဆိုသော ကတိစကားတို့ကြောင့် သတိုးခေတ်တစ်ယောက် Los Angeles လေကို ရှူရှိုက်မိရပြန်ပါပြီ။

မြန်မာနိုင်ငံမှ ထွက်လာရသည်မှာ နှစ်ကြိမ်ရှိပြီ။ နှစ်ကြိမ်လုံးတွင် ကိုကိုက သူ့ကို နှင်လွှတ်လိုက်သောကြောင့်သာ ဖြစ်သည်။ မသွားချင်သည့်သူ့ကို ကိုကိုက သူ့ကို နှင်လွှတ်ခဲ့သည်ချည်းသာ ဖြစ်သည်။ သူကတော့ ကိုကို့ကို ထားခဲ့၍ ထွက်မသွားချင်ပါ။ ကိုကိုနှင့် တစ်ကြိမ်တစ်ခါသော်မျှ မခွဲခွာချင်ခဲ့ပါ။ ကိုကိုနှင့် ခွဲခွာရန် ဆန္ဒ အလျဥ်းမရှိပါ။

လေဆိပ်သို့ ခြေချမိသည်နှင့် သားကိုလွမ်းနေသော မေမေက ပြေးပွေ့ဆီးကြို၏။

"မေမေ့သားလေး.. လွမ်းလိုက်ရတာ"

ဖေဖေကတော့ ကျောကို နှစ်ချက်သုံးချက်ပုတ်ကာ ‘အရပ်ရှည်လာတယ်’ ဟုသာ ဆိုသည်။

အိမ်ပြန်ရောက်သည်နှင့် အသင့်စောင့်ကြိုနေသော ဘိုးနှင့်ဘွားကို တွေ့ရ၏။

"ငါ့မြေးလေးပြန်လာပြီ.. ဘွားဆီလာပါဦး"

ဘွားဆီသွားကာ ပွေ့ဖက်လိုက်ပြီး ‘ဘွားကိုလွမ်းနေတာ’ ဆိုတော့ ‘လူလည်လေး စကားတွေတတ်လာတယ်' ဆိုကာ ကျောပြင်ကို အလွမ်းပိုစွာ ပွတ်သပ်ပြန်၏။ ဘိုးကတော့ ‘ဘိုးတောင်ဝှေးလေး ပြန်ရောက်လာပြီ' ဆိုကာ တပြုံးပြုံး ဖြစ်နေလေ၏။

မိသားစုနှင့် အလွမ်းသယ်ပြီးနောက် အနားယူရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။ အခန်းထဲသို့ရောက်သည်နှင့် နာရီကြည့်လိုက်တော့ နေ့လယ် ၁၂ နာရီအတိ။ မြန်မာပြည်တွင် ညဉ့်နက်နေလေပြီ။ သို့သော် သူ အိမ်ရောက်ကြောင်း မသိရမချင်း ကိုကိုကတော့ အိပ်ဦးမည်မဟုတ်။ ကိုကို့ဆီ ဖုန်းခေါ်လိုက်တော့ ချက်ချင်းကိုင်ရှာသည်။

"ကိုကို"

"ခေတ် အိမ်ရောက်ပြီလား။ လမ်းခရီး အဆင်ပြေရဲ့လား။ အိမ်ကို ချောချောမွေ့မွေ့ရောက်ရဲ့လား"

"အိမ်ကိုတော့ ချောချောမွေ့မွေ့ ရောက်ပါပြီ။ ဒါပေမဲ့ လမ်းခရီးမှာ နေလို့မကောင်းဘူး"

ခိုနားရာ (Completed)Where stories live. Discover now