35

4.5K 425 125
                                    

Unicode

"ကိုကို.. မေးစရာရှိတယ်"

တစ်နေ့ခင်းနှင့် တစ်ညနေလုံး ငြိမ်နေသည့်ခေတ်သည် ထုံးစံအတိုင်း ညရောက်လျှင်တော့ ဟန်မဆောင်နိုင်တော့ပြီ။ မည်သည့်အချိန်မေးလာမည်မသိသော်လည်း ခေတ်မေးမည့်မေးခွန်းကိုတော့ စေလည်း မျှော်လင့်ထားပြီးဖြစ်သည်။

"နေ့လယ်ကလာတဲ့ မမှုံနံ့သာနဲ့ ကိုကိုနဲ့ ဘယ်လိုပတ်သက်တာလဲ"

"မိတ်ဆွေတွေပါဆို"

စေ စာအုပ်ဖတ်ရင်း ဟန်မပျက် ပြန်ဖြေလိုက်သည်။

"မိတ်ဆွေကလည်း မီးဖိုချောင်ထိပါ ရောက်တယ်"

"မာမီလွှတ်လိုက်တာလို့ သူမပြောဘူးလား"

"ကိုကို မဝင်ခိုင်းရင် ရတာပဲလေ။ ရိုးရိုးမိတ်ဆွေတွေရော ဟုတ်ရဲ့လား"

"ဟုတ်ပါတယ်..ခေတ်ရ"

ခေတ် ကိုကို့ရှေ့သွားလိုက်ပြီး စားပွဲပေါ် ထိုင်လိုက်သည်။ ကိုကို့မျက်နှာရှေ့မှ စာအုပ်ကို ဖယ်လိုက်သည်။ ထို့နောက် ခေတ်ကို ပြုံးကြည့်နေသော ကိုကို့မျက်လုံးများထဲ၌ အဖြေရှာကြည့်သည်။

စေ့မျက်ဝန်းများပြုံးလာလေလေ.. ခေတ် ပို၍ အနီးကပ်တိုးကြည့်လေလေ... စေ့နှုတ်ခမ်းသားတို့ ပြုံးလာလေလေ.. ခေတ်နှုတ်ခမ်းတို့ တင်းတင်းစေ့သွားလေလေ...

Ring Ring Ring

ခေတ်ဖုန်းမှ အသံမြည်လာ၍ ခေတ် ထသွားရသည်။ ခေတ်ဖုန်းပြောနေချိန် စေသည်လည်း ရေချိုးခန်းဝင်လိုက်သည်။

စေရေချိုးခန်းထဲမှ ပြန်ထွက်လာချိန် မြင်လိုက်ရသည်က ကုတင်ပေါ်တွင် ခေါင်းငိုက်စိုက်ကျနေသည့် ခေတ်။ စေ ခေတ်ရှေ့သို့ သွားရပ်လိုက်သော်လည်း ကလေးငယ်က ခေါင်းမော့မလာပေ။

"ခေတ်"

ခေါင်းငုံ့ထားမြဲကလေးငယ်ကြောင့် စေ ခေတ်ရှေ့ ဒူးထောက်ချလိုက်သည်။ သူ့ကလေးခေါင်းငုံ့ထားရသည့် အကြောင်းအရင်းကို သိပါပြီ။ ရှိုက်သံမထွက်၊ ပခုံးသားလေး တစ်ချက်မလှုပ်သည့် ကလေးငယ်သည် အံ့ကြိတ်၍ နှုတ်ခမ်းကိုက်ထားသည်။ မျက်ရည်တို့က ပါးပြင်ထက် စီးကျနေသည်။ စေ စီးကျနေသည့် ကလေးငယ်၏ မျက်ရည်များကို သုတ်ဖယ်ပေးရင်း...

ခိုနားရာ (Completed)Where stories live. Discover now