20

5.2K 503 60
                                    

Unicode

ပင်လယ်အငွေ့အသက်ရနေသော ခြောက်ပေပတ်လည်အမွှေးပွကော် ဇောလေးပေါ်တွင် နန်းသူဇာသည် ကလေးနှစ်ယောက်ကို နံနက်စာ နန်းကြီးသုပ်ကျွေးနေသည်။ ကလေးနှစ်ယောက်ဟုဆိုသော်လည်း သုံးနှစ်အရွယ်ကလေးကိုသာ ခွံ့ကျွေးနေရခြင်းဖြစ်ပြီး ရှစ်နှစ်အရွယ်ကလေးလေးကတော့ ကိုယ်တိုင်စားနေခြင်းဖြစ်သည်။

"ခေတ်ရေ.. ဖေဖေရုံးသွားတော့မယ်။ အားသွင်းပေးပါဦး"

ဖေဖေက ကော်ဇောပေါ် ဒူးထောက်ထိုင်ချတော့ ခေတ်ကလေးက ဖေဖေ့ဆီသို့ လာရှာသည်။ ထို့နောက် ဖခင်အား လည်ပင်းမှသိုင်းဖက်သည်။ ထို့နောက် ပါးနှစ်ဖက်အား အာဘွားပေးသည်။ ဤသည်ကလည်း သားစေသင်ပေးထားသည့် ခေတ်၏ အားသွင်းနည်းပါပင်။

"မေနန်း.. သားကိုထည့်ပေး"

သားစေ ပြုံးစိစိလုပ်ကာ ခေတ်ကြားစေရန် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ ခေတ် ဖခင်အား ဖက်နေရာမှ ခေါင်းလှည့်ကြည့်လာပြီး...

"မေမေ.. ဘာလို့ ကိုကို့ကို ထည့်ပေးတာလဲ"

"ဘယ်မှာထည့်ပေးလို့လဲ"

"ထည့်ပေးပါတယ်"

"မထည့်ပေးပါဘူးဆို"

"စောစောက ထည့်ပေးတာ သားမြင်လိုက်တယ်"

အင်္ကျီဗိုက်နားကို လက်ဖြင့်ရစ်ကာ နှုတ်ခမ်းစူနေသော ခေတ်...။

"အေး မြင်လိုက်တယ်ဆိုကတည်းက ပလီနေပြီ"

တကယ်လည်း နန်းသူဇာ သားစေကို ဘာမျှထည့်မပေးပါ။ သားစေက ခေတ်အား စ,လိုက်ခြင်းသာ ဖြစ်သည်။ ဤသည်ကို ကြားကာ တကယ်ထည့်ပေးသည်အထင်နှင့် ရန်လုပ်နေသော ခေတ်ပါလေ။

အတိတ်တွေက အရိပ်တစ်ဖန်ထင်တော့ မျက်စိရှေ့မှ နန်းကြီးသုပ်က စေ့နှုတ်ခမ်းတို့ထက် အပြုံးတစ်ပွင့် ဖန်ဆင်းသည်။

ခေတ်.. ကိုကို့ကို သတိမရဘူးလား။ ကိုကိုကတော့ ခေတ်ကို လွမ်းတယ်။

မည်မျှပင်လွမ်းနေပါစေ.. အလွမ်းတွေကို ထုပ်ပိုးလို့ ချစ်ရသည့်ညီလေးကို ပြန်ခေါ်နိုင်ရန် ကြိုးပမ်းရဦးမည်။ ခေတ်လက်ညှိုးညွှန်ရာ ရေဖြစ်စေရန်၊ ခေတ်အတွက် အကောင်းဆုံးတွေကိုသာ ပေးဆပ်နိုင်ရန် သူ အလုပ်ကြိုးစားရမည်။

ခိုနားရာ (Completed)Where stories live. Discover now