1

21K 1.1K 84
                                    

Unicode


"သားရေ သား တည်မြဲစေ"



ဒေါ်ထက်ထက်လှိုင်တစ်ယောက် သားကို လိုက်ရှာနေတာ တစ်အိမ်လုံးနှံ့နေပြီ။



"ဒီကလေး ဘယ်သွားနေလဲ မသိဘူး။ စောစောကပဲ ဧည့်ခန်းထဲမှာ ကာတွန်းကားထိုင်ကြည့်နေသေးတယ်။ သူရေခဲမုန့်စားချင်တယ်ဆိုလို့ သွားယူတုန်းခဏ အခု ပျောက်သွားပြီ။



... သားရေ.. တည်မြဲစေ ဘယ်မှာလဲ.. မာမီရှာနေတယ်။ ဦးအေး သားစေကို တွေ့မိသေးလား"



"စောစောကတော့ ခြံထဲမှာ တွေ့လိုက်တယ် မမလေး။ ကျွန်တော်လိုက်ရှာပေးရမလား"



"ရတယ် ရတယ်၊ လုပ်စရာရှိတာလုပ်။ ကျွန်မပဲ ရှာလိုက်မယ်"



ဟော... တွေ့ပါပြီ။



ခြံတံခါးက လူဝင်ပေါက်လေးကိုဖွင့်ပြီး ခြံထောင့်နားသွားကာ မျက်စောင်းထိုးခြံကို လှမ်းကြည့်နေသော သားတော်မောင်။ မျက်စောင်းထိုးခြံမှာ လူသစ်တွေ ပြောင်းလာကြပုံပင်။ ထိုခြံတွင် ယခင်က လူမနေသောကြောင့် ခြံတံခါး၊ အိမ်တံခါး အမြဲပိတ်ထားတတ်သည်။ လွန်ခဲ့သည့်တစ်ပတ်လောက်ကမှ အိမ်ရှင်အသစ်တွေ ပြောင်းလာကြတော့မည်ဆိုကာ သန့်ရှင်းရေးလာလုပ်တာတော့ တွေ့ဖူးသည်။ ကြည့်ရတာ သည်နေ့ပဲ ပြောင်းလာကြသည့်ပုံ။ ဒါကို သားက စိတ်ဝင်တစား လှမ်းကြည့်နေသည်။ ကလေးဆိုတော့လည်း စပ်စုချင်တာဖြစ်ပါလိမ့်မည်။



"သားလေး သူများတွေ အိမ်ပြောင်းလာတာ ဘာများ အထူးတဆန်းပါလို့ ဒီလောက်စိတ်ဝင်တစား ကြည့်နေတာလဲ"



"မာမီ မာမီ အဲဒီအိမ်ကိုပြောင်းလာတဲ့အန်တီက ဗိုက်ကြီးကြီးနဲ့ဗျ"



"ဟုတ်လား။ သားက အဲဒီအန်တီကို ကြည့်ချင်လို့လား"



"မဟုတ်ပါဘူး။ အဲဒီအန်တီကို ကြည့်ချင်လို့မဟုတ်ဘူး။ သား စဉ်းစားနေတာ.. မာမီလည်း ဘာလို့ ဗိုက်မကြီးသေးတာလဲလို့။ မာမီ မြန်မြန်ဗိုက်ကြီးတော့ဗျာ"



"ဟောတော့် ဒီကလေး ဘာတွေပြောနေတာလဲ"



"ဟုတ်တယ်လေ။ မာမီ မြန်မြန်ဗိုက်ကြီး..၊ ပြီးရင် သားအတွက် ညီလေးမွေးပေး.. ဒါပဲ"

ခိုနားရာ (Completed)Where stories live. Discover now