55(Final)

10.7K 455 84
                                    

Unicode

စေ ဖုန်းပြောပြီး၍ အိပ်ခန်းထဲပြန်ဝင်လာချိန်တွင် ခေတ်သည် လက်ပ်တော့ပ်တစ်လုံးနှင့် အလုပ်ရှုပ်နေ၏။ စေ ကလေးငယ်နောက်တွင် ရပ်လိုက်ပြီး ကလေးငယ်ခေါင်းထက် မေးတင်လိုက်တော့ ကလေးငယ်သည် စေ့ကို မော့ကြည့်၏။ စေ ကလေးငယ်နဖူးထက် အနမ်းတစ်ပွင့်ခြွေလိုက်ပြီး ကလေးငယ်ဘေး ဝင်ထိုင်လိုက်သည်။

"မပြီးသေးဘူးလား"

"ပြီးတော့မှာ။ ဖုန်းက ဘယ်သူဆက်တာလဲ"

"ကျော်ထက်အောင်ပါ။ သူ့မိတ်ဆွေတစ်ယောက်ကို ပန်းချီကားလက်ဆောင်‌ပေးချင်လို့တဲ့။ မနက်ဖြန် လာမယ်လို့ လှမ်းပြောတာ"

ခေတ်သည် ပါးစပ်ကသာ ကိုကိုနှင့်စကားပြောနေပြီး မျက်လုံးအစုံကတော့ လက်ပ်တော့ပ်တွင်သာရှိနေ၏။ စေသည် အလုပ်ကို အပြည့်အဝ အာရုံစိုက်ထားသည့် ခေတ်မျက်နှာကို စိတ်ကျေနပ်မှုအပြည့်နှင့် ကြည့်နေသည်။

"ခေတ်.. သူရက ပြောနေတယ်"

"ဘာတဲ့လဲ"

"ဝန်ထမ်း‌တွေက ခေတ်ကိုမြင်ရင် ကြောက်လွန်းလို့ နေရာမှာတင် အေးခဲသွားမတက်ပဲတဲ့"

ဝန်ထမ်းများ၏ ရေခဲနတ်ဘုရားလေးသည် နှုတ်ခမ်းထောင့်စွန်းလေး ကော့တက်သွားသယောင်မျှသာ တုန့်ပြန်၏။

"ပြခန်းတာဝန်ခံကလည်း တိုင်နေတယ်။ ခေတ်က သူ့ကို ဆံပင်ဖြူအောင် လုပ်နေတယ်တဲ့။ ဘာတွေလုပ်လိုက်လို့လဲ"

"ဘာမှမလုပ်ပါဘူး။ ပြပွဲတွေက တစ်ခါလာလည်း ဒါပဲ၊ တစ်ခါလာလည်း ဒါပဲ၊ ထပ်နေပြီလို့၊ စိတ်ဝင်စားစရာလည်း မကောင်းဘူး၊ အသစ်အဆန်းလေး ဖန်တီးပါဦးလို့ပဲ ပြောလိုက်တာ။ သူ့ဆံပင် ကျွန်တော် ဆေးမဆိုးပါဘူး"

"ပြီးတော့ Mr.Lee ကလည်း..."

"တော်တော့ဗျာ.. သူတို့ပြောတာ ဂရုမစိုက်နဲ့။ သူတို့က ကိုကိုက သဘောကောင်းတိုင်း သက်သက်မဲ့ ညည်းပြနေတာ"

ခေတ်သည် စကားပြောရင်း ကိုကို့ကို လက်မောင်းနှစ်ဖက်ကြား ပွေ့ဖက်လိုက်၏။ ထို့နောက် ကိုကို့လည်တိုင် မျက်နှာဝှက်ကာ...

"သူတို့ပြောတာ ဂရုမစိုက်နဲ့။ ကျွန်တော့်ကိုပဲ ဂရုစိုက်"

"ဟုတ်ပါပြီ။ ဒါပေမဲ့ ဝန်ထမ်းတွေအပေါ်လည်း လျှော့ပါဦး။ ဝန်ထမ်းအငယ်လေးတွေဆို ခေတ်ကိုမြင်တာနဲ့ တကယ်ကြောက်နေပြီ"

ခိုနားရာ (Completed)Where stories live. Discover now