8

7.6K 726 94
                                    

Unicode


"ကိုစေရေ.. ကိုစေ.. ကိုခေတ် ရန်ဖြစ်နေပြီ"



အမောတကောအပြေးလာပြောသည့် ကလေးတစ်ယောက်ကြောင့် စေ ထိတ်လန့်သွားရသည်။ ခေတ်က အခုဆို ကိုးတန်းကျောင်းသားဖြစ်နေပြီ။ ကျူရှင်ကို အိမ်တွင် ဆရာခေါ်သင်ပေးမည်ဆိုသည်ကို လက်မခံဘဲ သူငယ်ချင်းများနှင့် အပြင်ကျူရှင်တက်သည်။ ပြီးလျှင် ရန်ဖြစ်သည်။



ခေတ်က ဂျစ်ကန်ကန်.. ပေါင်းနေသည့် ဇေသူရိန်နှင့် နေမခဆိုသည်မှာလည်း ထိုနည်းလည်းကောင်းလေးတွေ။ သူတို့ကို မျက်လုံးလေးနှင့် ကြည့်လျှင်တောင် ဆွဲထိုးချင်နေကြသည့် သွေးဆာနေသော ကျားပေါက်လေးတွေ။ မိဘတွေကလည်း ချမ်းသာ.. သုံးယောက်လုံးကလည်း တစ်ဦးတည်းသောသားတွေဖြစ်တာကြောင့် အလိုလိုက်ခံထားရသူများဖြစ်၍ ဆိုးချင်တိုင်း ဆိုးနေကြတော့သည်။ ငယ်ငယ်က ကရာတေးသင်တန်းတွင်တွေ့ပြီး ခင်မင်လာကြသည့် ယုန်ပေါက်ကလေးသုံးကောင်မှာ ယခုတော့ ကျားပေါက်ကလေးများအသွင် ဆောင်ချင်နေကြပြီ။



ခေတ်ရန်ဖြစ်တိုင်း လူကြီးတွေ သိအောင်တစ်မျိုး မသိအောင်တစ်မျိုး လိုက်ရှင်းရသူက စေ။ ယနေ့သည် တနင်္ဂနွေနေ့ဖြစ်၍ သူလည်း အားနေသောကြောင့် ကျူရှင်ကို ကိုယ်တိုင်လိုက်ပို့ပါ့မည်ဆိုသည်ကို လက်မခံ။ ကျူရှင်ချိန်ထက် တစ်နာရီစောထွက်သွားခြင်းကြောင့်လည်း စိတ်ထဲ မသင်္ကာဖြစ်မိသေးသည်။ ယခုတော့ သိရပါပြီ။



"ဘယ်မှာလဲ"



"လမ်းထိပ်က ပန်းခြံမှာ ကိုခေတ်တို့..."



ထိုက‌လေး၏စကား ဆုံးအောင်မစောင့်နိုင်။ ဆိုင်ကယ်သော့ကို ဆွဲပြီး ပြေးထွက်လာရာ အိမ်အပြင်ရောက်မှ လှမ်းမေးရသေးသည်။


စေတို့လမ်းထိပ်တွင် ပန်းခြံအသေးလေးတစ်ခုရှိသည်။ ငယ်စဥ်ကတော့ ထိုပန်းခြံထဲတွင် စေက ခေတ်ကိုတင်ကာ စက်ဘီးပတ်စီးလျှင် မာမီနှင့် မေနန်းက စောင့်ပေးရပြီး ယခုတော့ ခေတ် စကိတ်စီးချင်လျှင် စေက လိုက်စောင့်ပေးရသည်။ ခေတ်ကိုစောင့်ပေးရင်း သူလည်း ပန်းခြံထဲ ဘတ်စကက်ဘောလာကစားသည့်အဖွဲ့များတွင် ဝင်ကစားဖြစ်သည်။

ခိုနားရာ (Completed)Where stories live. Discover now